ဇန်နဝါရီ
ဇန်နဝါရီ ၄
■ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သဝဏ်လွှာပေးပို့။
■ မြန်မာနိုင်ငံတွင် ထိန်းသိမ်းထားသူအားလုံးလွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်ကန်က ထပ်မံတောင်းဆို။
ဇန်နဝါရီ ၆
■ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် သက်ဆိုင်သူများ အားလုံးပါဝင်သည့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ထုတ်ပြန်။
ဇန်နဝါရီ ၇
■ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်တို့ ဇန်နဝါရီ ၇ ရက် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံ။
ဇန်နဝါရီ ၁၀
■ ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေတို့ဖြင့် တရားစွဲထားသည့်အမှုများအတွက် ထောင်ဒဏ် လေးနှစ်ချမှတ်။
■ လာမည့်ရွေးကောက်ပွဲကို ကျင်းပရာတွင် ကော်မရှင်အနေဖြင့် ဘက်လိုက်မှုမရှိသည့်သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုး ပြောကြား။
■ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ရွာကုန်းကျေးရွာတွင် သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီး ၎င်းင်း ဆရာတော်၏ဖခင်ဖြစ်သူသေဆုံးခဲ့ကြောင်း နစက ထုတ်ပြန် ။
ဇန်နဝါရီ ၁၂
■ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် လုပ်သက်ပြည့်ခဲ့ပြီး စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်း အောင်အား ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) အဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား။
ဇန်နဝါရီ ၁၄
■ ၂၀၂၀ ရွေးကောက်ပွဲလုပ်ငန်းစဉ်၊ မဲမသမာမှုဖြစ်စဉ်၊ တရား မဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ သမ္မဟောင်းဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါဝင်ပတ်သက်သူ ၄၂၂ ဦးကို အရေးယူဆောင်ရွက်လျက်ရှိကြောင်း UEC အဖွဲ့ဝင်ပြောကြား။
■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ဗုံးဖောက်ခွဲမှုအပါအဝင် အကြမ်းဖက်မှု ၄၀၄၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူနှင့် ကျူးလွန်ရန်ကြံစည်သူ ၁၁၅၄၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား။
ဇန်နဝါရီ ၁၆
■ အလုံမြို့နယ် ကမ်းနားလမ်း ထော်လီကွေ့အနီးရှိ HTOO စက်သုံးဆီဆိုင် ဇန်နဝါရီ ၁၆ ရက် နံနက် ၄ နာရီကျော်တွင် ဖောက်ခွဲခံရပြီး မီးလောင်မှုဖြစ်ပွား။
■ နိုင်ငံတကာအာမခံမှုဖြင့် အရပ်သားပြည်သူများကို အကာအကွယ်ပေးအပ်သည့် လုံခြုံသောနေရာများကို တိတိကျကျသတ် မှတ်ကြေ ညာပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံကိုယ်စားလှယ်ရုံးထံ KNU၊ KNPP နှင့် CNF တို့က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန် တောင်းဆို။
ဇန်နဝါရီ ၂၇
■ သြစတြေးလျစွမ်းအင်လုပ်ငန်း Wood-side သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အုပ်ချုပ်နေသော မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာ။
■ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်ဦးဟံသာမြင့် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ် မြောက်။
ဇန်နဝါရီ ၂၈
■ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးစိုးညွန့်လွင်တို့ကို တောင်လေးလုံး အကျဉ်းထောင်တွင်း တရားရုံးက ဇန်နဝါရီ ၂၈ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၆ နှစ်စီ ချမှတ်။
ဇန်နဝါရီ ၃၁
■ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ခဲ့ပြီး အရေးပေါ်အခြေအနေကြေညာထားသည့် ကာလကို ခြောက်လ သက်တမ်းတိုးမြှင့်ကြောင်း ကြေညာ။
ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၁
■ မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို အဆုံးသတ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အတားအဆီး မရှိ ပေးအပ်ခွင့်ပြုရန်၊ နိုင်ငံခြားသားများအပါအဝင် ထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်ရန် EU နှင့် နိုင်ငံတကာက ထုတ်ပြန်တောင်းဆို။
■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည့် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံတွင် သတင်းသမား ၁၄၆ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း UNESCO Myanmar ထုတ်ပြန်။
■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း NLD ပါတီဝင်များထဲမှ ဖမ်းဆီးအကျဉ်းချခံရသူ ၆၈၆ ဦးရှိပြီး ထိုအထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်။
ဖေဖော်ဝါရီ ၃
■ လုပ်ငန်းရှင်တစ်ဦးထံမှ ဒေါ်လာငါးသိန်းခွဲကို ရာထူးတာဝန် အလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင် ရယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုပုဒ်မဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း နစက ထုတ်ပြန်။
■ အရေးပေါ်ကာလပြီးဆုံးပါက ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ပြီး နယ်မြေအေးချမ်းရန် လိုအပ်ကြောင်းနှင့် အကြမ်းဖက်မှုများရှိနေပါက ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းရှိမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြား။
ဖေဖော်ဝါရီ ၁၂
■ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခုနစ်ဖွဲ့နှင့် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းလေးဖွဲ့ တက်ရောက်။
ဖေဖော်ဝါရီ ၁၃
■ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့၊ NCA မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ်များ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေး။
ဖေဖော်ဝါရီ ၁၄
■ ဖေဖော်ဝါရီ ၁၇ ရက်တွင်ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက် နိုင်မည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုလည်း စေလွှတ်တက်ရောက်စေနိုင်မည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။
ဖေဖော်ဝါရီ ၁၆
■ MNDAA လက်နက်ကိုင်အဖွဲ့တည်ထောင်သူ ဖုန်ကြားရှင် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်။
■ စစ်ကိုင်းမြို့နယ် ရေမျက်ကြီးအင်းအတွင်း တိုက်လေယာဉ် တစ်စင်း ပျက်ကျမှုဖြစ်ပွား။
ဖေဖော်ဝါရီ ၁၇
■ မြန်မာနိုင်ငံ၏ နစကအစိုးရအဖွဲ့မှ ကိုယ်စားလှယ်ကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားသည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) မှ နိုင်ငံခြားရေးဝန်ကြီးများ ကမ္ဘောဒီးယားနိုင်ငံ၌ တွေ့ဆုံ ဆွေးနွေး။
■ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းအား အမှုခုနစ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂၀ အမိန့်ချမှတ်။
ဖေဖော်ဝါရီ ၂၀
■ အာဆီယံအထူးကိုယ်စားလှယ်အား CRPH၊ NUG တို့နှင့် ထိတွေ့ရန် အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံက အကြုံပြုခြင်းသည် အာဆီယံပဋိညာဉ်ကို ဆန့်ကျင်ရုံသာမက အာဆီယံ၏အကြမ်းဖက်တိုက်ဖျက်ရေး ကြိုးပမ်းမှုကို ထိပါးစေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်။
ဖေဖော်ဝါရီ ၂၄
■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးဟောင်း ကိုမင်းသွေးသစ် ပြန်လည်လွတ်မြောက်။
ဖေဖော်ဝါရီ ၂၅
■ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ကနဦးကန့်ကွက်လွှာ ကြားနာပွဲ၌ မြန်မာနိုင်ငံက ဒုတိယအကြိမ် လျှောက်လဲချက်ပေးခဲ့ပြီး ဂမ်ဘီယာက မြန်မာအား တရားစွဲထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိဟု ဆုံးဖြတ်ပေးရန် မြန်မာကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တင်ပြတောင်းဆို။
ဖေဖော်ဝါရီ ၂၈
■ ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်များအရ အဂတိဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲ ဆိုထားသည့်အမှုကို စွဲချက်တင် အမိန့်ချ။
■ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုခုနစ်မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်။
မတ်
မတ် ၄
■ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာ၊ ဦးမင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးအား မြန်မာနိုင်ငံသားအဖြစ်မှရပ်စဲကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်။
မတ် ၆
■ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တွေ့ဆုံဆွေးနွေးပွဲ နေပြည်တော်၌ပြုလုပ်။
မတ် ၈
■ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသည့် အမှုငါးမှုစလုံးကို စွဲချက်တင်ကြောင်း မတ် ၈ ရက်တွင် မန္တလေးတိုင်းတရားလွှတ်တော်က အမိန့်ချ။
မတ် ၁၀
■ ၈၈ မျိုးဆက် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးမြအေး မတ် ၁၀ ရက်က ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရ။
မတ် ၁၁
■ နိုင်ငံရေးပါတီများ၏ ပါတီရန်ပုံငွေ၊ ငွေကြေးနှင့်ပစ္စည်းများ စာရင်းပြုစုထားရှိမှုများကို သတ်မှတ်ရက်အတွင်း အစစ်ဆေးခံရန် ပျက်ကွက်သော နိုင်ငံရေးပါတီများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများသို့ ပေးပို့ထားသည့် အကြောင်းကြားစာပါအတိုင်း အရေးယူမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ပြောကြား။
မတ် ၁၅
■ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် အဂတိအမှု ငါးမှုကို ချေဖျက်ပေးရန် လျှောက်ထားမှုနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချ။
■ ကလေးမြို့ရှိ အကျဉ်းထောင်တွင် မတ် ၁၅ ရက်က အကျဉ်းသား၊ အချုပ်သား ၅၀ ခန့်သည် အကျဉ်းထောင်တာဝန်ခံအရာရှိ သုံးဦးကို ဓားစာခံပြုလုပ်၍ ထွက်ပြေးရန်ကြိုးစားမှုကြောင့် သေနတ်ပစ်ဖောက်ထိန်းသိမ်းရာမှ အချုပ်သားခြောက်ဦးနှင့် အကျဉ်းသားတစ်ဦး စုစုပေါင်း ခုနစ်ဦး သေဆုံးပြီး အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိ။
မတ် ၁၈
■ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor ၏ မြန်မာပြည်လုပ်ငန်းခွဲကို လက်ဘနွန်စီးပွားရေးအုပ်စု M1 ထံရောင်းချမှုကို မြန်မာနစကက အတည်ပြုလိုက်သည်ဟု ယင်းကုမ္ပဏီနှစ်ခုစလုံးက ထုတ်ပြန်။
မတ် ၂၄
■ ၂၀၂၂ ခုနှစ် မတ် ၁၈ ရက်အထိ မြန်မာနိုင်ငံတွင် ဘဏ်ဓားပြတိုက်ခံရမှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး တန်ဖိုးကျပ် ၁၃ ဒသမ ၅ ဘီလျံကျော် ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား။
မတ် ၂၅
■ မြန်မာ့တပ်မတော်မှ အရာရှိကြီးသုံးဦး၊ တပ်မ ၆၆ အပါအဝင် လူပုဂ္ဂိုလ်ခုနစ်ဦး၊ အဖွဲ့အစည်းနှင့်လုပ်ငန်း ခုနစ်ခုကို အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်အစိုးရတို့က ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်။
မတ် ၂၆
■ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံထောက်ခံသူ ၁၃၂၇ ဦး သေဆုံးခဲ့ပြီး ပါတီရုံး ၃၄ ရုံးနှင့်နေအိမ် ၂၀၂ လုံး ဖျက်ဆီးခံခဲ့ရကြောင်း ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူပြောကြား။
မတ် ၂၈
■ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့ တွေ့ဆုံဆွေးနွး။
ဧပြီ
ဧပြီ ၁
■ မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ တရုတ်နိုင်ငံတွင် တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ကာ စီးပွားရေးနှင့်နည်းညာ ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် သဘောတူစာချုပ်နှစ်ခု လဲလှယ်။
ဧပြီ ၃
■ ပြည်ပမှဝင်ရောက်သည့် နိုင်ငံခြားငွေများကို ဝင်ရောက်သည့်နေ့မှ တစ်ရက်အတွင်း မြန်မာကျပ်အဖြစ်ပြောင်းလဲ၍ ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး လဲလှယ်ပေးရမည့်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထုတ်ပြန်။
ဧပြီ ၄
■ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆိုချမှတ်ခဲ့ခြင်းကို မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုဘဲ ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။
ဧပြီ ၇
■ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာသို့ ဖြန့်ကြက်ထားသည့် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှုများအတွက် ယာဂူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန်၌ ဖမ်းဆီးရမိဟု ဧပြီ ၇ ရက်တွင် အမေရိကန် တရားရေးဌာနလက်အောက်ရှိ အစိုးရရှေ့နေရုံး ထုတ်ပြန်။
ဧပြီ ၁၇
■ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာနိုင်ငံသား အကျဉ်းသား ၁၅၇၇ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား ၄၂ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု။
■ ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် အငြိမ်းစားတပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၊ နန်းတော်ရှေ့ဆရာတင်အပါအဝင် တေးရေး၊ ဂီတ၊ အတီး၊ အဆို၊ ဆိုင်း၊ ဇာတ်သဘင်၊ အနုပညာရှင်များကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ကြောင်း နစက ထုတ်ပြန်။
ဧပြီ ၂၀
■ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းအား အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် နှင့် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာစိုးဦးအား အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) သတင်းထုတ်ပြန်။
■ စစ်ကိုင်း- ရွှေဘိုလမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ဆွမ်းခံကြွသည့် ကိုရင်သုံးပါးအနက် နှစ်ပါးပျံလွန်တော်မူခဲ့ပြီး တစ်ပါးမှာမန္တလေး ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရ။
ဧပြီ ၂၂
■ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ထားသည့်ကာလနှင့် ဆွေးနွေးနေစဉ်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အင်အားတိုးချဲ့ခြင်းနှင့် တိုက်ခိုက်ခြင်းများပြုလုပ်ပါက အရေးယူတုံ့ပြန်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်။
ဧပြီ ၂၃
■ မြန်မာ -ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားထိပ်တွင် ဧပြီ ၂၃ ရက် ည ၁၁ နာရီက ပေါက်ကွဲမှုဖြစ်ပွား။
ဧပြီ ၂၇
■ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ်တို့၏ ရွှေနှင့် ဒေါ်လာများ ပေးခဲ့ရသည်ဆိုသော သက်သေထွက်ဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေဖြင့် စွဲဆိုထားသည့်အမှုအတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်။
■ အထွေထွေရွေးကောက်ပွဲကို General Election ဟူသော စကားရပ်နှင့်အညီ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား။
ဧပြီ ၂၈
■ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုငါးမှုအတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်။
ဧပြီ ၂၉
■ ထိုင်းနိုင်ငံ၏ PTTEP နှင့် မလေးရှားနိုင်ငံ Petronas ကုမ္ပဏီတို့ ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်မည်ဟု ကြေညာ။
ဧပြီ ၃၀
■ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ၀ါရင့် နိုင်ငံရေးသမားကြီး SNLD ပါတီဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ရန်ကုန်မြို့ ၉ မိုင်ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်။
မေ
မေ ၂
■ ဂျပန်စွမ်းအင်ကော်ပိုရေးရှင်း ENEOS က ရဲတံခွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာ။
မေ ၄
■ ဦးဖြိုးမင်းသိန်း၏ ရွှေနှင့်ဒေါ်လာ ပေးရသည်ဆိုသော ထွက်ဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ထားသည့်အမှု ပြင်ဆင်မှုတက်ခဲ့သော်လည်း ပယ်ချခံရ။
မေ ၅
■ နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ဖိတ်ခေါ်မှုအပေါ် ပါဝင်သင့်သူအားလုံးပါဝင်နိုင်ပြီး နိုင်ငံ၏အရေးအရာများကို တန်းတူ ဆွေးနွေးနိုင်မည့် အချိန်အခါ၊ အခင်းအကျင်းရောက်မှသာ ပါဝင်ဆွေးနွေးမည်ဟု KIO ထုတ်ပြန်။
မေ ၉
■ နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးသည့် အခင်းအကျင်း မဖြစ်သည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း KNU ထုတ်ပြန်။
မေ ၁၀
■နေပြည်တော်အခြေစိုက် ကဗျာဆရာ ကိုမျိုးတေဇာမောင်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်။
မေ ၁၁
■ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား။
မေ ၁၆
■ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအား အဂတိဖြင့် တရားစွဲထားသည့် အမှုကိုးမှုအတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်။
မေ ၁၈
■ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ ကွယ်လွန်။
မေ ၂၀
■နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် RCSS/SSA ဥက္ကဋ္ဌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး။
မေ ၂၂
■ နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သုံးရက်တာ ဆွေးနွေးမှုများအရ သဘောတူညီချက်များကို လက်မှတ်ရေးထိုး။
မေ ၂၃
■ NLD အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး နှလုံးရောဂါဖြင့် ကွယ်လွန်။
■ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး။
မေ ၂၅
■ နစကငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေး ညှိနှိုင်းချက်များအရ သဘောတူညီချက်များကို လက်မှတ်ရေးထိုး။
မေ ၂၆
■ နစကဥက္ကဋ္ဌနှင့် KNU/KNLA-PC အဖွဲ့ဥက္ကဋ္ဌ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး။
ဇွန်
ဇွန် ၁
■ နစကငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် UWSP ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သုံးရက်တာဆွေးနွေးညှိနှိုင်း သဘောတူညီချက်များကို လက်မှတ်ရေးထိုး။
■ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ တွေ့ဆုံ၍နယ်စပ်ဖြတ်ကျော် မှုခင်းများနှင့် ပတ်သက်၍ မြေပြင်သတင်းစုံစမ်း ဖော်ထုတ်ရေးနှင့် တားဆီးနှိမ်နင်းရေး အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေး။
ဇွန် ၄
■ ဦးဖြိုးဇေယျာသော်နှင့် ဦးဂျင်မီ အပါအဝင် သေဒဏ်ချမှတ်ခံရသူ လေးဦး၏ အယူခံတင်သွင်းခြင်းများကို ပယ်ချ၍ သေဒဏ်ကိုအတည်ပြုခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူူ ပြောကြား။
■ နစက ဥက္ကဋ္ဌနှင့် မိုင်းလားအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး။
ဇွန် ၆
■ နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မိုင်းလားဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့၏ သုံးရက်တာဆွေးနွေးညှိနှိုင်းသဘောတူညီချက်များ လက်မှတ်ရေးထိုး။
ဇွန် ၉
■ ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဒုတိယဝန်ကြီး နေပြည်တော်တွင် သီးခြားစီတွေ့ဆုံဆွေးနွေး။
ဇွန် ၁၃
■ နစကဥက္ကဋ္ဌနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၌တွေ့ဆုံဆွေးနွေး။
■ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သန်းဦးအား တာဝန်မှရပ်စဲကြောင်း ကြေညာ။
ဇွန် ၁၅
■ နစကဥက္ကဋ္ဌနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ထပ်မံဖိတ်ခေါ်ခဲ့ပြီး ဇွန် ၃၀ ရက် နောက်ဆုံးထား အကြောင်းပြန်ရန် ထုတ်ပြန်။
ဇွန် ၁၉
■ နစကဥက္ကဋ္ဌနှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်မှ စစ်ဦးချုပ် စောစတီးဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေး။
ဇွန် ၂၁
■ နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် DKBA စစ်ဦးစီးချုပ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များ လက်မှတ်ရေးထိုး။
ဇွန် ၂၂
■ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်အား အဂတိအမှုငါးမှုအတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်။
ဇူလိုင်
ဇူလိုင် ၃
■ မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ ပုဂံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂၀၂၂ ခုနှစ် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းလက်ခံလွှာ အပါအဝင် သဘောတူညီချက်အချို့ လဲလှယ်။
ဇူလိုင် ၇
■ UEC ဥက္ကဋ္ဌဟောင်း ဦးလှသိန်း၊ အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင် အပါအဝင် သုံးဦးကို ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် ထောင်ဒဏ်သုံးနှစ်စီချမှတ်။
ဇူလိုင် ၈
■ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးသော သုံးနှုန်းမှုများပါဝင်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အတည်ပြုခဲ့သော အဆို (မူကြမ်း) တစ်ရပ်ကို ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။
ဇူလိုင် ၁၁
■ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ်နှစ်နှစ် ထပ်မံချမှတ်။
■ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရသည့် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင် အမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်။
ဇူလိုင် ၁၃
■ ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌနှင့် ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံ၍ စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများ ဆွေးနွေး။
ဇူလိုင် ၁၅
■ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေများကို ကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်။
ဇူလိုင် ၂၅
■ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ် ခံထားရသည့် လေးဦးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်။
ဇူလိုင် ၂၉
■ နစကလက်ထက် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူ နှစ်ဦးအပါအဝင် စုစုပေါင်း ၂၂ ဦးနှင့် ြူီ အစိုးရလက်ထက် နိုင်ငံရေးရာထူး လက်ရှိ ဖြစ်ခဲ့သူ ၆၀ ဦးကို အဂတိဖြင့် တရားစွဲဆိုထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်။
ဇူလိုင် ၃၁
■ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကျင်းပပြီး အရေးပေါ်ကာလအား ခြောက်လ သက်တမ်းတိုးကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက လက်မှတ်ရေးထိုးထုတ်ပြန်။
သြဂုတ်
သြဂုတ် ၇
■ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ တရုတ်နိုင်ငံ၌ ကွယ်လွန်။
သြဂုတ် ၁၁
■ နိုင်ငံခြားအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ရန်ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင်၍ တင်ပြရန် နိုင်ငံရေးပါတီများကို UEC စာပို့။
သြဂုတ် ၁၂
■ ပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် တရားစွဲဆို ထောင်ချခံထားရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်။
သြဂုတ် ၁၄
■ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အပေါ် ကန့်ကွက်ကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၂ ပါတီ ပူးတွဲသဘောထားထုတ်ပြန်။
သြဂုတ် ၁၅
■ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေကွက်များ လျှောက်ထားရယူမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုလေးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်။
သြဂုတ် ၁၆
■ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်။
သြဂုတ် ၁၇
■ နစကဥက္ကဋ္ဌနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအခြေအနေများ ဆွေးနွေး။
သြဂုတ် ၂၂
■ ခြံအမှတ် (၅၄) အား ဒေါ်အောင်ဆန်းစုကြည်နှင့် အမွေဆိုင် ခွဲဝေမှုအပေါ် ဦးအောင်ဆန်းဦး၏ အထူးအယူခံ လျှောက်ထားမှုကို ၎င်းတောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ချ။
စက်တင်ဘာ
စက်တင်ဘာ ၁
■ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သုံးရက်တာ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များကို လက်မှတ်ရေးထိုး။
စက်တင်ဘာ ၂
■ ရွေးကောက်ပွဲတွင် UEC အား မလျော်သြဇာလွှမ်းမိုးခြင်း စွဲချက်ဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ် ကြီးပုဒ်မ ၁၃၀ (က) ဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်။
စက်တင်ဘာ ၅
■ နစကဥက္ကဋ္ဌဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်သို့ သွားရောက်လေ့လာ။
စက်တင်ဘာ ၆
■ နစကဥက္ကဋ္ဌနှင့် ရုရှားအဏုမြူကော်ပိုရေးရှင်း အမှုဆောင် အရာရှိချုပ် တွေ့ဆုံ၍ နျူစွမ်းအင်ကို အကျိုးရှိစွာ ဆောင်ရွက်နိုင်မည့်အခြေအနေများ ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ။
စက်တင်ဘာ ၇
■ နစကဥက္ကဋ္ဌနှင့် ရုရှားသမ္မတတို့တွေ့ဆုံပြီး နျူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ကိစ္စရပ်အပါအဝင် ကဏ္ဍပေါင်းစုံဆွေးနွေး။
စက်တင်ဘာ ၈
■ ရုရှားနိုင်ငံ Primorsky ဒေသ အစိုးရအဖွဲ့အကြီးအကဲနှင့် Republic of Buryatia အစိုးရအဖွဲ့အကြီးအကဲတို့အား နစကဥက္ကဋ္ဌ သီးခြားစီ တွေ့ဆုံ။
စက်တင်ဘာ ၉
■ နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံ အာကာသကော်ပိုရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ်တွေ့ဆုံ၍ နှစ်နိုင်ငံနည်းပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ ဆွေးနွေး။
စက်တင်ဘာ ၂၉
■ ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်တို့ကို လျှို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်။
အောက်တိုဘာ
အောက်တိုဘာ ၅
■ ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ် ပါတီညီလာခံ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးမြတ်ဟိန်း၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဦးလှထွန်းတို့ကို ရွေးချယ်တင်မြှောက်။
■ မြန်မာနိုင်ငံ၌ ဆန္ဒပြပွဲတွင် အဖမ်းခံရသည့် ဂျပန်နိုင်ငံသား မှတ်တမ်းရိုက်ကူးရေးသမားအား ပုဒ်မ ၅၀၅ (က)၊ အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေတို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်။
အောက်တိုဘာ ၉
■ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံသုံးပစ္စည်းများ ဝယ် ယူရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်ဒါခေါ်ယူ။
အောက်တိုဘာ ၁၀
■ ယုံကြည်မှုတည်ဆောက်နိုင်ရေး၊ နိုင်ငံရေးပြဿနာများအား ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း RCSS ဖိတ်ခေါ်။
အောက်တိုဘာ ၁၁
■ နေပြည်တော်တွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့ကို တရားစွဲထားသည့် အမှုများအတွက် ထောင်ဒဏ်သုံးနှစ်စီ တစ်ပေါင်းတည်းကျခံစေရန် အမိန့် ချမှတ်။
အောက်တိုဘာ ၁၂
■ စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာငါးသိန်းခွဲ လာဘ်ယူခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ် တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်။
အောက်တိုဘာ ၁၅
■ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ခုနစ်နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနား နေပြည်တော်တွင် ကျင်းပ။
အောက်တိုဘာ ၂၂
■ မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က အမည်မည်းစာရင်း သတ်မှတ်။
အောက်တိုဘာ ၂၆
■ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်း ဦးမြင့်နိုင်တို့ ပြန်လည်လွတ်မြောက်လာ။
အောက်တိုဘာ ၂၇
■ သူရဦးရွှေမန်း ဦးဆောင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ပါတီဖျက်သိမ်းရန် တင်ပြမှုအပေါ် အတည်ပြု၍ ပါတီမှတ်ပုံတင်ခွင့်ပြုထားခြင်းကို ဖျက်သိမ်းကြောင်း UEC ကြေညာ။
အောက်တိုဘာ ၃၀
■ လျှို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း ပြန်လည်လွတ်မြောက်လာ။
နိုဝင်ဘာ
နိုဝင်ဘာ ၉ ■ နစက၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး။
နိုဝင်ဘာ ၁၃
■ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၁၃ ရက်က KIO အရာရှိ ၁၃ ဦးနှင့် အရပ်သားအချို့ ဖမ်းဆီးခံရ။
နိုဝင်ဘာ ၁၇
■ ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ UEC အဖွဲ့ဝင်ဟောင်း ဦးသန်းဌေး၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ သြစတြေးလျနိုင်ငံသား ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းအပါအဝင် အကျဉ်းသားအကျဉ်းသူ ၅၇၇၄ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး
■ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးကို အမှုပိတ်သိမ်း။
■ အင်းစိန်အကျဉ်းထောင်မှ ရွှေညဝါဆရာတော်၊ ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးလင်းနိုင်မြင့်တို့ ပြန်လည်လွတ်မြောက်။
နိုဝင်ဘာ ၁၈
■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သံဃာ ၆၇ ပါး၊ သီလရှင် တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ပညာရေးဝန်ထမ်းဦးရေ ၄၀ နှင့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး သေဆုံးခဲ့ကြောင်း နစကထုတ်ပြန်။
■ ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင် ၁၇ ဦး၊ ကချင်လွတ်မြောက် ရေးတပ်မတော် (KIA) အဖွဲ့ဝင် ၁၇ ဦး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့ဝင် ငါးဦး၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အဖွဲ့ဝင်နှစ်ဦးတို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး AA အဖွဲ့ဝင် တစ်ဦးနှင့် KIA အဖွဲ့ဝင်သုံးဦးကို တရားရုံးများတွင် စွဲဆိုထားသည့်အမှုများ ပိတ်သိမ်း။
နိုဝင်ဘာ ၁၈
■ နျူကလီးယားစွမ်းအင်အားအသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စူးစမ်းလေ့လာတိုင်းတာမှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံရှိ Rosatom ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာ (MoU) ရေးထိုး။
ဒီဇင်ဘာ
ဒီဇင်ဘာ ၅
■ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ အမြဲတမ်း အကြံပေးနှင့် ကချင်အမျိုးသားများအတိုင်ခံအဖွဲ့၏ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွမ် မန္တလေးတံတားဦးလေဆိပ်တွင် ထိန်းသိမ်းခံရ။
■ တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး ကျင်းပခဲ့ပြီး စာချုပ်စာတမ်းခုနစ်ခု လက်မှတ်ရေးထိုး။
ဒီဇင်ဘာ ၆
■ ရွေးကောက်ပွဲ၌မလျော်သြဇာသုံးခဲ့သည့်စွဲချက်ဖြင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ထောင်ဒဏ်နှစ်နှစ်ချမှတ်။
ဒီဇင်ဘာ ၈
■ နစကလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အဂတိဖြင့် ပထမဆုံးအရေးယူခံရသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးလှစိုးအား ထောင်ဒဏ် ၁၅ နှစ်ချမှတ်။
ဒီဇင်ဘာ ၁၅
■ တပ်မတော် (လေ) ၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပခဲ့ပြီး SU – 30 SME ၊FTC 2000G၊ FT-7၊ K-8W အမျိုးအစား တိုက်လေယာဉ်များ၊ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး Ka - 28 အမျိုးအစားရဟတ်ယာဉ်များ တပ်တော်ဝင်။
ဒီဇင်ဘာ ၂၁
■ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်ရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်အဆိုမူကြမ်းကို လုံခြုံရေးကောင်စီအတည်ပြု။
ဒီဇင်ဘာ ၂၃
■ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရသည့် ပါတီအား နိုင်ငံတော်တာဝန် လွှဲအပ်ပေးရေးအပါအဝင် ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို အကောင်အထည်ဖော်လျက်ရှိသဖြင့် နိုင်ငံတကာအနေဖြင့် မြန်မာ အစိုးရ၏ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး ဆောင်ရွက်ချက်များကို အားပေးထောက်ခံရန်လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။
■ Burma Act ပါဝင်သည့် အမေရိကန်ကာကွယ်ရေးဌာန၏ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) ကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးအတည်ပြု။
ဒီဇင်ဘာ ၂၇
■ အမေရိကန်သမ္မတ အတည်ပြုခဲ့သည့် NDAA ဥပဒေက အကြမ်းဖက်မှုကို အားပေးပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်။
■ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့တို့ ပထမနေ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမည့် အစီအစဉ်ရှစ်ရပ်ကို အတည်ပြု။