ချင်းရွှေဟော်နယ်စပ်တွင် ယာဉ်မောင်းအစားထိုး (ရှန်တိန်ယာဉ်မောင်း) လဲလှယ်ခြင်းမပြုတော့ဘဲ မြန်မာ့ကြံတင်ယာဉ်မောင်းများကို တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ခွင့်ပြု

ချင်းရွှေဟော်နယ်စပ်တွင် ယာဉ်မောင်းအစားထိုး (ရှန်တိန်ယာဉ်မောင်း) လဲလှယ်ခြင်းမပြုတော့ဘဲ မြန်မာ့ကြံတင်ယာဉ်မောင်းများကို တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ခွင့်ပြု
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်
ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်
Published 5 February 2023

ချင်းရွှေဟော်နယ်စပ်တွင် ယာဉ်မောင်းအစားထိုး(ရှန်တိန်ယာဉ်မောင်း)လဲလှယ် ခြင်းမပြုတော့ဘဲ မြန်မာ့ကြံတင်ယာဉ်မောင်း များကို တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ခွင့်ပြုလိုက်ကြောင်း ချင်းရွှေဟော်နယ်စပ်ကုန် သွယ်ရေးစခန်းမှ ထုတ်ပြန်ချက်အရ သိရ သည်။

တရုတ်နိုင်ငံ မိန်းတိန်မြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်တားဆီးရေးအစီအစဉ် (နဝမအကြိမ်) ထုတ်ပြန်ချက်အရ မိန်းတိန်ချင်းရွှေဟော်နယ်စပ်ဂိတ်၏ ရောဂါကာကွယ် ရေးလုပ်ငန်းများအား ပြင်ဆင်ပြောင်းလဲ ဖြေလျှော့သွားမည့်အစီအစဉ်တွင် နယ်စပ်ဂိတ်၌ ယာဉ်မောင်းအစားထိုး (ရှန်တိန်ယာဉ်မောင်း) လဲလှယ်ခြင်းများ မပြုလုပ်တော့ကြောင်း သိရှိရသည်။

သို့ရာတွင် နှစ်နိုင်ငံ လူအဝင်/အထွက် ခွင့်ပြုထားခြင်း မရှိသေးသည့်အတွက် ယာဉ်မောင်းများသည် ယခင်စနစ်အတိုင်း နမ့်ဖာ ဟော်တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင်ခဲ့ရသည်။

မိန်းတိန်ချင်းရွှေဟော် ဂိတ်ဆောက်လုပ်ရေးနှင့် စီမံကြီးကြပ်ရေးကော်မတီမှ လူဝင်လူထွက်ရေးကိစ္စ ဘက်စုံပြန်လည်မဖော် ဆောင်မီကာလအတွင်း မြန်မာဘက်မှကြံတင် ယာဉ်မောင်းများအား တရုတ်ပြည်သို့ တိုက်ရိုက်ဝင်ခွင့်ဦးစားပေးစမ်းသပ် ဆောင်ရွက်လိုကြောင်း အကြောင်းကြားခဲ့သည်။၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီတွင် တရုတ်နိုင်ငံဘက်ခြမ်းမှ လင်ချန်းစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန် ပြည်ပဆက်ဆံရေးဌာနမှူး၊ မိန်းတိန်ဂိတ်လူဝင်မှုကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်၊ မိန်းတိန်ဂိတ်အကောက်ခွန်ဌာနအဖွဲ့ခေါင်းဆောင်တို့ပါဝင်သော အဖွဲ့နှင့်မြန်မာနိုင်ငံဘက်ခြမ်းမှ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး၊ ချင်းရွှေဟော်မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊ ချင်းရွှေဟော်နယ်စပ် စစ်ဆေးရေးစခန်းတာဝန်ခံ လူဝင်မှုကြီးကြပ်ရေးမှူး ဦးနိုင်ဝင်းဇော်၊ ချင်းရွှေဟော်မြို့လူဝင်မှုကြီးကြပ်ရေးမှူး ဦးရှာမွေလခွန်းတို့ ပါဝင်သောအဖွဲ့နှင့် နှစ်နိုင်ငံနယ်စပ်နမ့်ဖာဟော်တံတားပေါ်တွင် တွေ့ဆုံပြီး နံနက် ၁၀ နာရီခွဲမှစ၍ မိန်းတိန် ချင်းရွှေဟော်နယ်စပ်ဂိတ်ပေါက်တွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကြံတင်ယာဉ်မောင်းများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကိန်းမခရိုင် မိန်းတိန်မြို့ရှိနန့်ဟွာသကြားစက်ရုံသို့ တိုက်ရိုက်မောင်းနှင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ကုန်ပစ္စည်း တင်ပို့ရာတွင် ကုန်ပစ္စည်းတင်ဆောင်မည့်ယာဉ်များက ကုန်ပစ္စည်းသယ်ဆောင် ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရန် ကုန်သွယ်ရေးဦးစီးဌာနက ၂၀၂၃ ခု နှစ် ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ထားသည်။

Most Read

Most Recent