၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် မြန်မာ့အားကစား ကြယ်ပွင့်များ

၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် မြန်မာ့အားကစား ကြယ်ပွင့်များ
Published 2 January 2023

၂၀၂၂ ခုနှစ်တွင် မြန်မာအားကစားကြယ်ပွင့်အချို့ ကွယ်လွန်မှုများရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ကာယဗလကစားသမား မိုးဆွေသည် ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်နေစဉ် မတော်တဆဖြစ်ရပ်ကြောင့် အသက်ဆုံးပါးခဲ့ရသည်။ မိုးဆွေသည် ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပမည့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင် ပွဲအတွက် လေ့ကျင့်နေသည့်ကာလတွင် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် အာရှဘိလိယက်ချန်ပီယံဟောင်း အောင်ဆန်းဦးမှာလည်း အသည်းကင်ဆာရောဂါဖြင့် ဧပြီ ၁၀ ရက်တွင် ကွယ်လွန်ခဲ့သည်။ အောင်ဆန်းဦးသည် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာဘိလိယက်အဖွဲ့တွင် ရွေးချယ်ခံထားရသော်လည်း ရောဂါကြောင့် လူစာရင်းမှ ကျန်ရစ်ခဲ့ရခြင်းဖြစ်သည်။ အောင်ဆန်းဦးသည် ဆီးဂိမ်းစ်ပြိုင်ပွဲ မတိုင်မီကျင်းပသည့် အာရှဘိလိယက်ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခါနီးတွင် ရောဂါအခြေအနေဆိုးရွားလာသဖြင့် ကျန်ရစ်ခဲ့ပြီး လပိုင်းအကြာတွင် ကွယ်လွန်ခဲ့သည်။

Most Read

Most Recent