ပရီးမီးယားလိဂ်နှင့် စီးရီးအေတို့မှ ကမ်းလှမ်းမှုများအား စပိန်ကွင်းလယ်လူ အစ္စကိုစောင့်ဆိုင်းနေ

ပရီးမီးယားလိဂ်နှင့် စီးရီးအေတို့မှ ကမ်းလှမ်းမှုများအား စပိန်ကွင်းလယ်လူ အစ္စကိုစောင့်ဆိုင်းနေ
Photo : Getty Images
Photo : Getty Images
Published 6 February 2023

ဗလင်စီယာ၊ မာလာဂါ၊ ရီးယဲလ်မက်ဒရစ်နှင့် ဆီဗီလာအသင်းတို့တွင် ကစားခဲ့သည့် စပိန်လက်ရွေးစင်ကွင်းလယ်လူဟောင်း အစ္စကိုသည် ပရီးမီးယားလိဂ်နှင့် စီးရီးအေတို့မှ ကမ်းလှမ်းမှုများကို စောင့်ဆိုင်းနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ အစ္စကိုသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဆီဗီလာအသင်းမှထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ၎င်းအနေဖြင့် ဇန်နဝါရီအပြောင်း အရွှေ့ကာလပြီးဆုံးသွားခဲ့သော်လည်း အလွတ်ခေါ်ယူမှုဖြင့် အသင်းပြောင်းရွှေ့ ခွင့်ရှိနေသူဖြစ်သည်။

အစ္စကိုသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းက ဂျာမန်ကလပ် အူန်ယွန်းဘာလင်အသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်ခဲ့သော်လည်း အဆုံးသတ်တွင်အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အစ္စကိုအားခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းမှ စိတ်ဝင်စားနေပြီး ကစားသမားအနေဖြင့်လည်း ပရီးမီးယားလိဂ် (သို့မဟုတ်) စီးရီးအေသို့သာပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent