အမှတ်ပေးဇယားထိပ်ဆုံးတွင် အမှတ်ဖြတ်ဦးဆောင်နေသော်လည်း လာလီဂါချန်ပီယံဆုအတွက် မိမိတို့ရေပန်းစားနေသည်ဟု မခံစားရကြောင်း ဇာဗီဆို

အမှတ်ပေးဇယားထိပ်ဆုံးတွင် အမှတ်ဖြတ်ဦးဆောင်နေသော်လည်း လာလီဂါချန်ပီယံဆုအတွက် မိမိတို့ရေပန်းစားနေသည်ဟု မခံစားရကြောင်း ဇာဗီဆို
Photo: AFP
Photo: AFP
Published 6 February 2023

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက မိမိတို့အသင်းအနေဖြင့် လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် အမှတ်ဖြတ်ဦးဆောင်နေသော်လည်း ချန်ပီယံဆုအတွက် ရေပန်းစားနေသည်ဟု မခံစားရကြောင်း စပိန် အားကစားသတင်းစာ Marca သို့ဖြေကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါပွဲစဉ် (၂၀) ယှဉ်ပြိုင်ကစားပြီးချိန်တွင် ရမှတ် (၅၃)မှတ်အထိရရှိထားပြီး လက်ရှိချန်ပီယံဖြစ်သည့် မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ် (၄၅ မှတ်)ကို (၈)မှတ်အထိ အသာရကာ အမှတ်ပေးအဆင့် (၁)နေရာတွင် ရပ်တည်လျက်ရှိနေသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီ လာလီဂါချန်ပီယံဆုအားရယူနိုင်ရန် ရေပန်းစားမှုများ အဆမတန်မြင့်တက်လာခဲ့ပြီး ယင်းကဲ့သို့ အခြေအနေများအပေါ် ဇာဗီက ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

လာလီဂါချန်ပီယံဆုရေပန်းစားမှုနှင့်ပတ်သက်ပြီး ဇာဗီက "ကျွန်တော့်အနေနဲ့ ကျွန်တော်တို့အသင်းဟာ လာလီဂါချန်ပီယံဆုအတွက်ရေပန်းစားတဲ့အသင်းလို့ မခံစားရပါဘူး။  ကျွန်တော်တို့ဟာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေတဲ့အသင်းတစ်သင်းလို့ ပဲခံစားမိပါတယ်။ ကျွန်တော်တို့အနေနဲ့ လာလီဂါနဲ့ ချန်ပီယံလိဂ်လက်ရှိချန်ပီယံအသင်း (ရီးယဲလ်အားရည်ညွှန်း) နဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပြီး၊ ကျွန်တော်တို့အားလုံး လာလီဂါချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိကို တိုက်ပွဲဝင်သွားမှာပါ။ ရီးယဲလ်ဟာ အမြဲတမ်း အားကောင်းနေတဲ့အသင်း တစ်သင်းလို့ပဲ ကျွန်တော်မြင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဇာဗီသည် ဘာစီလိုနာအသင်းနှင့်အတူ စပိန်စူပါဖလားချန်ပီယံဆုကို ရယူထားနိုင်ခဲ့သည်။

Most Read

Most Recent