လာမည့်ကာလများတွင် ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများ ပြန်လည်ဦးမော့လာနိုင်ပြီး AMATA အနေဖြင့် ဟိုတယ်များဖွင့်လှစ်ခြင်း၊ လူစီးမီးပုံးပျံ ပျံသန်းခြင်းကို ပုဂံသာမက အခြားဒေသများ၌ပါ တိုးချဲ့နိုင်ရန်ဆောင်ရွက်လျက်ရှိ

လာမည့်ကာလများတွင် ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများ ပြန်လည်ဦးမော့လာနိုင်ပြီး AMATA အနေဖြင့် ဟိုတယ်များဖွင့်လှစ်ခြင်း၊ လူစီးမီးပုံးပျံ ပျံသန်းခြင်းကို ပုဂံသာမက အခြားဒေသများ၌ပါ တိုးချဲ့နိုင်ရန်ဆောင်ရွက်လျက်ရှိ
AMATA  အုပ်စုပိုင် ဟိုတယ်တစ်ခုကို တွေ့ရစဉ်
AMATA  အုပ်စုပိုင် ဟိုတယ်တစ်ခုကို တွေ့ရစဉ်
Published 5 February 2023

လာမည့်ကာလများတွင် မမျှော်နိုင်သောအခြေအနေများဖြစ်ပေါ်သည်မှအပ ခရီးသွားလုပ်ငန်းဆိုင်ရာကဏ္ဍများ ပြန် လည်ဦးမော့လာနိုင်ပြီး AMATA အနေဖြင့် ဟိုတယ်များဖွင့်လှစ်ခြင်း၊ လူစီးမီးပုံးပျံ ပျံသန်းခြင်းကို ပုဂံဒေသသာမက အခြားဒေ သများ၌အပါ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ AMATA (အ မတဟိုး(လ်)ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကထုတ်ပြန်ထားသည်။

AMATA ၏အဓိကဝင်ငွေသည် အပန်းဖြေဟိုတယ်များနှင့် လူစီးမီးပုံပျံဝန်ဆောင်မှု လုပ်ငန်းများမှ ရရှိခြင်းဖြစ်ပြီး ၂၀၂၂ ခု နှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသော နှစ်ဝက်ဘဏ္ဍာရေးကာလအတွင်း လုပ်ငန်းအနေဖြင့် ခရီးသွားလာမှုနည်းပါးသောကာ လများပါဝင်နေသည့်အားလျော်စွာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးကာလအား ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးကာလနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လုပ်ငန်းမှရရှိသောဝင်ငွေသည် ၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

အခြားဝင်ငွေ(other income) တိုးတက်လာခြင်း၏ အကြောင်းအရင်းမှာ ကြိုတင်ကောက်ခံရရှိထားသော အခန်းငှားရမ်း ခအချို့သည် လာရောက်တည်ခိုးခြင်းမရှိသည့်အတွက် လုပ်ငန်း၏ဝင်ငွေဖြစ်လာသောကြောင့်ဖြစ်သည်။

လုပ်ငန်း၏အခြားကုန်ကျစရိတ်များ (other expenses) မှ အချို့စရိတ်များဖြစ် သော စီမံရေးရာနှင့် အထွေထွေကုန်ကျစ ရိတ်များနှင့် sales and marketing ကုန်ကျစရိတ်များကို စိစစ်သုံးစွဲခဲ့သော်လည်း ကုမ္ပဏီ၏ ယခုဘဏ္ဍာရေးကာလတွင် စုစုပေါင်း  အသားတင်အမြတ်အစား အသားတင်အရှုံး မြန်မာကျပ်ငွေ ၆ ဒသမ ၃ ဘီလျံကျော် ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ပေါ်ပေါက်ခဲ့ရခြင်းမှာ ယခုတင်ပြသော ဘဏ္ဍာရေးကာလသည် ခရီးသွားလာမှုနည်းပါးသည့်ကာလဖြစ်သည့်အလျောက် လုပ်ငန်းဝင်ငွေကျဆင်းခဲ့ခြင်းနှင့် လစဉ်ငွေလဲလှယ်မှု သတ်မှတ်စျေးနှုန်းပြောင်းလဲမှုနှင့်အညီလိုက်၍ ပြန်လည်တန်ဖိုး သင့်ရသော နိုင်ငံခြားချေးငွေကြောင့် ပေါ်ပေါက်လာသည့် ငွေကြေးပြောင်းလဲဖော်ပြ ခြင်းအရှုံး(Unrealised Exchange Loss) ၄ ဒသမ ၄၈ ဘီလျံကြောင့်ဖြစ်ကြောင်း စသည်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှယ်ယာရှင်များ၏ စုစုပေါင်းပိုင်ဆိုင်ခွင့်များတွင် အစုရှယ်ယာမတည်ရင်းနှီးငွေ၊  ထိန်းသိမ်းထားရှိသောအမြတ်ငွေလက်ကျန် နှင့် ထိန်းချုပ်ထားခြင်းမရှိသော အကျိုးခံစားခွင့်တို့ ပါဝင်သည်။ ရှယ်ယာရှင်များ၏ စုစုပေါင်းပိုင်ဆိုင်မှုသည် ယခင်ဘဏ္ဍာရေး ကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ကုန်ဆုံးသော နှစ်ဝက်ဘဏ္ဍာရေးကာလတွင် ၂၁ ဒသမ ၄၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထိုသို့ ကျဆင်းရခြငး်၏ အဓိကအကြောင်းအရင်းမှာ လက်ရှိဘဏ္ဍာရေးကာလသည် Low Season အတွင်း ကျရောက်နေပြီး ခရီးသွားလာမှုနည်းပါးသည့်အတွက် လုပ်ငန်းဝင်ငွေကျဆင်းခဲ့ပြီး ငွေလဲလှယ်မှုစျေးနှုန်း ပြောင်းလဲမှုနှင့်အညီလိုက်၍ ပြန်လည်တန်ဖိုးသင့်ရမှုတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအနေဖြင့် လာမည့်ခရီးသွားရာတွင် လုပ်ငန်းအုပ်စု၏ ဝင်ငွေပိုမိုရရှိစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ ပြည် ပခရီးသွားဝင်ရောက်မှုနည်းပါးနေသေးသည့်အတွက် ပြည်တွင်းခရီးသွားများကို အဓိကဦးတည်သည့် အရောင်းမြှင့်တင်ရေးအ စီအမံများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်းနှင့် ပြောင်းလဲနေသော စီးပွားရေးအခြေအနေ၊ စျေးကွက်လိုအပ်ချက်များနှင့် ကိုက်ညီသော မဟာဗျူဟာများ ချမှတ်ခြင်းအစရှိသည့် ကြိုတင်ပြင်ဆင်မှုများကိုသာမက လုပ်ငန်းလည်ပတ်စရိတ်နှင့် အခြားစရိတ်စကများ လျော့ချခြင်းအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကိုပါ စီမံဆောင်ရွက်လျက်ရှိပြီး အစုရှယ်ယာရှင်များ၏ အနာဂတ်အကျိုးစီးပွားအတွက် အကောင်းဆုံး ပြင်ဆင်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent