မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဟဲဟိုးခရီးစဉ်ကို ကျပ် ၁၆၅၀၀၀ မှစ၍ ရောင်းချပေးမည်ဖြစ်ပြီး ခရီးစဉ်ရှိသောနေ့ရက်နှင့် အချိန်ကို www.flymna.com တွင် ဝင်ရောက်ကြည့်ရှုနိုင်

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဟဲဟိုးခရီးစဉ်ကို ကျပ် ၁၆၅၀၀၀ မှစ၍ ရောင်းချပေးမည်ဖြစ်ပြီး ခရီးစဉ်ရှိသောနေ့ရက်နှင့် အချိန်ကို www.flymna.com တွင် ဝင်ရောက်ကြည့်ရှုနိုင်
Published 5 January 2023

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ဟဲဟိုးခရီးစဉ်အား မြန်မာကျပ်ငွေ ၁၆၅၀၀၀ မှစ၍ရောင်းချပေးမည်ဖြစ်ပြီး ခရီး စဉ်ရှိသော နေ့ရက်နှင့်အချိန်ကို www.flymna.com တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းပြင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များဝယ်ယူရာတွင် ခရီးသည်အမည်မှားယွင်းစွာ ဖြည့်စွက် မိခြင်းများအတွက် ပြန်လည်ပြင်ဆင်ခြင်းပြုလုပ်လိုပါက Request Form တင်၍ ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ Request Form တင်၍ ပြောင်းလဲရာတွင် အမည်အပြည့်အစုံ ပြောင်းလဲခြင်းအတွက် ပြည်ပခရီးစဉ်တွင် အမေရိကန်ဒေါ် လာ ၁၀၀၊ ပြည်တွင်းခရီးစဉ်အတွက် မြန်မာကျပ်ငွေသုံးသောင်း၊ အမည်စာလုံးပေါင်းပြောင်းလဲခြင်းအတွက် ပြည်ပခရီးစဉ်တွင် အမေရိကန်ဒေါ်လာ ၃၀၊ ပြည်တွင်းခရီးစဉ်အတွက် ကျပ်ငွေ ၁၅၀၀၀ ပေးသွင်း၍ ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ် ပျံသန်းနေရာ မိမိစိတ်ကြိုက်ပြင်ဆင်ထားသော ခရီးစဉ်အတိုင်း ပျံသန်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ MNA အနေနဲ့ ပြည်တွင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို ဘိုးရင်းနဲ့ ATR လေယာဉ်တွေနဲ့ Charter Flight တွေပျံသန်း နေတာဖြစ်ပါတယ်။ ခရီးစဉ်ကိုလည်း စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ခရီးစဉ်အတိုင်း ငှားရမ်းပျံသန်းနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။        

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကိုဒီဇင်ဘာ ၂၁ ရက်မှစ၍ တစ်ပတ်လျှင် နှစ်ကြိမ်မှသုံးကြိမ်သို့ တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း  သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို ပြန်လည်ပျံသန်းခဲ့ ရာ မြန်မာနိုင်ငံသားများစီးနင်းမှုပိုမိုခဲ့ပြီး ခရီးသည်ရရှိမှုပေါ်မူတည်၍ ATR 72-600 လေယာဉ်မှ Boeing လေယာဉ်များဖြင့် ပျံ သန်းရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်မြို့မှကော့သောင်းနှင့် လားရှိုးမြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီးခရီး စဉ်ရှိသော နေ့ရက်နှင့်အချိန်ကို www.flymna.com တွင် အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားရာသီတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလည်သွားရောက်မည့် ခရီးသည်များအတွက် တစ်ပတ်လျှင် သုံးကြိမ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက နှစ်သစ်ကူးအကြိုအထူးစျေးနှုန်းအနေဖြင့်  ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားတစ်   ကြောင်းစာအား Full Service အနေဖြင့် အမေရိကန်ဒေါ်လာ ၄၀ မှစတင်ရောင်းချပေးနေသည်။

 

Most Read

Most Recent