သွင်းကုန်လိုင်စင်/ပါမစ်မရရှိဘဲ ကုန်ပစ္စည်းများ ကြိုတင်တင်သွင်းလာပြီးမှ စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြခြင်းမပြုလုပ်ရန် လုပ်ငန်းရှင်များသို့ အသိပေးချက်ထုတ်ပြန်ခဲ့ခြင်း

သွင်းကုန်လိုင်စင်/ပါမစ်မရရှိဘဲ ကုန်ပစ္စည်းများ ကြိုတင်တင်သွင်းလာပြီးမှ စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြခြင်းမပြုလုပ်ရန် လုပ်ငန်းရှင်များသို့ အသိပေးချက်ထုတ်ပြန်ခဲ့ခြင်း
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 5 February 2023

သွင်းကုန်လိုင်စင်/ပါမစ်မရရှိဘဲ ကုန်ပစ္စည်းများ ကြိုတင်တင်သွင်းလာပြီးမှ စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြခြင်း မပြုလုပ်ရန် အသိပေးချက်ထုတ်ပြန်

သွင်းကုန်လိုင်စင်/ပါမစ်မရရှိဘဲ ကုန်ပစ္စည်းများ ကြိုတင်တင်သွင်းလာပြီးမှ စီးပွား/ကူးသန်းဝန်ကြီးဌာနသို့ တင်ပြခြင်းမပြုလုပ်ကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က အသိပေးချက်ထုတ်ပြန်ထားသည်။

သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိစေရ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် (၅၀/၂၀၂၀)ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာဌာနများ ၏ သွင်းကုန်လိုင်စင်/ပါမစ်/ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးကြေညာချက်ကို ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်၊ ရက်စွဲပါ သတင်းလွှာ (၆/၂၀၂၂ )ဖြင့် အသိပေးထားရှိပြီးဖြစ်သည်။

သို့ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်လိုင်စင်/ပါမစ်မရရှိဘဲ ကုန်ပစ္စည်းများ ကြိုတင် တင်သွင်းခြင်းမပြုကြရန်နှင့် မိမိအစီအစဉ်ဖြင့် သွင်းကုန်လိုင်စင်/ ပါမစ် မရမီ ကြိုတင်တင်သွင်းလာပြီးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြခြင်းများ မပြုလုပ်ကြရန် အသိပေးထားသည်။

အသိပေးကြေညာချက်များအား လျစ်လျူရှုပြီး လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိဘဲ တင်သွင်းရောက်ရှိလာသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဖြေလျှော့ပေးခြင်းကို လုံးဝဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ထပ်မံ အသိပေးထားခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ကုန်ပစ္စည်းတင်ဆောင်မည့်ယာဉ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရမည်

နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့ရာတွင် ကုန်ပစ္စည်းတင်ဆောင်မည့်ယာဉ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရန် ကုန်သွယ်ရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ထားသည်။

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ ပဲမျိုးစုံ၊ပြောင်း၊ နှမ်းနှင့်မြေပဲတင်ပို့ခြင်းကို စနစ်တကျကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်လိုင်စင် ရရှိပြီးသည့် ကုန်ပစ္စည်းများ သယ်ဆောင်သော ပို့ကုန်ယာဉ်များအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (မျှော) ကို ကြိုတင်ရယူပြီးမှသာ သယ်ဆောင်ခွင့်ပြုလျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုထုတ်ပေးမည်ဖြစ်သည်။ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အထက်အပိုဒ် ၁ ပါ ကုန်ပစ္စည်း အပါအဝင် ပို့ကုန်ပစ္စည်းအားလုံးအတွက် လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာတွင် တင်ပို့မည့် ကုန်ပစ္စည်းများအတွက် နယ်စပ်ပို့ကုန်လိုင်စင်ကို Myanmar Tradenet 2.0 စနစ်တွင် ဦးစွာလျှောက်ထားရမည်ဖြစ်ကြောင်း၊ နယ်စပ်ပို့ကုန်လိုင်စင်ရရှိပြီးသည့်အခါ  ပို့ကုန် တင်ပို့မည့်ယာဉ်များ၏ အချက်အလက်များကို https://vehicle.myanmartradenet.com (Vehicle Monitoring System) တွင် ဖြည့်သွင်း လျှောက်ထားရန်ဖြစ်ကြောင်း၊ လျှောက်ထားမှုအပေါ် လိုအပ်သည့် အချက်အလက်များအား တာဝန်ရှိ ဝန်ထမ်းများက စိစစ်ပြီးသည့်အခါ  QR Code ပါဝင်သည့် ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ထုတ်ပေးမည် ဖြစ်ကြောင်း၊ လိုင်စင်လျှောက်ထားရန်မလိုသော ကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းသယ်ဆောင်ခွင့် ကို တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပို့ကုန်ပစ္စည်းသယ်ဆောင်သည့် ယာဉ်များသည် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်စည်စစ်ဆေးရေးဂိတ်များရှိ တာဝန်ကျ ဝန်ထမ်းများထံသို့ အဆိုပါ QR Code ကို ပြသ၍စစ်ဆေးမှုခံယူရမည်ဖြစ် ကြောင်း၊ QR Code ပြသစစ်ဆေးခံနိုင်ခြင်းမရှိသည့်ယာဉ်များအား သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ ဆက်လက်ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း၊ အဆိုပါယာဉ်များ အနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို Online မှပြန်လည်လျှောက်ထားပြီး QR Code ရရှိပြီးမှသာ ဆက်လက်ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းမှ ကြိုတင်လျှောက်ထားရယူရမည် ဖြစ်ကြောင်း၊ အဆိုပါစနစ်ဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်းများတွင် စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ စမ်းသပ်ကာလအတွင်း အခကြေးငွေ ကောက်ခံခြင်းမပြုဘဲ ခွင့်ပြုသွားမည်ဖြစ်သည်။

ကုန်ပစ္စည်းသယ်ဆောင်ခွင့် (QR Code) ရရှိပြီးမှသာ ကုန်ပစ္စည်း တင်ပို့ခွင့်ပြုသည့် စနစ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်၍ အပြည့်အဝ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါရက်မှစတင်ကာ ယာဉ်တစ်စီးလျှင် ကျပ် ၅၀၀၀ နှုန်း ကောက်ခံသွားမည်ဖြစ်သည်။

ချင်းရွှေဟော်နယ်စပ်တွင် ယာဉ်မောင်းအစားထိုး (ရှန်တိန်ယာဉ်မောင်း) လဲလှယ်ခြင်း မပြုတော့ဘဲမြန်မာ့ကြံတင်ယာဉ်မောင်းများအား တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ခွင့်ပြု  

ချင်းရွှေဟော်နယ်စပ်တွင် ယာဉ်မောင်း အစားထိုး (ရှန်တိန်ယာဉ် မောင်း) လဲလှယ်ခြင်း မပြုတော့ဘဲ မြန်မာ့ကြံတင်ယာဉ်မောင်းများအား တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ခွင့်ပြု လိုက်ကြောင်း ချင်းရွှေဟော်နယ် စပ် ကုန်သွယ်ရေးစခန်းမှ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ မိန်းတိန်မြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်တားဆီးရေးအစီအစဉ် (နဝမအကြိမ်) ထုတ်ပြန်ချက်အရ မိန်းတိန် ချင်းရွှေဟော်နယ်စပ်ဂိတ်၏ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ပြင်ဆင်ပြောင်းလဲ ဖြေလျှော့သွားမည့်အစီအစဉ်တွင် နယ်စပ်ဂိတ်၌ ယာဉ်မောင်းအစားထိုး (ရှန်တိန် ယာဉ်မောင်း) လဲလှယ်ခြင်းများ မပြုလုပ်တော့ကြောင်း သိရသည်။

သို့ရာတွင် နှစ်နိုင်ငံ လူအဝင်/အထွက် ခွင့်ပြုထားခြင်း မရှိသေးသည့်အတွက် ယာဉ်မောင်းများသည် ယခင်စနစ်အတိုင်း နမ့်ဖာဟော်တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင်ခဲ့ရကြောင်း သိရသည်။

မိန်းတိန် ချင်းရွှေဟော်ဂိတ် ဆောက်လုပ်ရေးနှင့် စီမံကြီးကြပ်ရေးကော်မတီမှ လူဝင်လူထွက်ရေးကိစ္စ ဘက်စုံပြန်လည် မဖော်ဆောင်မီကာလအတွင်း မြန်မာဘက်မှ ကြံ တင်ယာဉ်မောင်းများအား တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ခွင့် ဦးစားပေး စမ်းသပ်ဆောင်ရွက်လိုကြောင်း အကြောင်းကြားခဲ့သည်။၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံဘက်ခြမ်းမှ လင်ချန်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန် ပြည်ပဆက်ဆံရေးဌာနမှူး၊ မိန်းတိန်ဂိတ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ မိန်းတိန်ဂိတ် အကောက်ခွန်ဌာနအဖွဲ့ခေါင်းဆောင်တို့ ပါဝင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဘက်ခြမ်းမှ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး၊ ချင်းရွှေဟော်မြို့ အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊ ချင်းရွှေဟော်နယ်စပ်စစ်ဆေးရေးစခန်း တာဝန်ခံ လူဝင်မှုကြီးကြပ်ရေးမှူး ဦးနိုင်ဝင်းဇော်၊ ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေးမှူး ဦးရှာမွေလခွန်းတို့ ပါဝင်သောအဖွဲ့နှင့် နှစ်နိုင်ငံနယ်စပ် နမ့်ဖာဟော်တံတားပေါ်တွင် တွေ့ဆုံပြီး နံနက် ၁၀ နာရီခွဲမှစ၍ မိန်းတိန် ချင်းရွှေဟော်နယ်စပ် ဂိတ်ပေါက်တွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကြံတင်ယာဉ်မောင်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကိန်းမခရိုင် မိန်းတိန်မြို့ရှိ နန့်ဟွာသကြားစက်ရုံသို့ တိုက်ရိုက် မောင်းနှင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

MSME ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ကုန်သည်စက်မှုအသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကုန်သည်စက်မှုအသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

အဆိုပါ MoU ကို ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် ဧရာဝတီဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမင်းဝင့်ဦးတို့  လက်မှတ်ရေးထိုးခဲ့ကြပြီး နိုင်ငံအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာလည်ပတ်နိုင်စေရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံစီးပွားရေး ပြန်လည်ရှင်သန်လာခြင်းကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ရေးထိုးခဲ့ကြသည်။

MoUတွင် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းများ (Networking)  များ တိုးချဲ့တည်ဆောက်ပေးခြင်း၊ Workshop, Seminar များ ကျင်းပပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖြန့် ဝေပေးခြင်း စသည်များ) ပူးပေါင်း ဆောင်ရွက်ရန်၊ နှစ်ဦးနှစ်ဘက် ညှိ နှိုင်းသဘောတူညီချက် များနှင့်အညီ MSMEလုပ်ငန်းများ စတင်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သည့် ချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဝန်းအဝိုင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို ထိရောက်စွာ အသုံးပြု၍ မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး အပြန်အလှန် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ရန် စသည်တို့ ပါဝင်ကြောင်း သိရသည်။

MSME လုပ်ငန်းများ၏ မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှု၌ ၉၉ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိပြီး နိုင်ငံ၏ GDP တွင် အရေးကြီးသောအခန်းကဏ္ဍမှ ရပ်တည်လျက်ရှိသဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးလျက်ရှိသည်။

Most Read

Most Recent