ရပ်ရှ်ဖို့ဒ်ကို အတုယူရန် အန်တိုနီအား နယ်သာလန်နှင့် အေဂျက်စ်ကစားသမားဟောင်း ဗန်ဒါဗတ် တိုက်တွန်း

ရပ်ရှ်ဖို့ဒ်ကို အတုယူရန် အန်တိုနီအား နယ်သာလန်နှင့် အေဂျက်စ်ကစားသမားဟောင်း ဗန်ဒါဗတ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 5 February 2023

 

နယ်သာလန်နှင့် အေဂျက်စ်ကစားသမားဟောင်း ဗန်ဒါဗတ်က မန်ယူတောင်ပံကစားသမား အန်တိုနီအား ရပ်ရှ်ဖို့ဒ်ကို အတုယူကြိုးစားရန်တိုက်တွန်းပြောကြားခဲ့သည်။ 

ပြီးခဲ့သည့်နွေတွင် အေဂျက်စ်မှ မန်ယူအသင်းထံသို့ ပေါင် (၈၅.၅)သန်းဖြင့် ပြေင်းရွှေ့လာခဲ့သည့် အန်တိုနီသည် ထင်သလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ဗန်ဒါဗတ်က "အန်တိုနီက ကစားသမားကောင်း တစ်ဦးဖြစ်ပေမဲ့ သူ့ကိုယ်သူ သက်သေမပြရသေးပါဘူး။ အခု မန်ယူမှာလည်း သူအများကြီးမလုပ်ပြရသေးပါဘူး။ သူ့အနေနဲ့ နှိမ့်ချပြီး ကိုယ့်အလုပ်ကို ကြိုးစားတဲ့ ရပ်ရှ်ဖို့ဒ်ကို အတုယူဖို့ လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent