မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ငတက်အိုင်ကျေးရွာ၌ ရာအိမ်မှူးတစ်ဦးနှင့် ငါန်းဇွန်မြို့နယ် မရိုးကုန်းကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ငတက်အိုင်ကျေးရွာ၌ ရာအိမ်မှူးတစ်ဦးနှင့် ငါန်းဇွန်မြို့နယ် မရိုးကုန်းကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 16 January 2023

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ငတက်အိုင်ကျေးရွာ၌ ရာအိမ်မှူးတစ်ဦးနှင့် ငါန်းဇွန်မြို့နယ် မရိုးကုန်းကျေးရွာတွင် အမျိုးသားတစ်ဦး ဇန်နဝါရီ ၁၄ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၄ ရက် နံနက် ၈ နာရီခွဲတွင် သပိတ်ကျင်းမြို့နယ်၊ ငတက်အိုင်ကျေးရွာနေ ရာအိမ်မှူး ဦးအောင်ဇော်(ခ) အောင်ဘု(၃၉ နှစ်)အား PDF များက သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးအောင်ဇော် (ခ) အောင်ဘုသည် ဇန်နဝါရီ ၁၃ ရက်ည ၆ နာရီခွဲတွင် ၎င်း၏နေအိမ်၌ရှိနေစဉ် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာနေသူများဖြစ်ပြီး PDF များဖြစ်သည့် အောင်မြင့်ဦး(ခ)ဖိုးအောင်(ခ) ဗိုလ်လင်းယုန််၊ အောင်အောင်၊ ဇော်ဇော်၊ အောင်မိုးဦးနှင့် ဖိုးကျော်(ခ) မိုးဒီ(ခ)ကျော်ဇော်အောင်တို့ ငါးဦးဦးဆောင်သည့် ၁၅ ဦးခန့် ရောက်ရှိလာပြီး နေအိမ်အတွင်းရှာဖွေကာ နေအိမ်အတွင်းမှ လက်ကိုင်ဖုန်းနှစ်လုံးနှင့် ငွေသုံးသိန်းကျပ်အား ယူဆောင်၍ ဦးအောင်ဇော်(ခ)အောင်ဘုအား လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ချောင်းသလဲကျေးရွာ အနီးအရောက်၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အလားတူ ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီခွဲတွင် ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းကျေးရွာနေ ဦးသောင်းမြင့် (၆၂နှစ်)သည် ကျေးရွာ၏အနောက်ဘက်ရှိ ၎င်းပိုင်တောင်ယာအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ပြီး ဦးသောင်းမြင့်တွင် နဖူးနှင့် ယာနားထင်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent