၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီမှဇွန်လအ တွင်း မြန်မာနိုင်ငံတွင် ပျမ်းမျှငွေကြေးဖောင်း ပွမှုနှုန်း ၁၈ ဒသမ၄၅ ရာခိုင်နှုန်းသို့ ရောက် ရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန် ချက်အရ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်သည် ဧပြီမှ မတ်လအထိဖြစ်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget သည် ၂၀၂၂ ခုနှစ် အောက်တိုဘာမှ မတ်လအထိဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်သည် ၂၀၂၀ ပြည့် နှစ် အောက်တိုဘာမှ ၂၀၂၁ ခုနှစ် စက်တင် ဘာအထိ သတ်မှတ်ထားခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လ အထိ တတိယသုံးလပတ်တွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၅ ဒသမ ၀၂ ရာခိုင်နှုန်း၊ စတု တ္ထ သုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွ မှုနှုန်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်Mini Budget ပထမသုံးလပတ်ဖြစ်သည့် ၂၀၂၁ ခု နှစ် အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ပျမ်း မျှငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၃၉ ရာ ခိုင်နှုန်းရှိခဲ့ပြီး ဒုတိယသုံးလပတ်တွင်မူ ပျှမ်း မျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၅ ဒသမ ၀၅ ရာ ခိုင်နှုန်းရှိခဲ့ရာမှ လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ် ဖြစ်သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း ၁၅ ဒသမ ၄၅ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၁၂ ဒသမ ၉၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး သမိုင်းတစ် လျှောက် စံချိန်တင်မြင့်တက်ခဲ့သည့်ငွေကြေး ဖောင်းပွမှုမှုန်းဖြစ်လာကြောင်း ဗဟိုစာရင်း အင်းအဖွဲ့မှ ထုတ်ပြန်သည့်အချက်အလက် များအရ သိရသည်။
ဇွန်လတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း Annual Rate of Inflation မှာ ၁၂ ဒသမ ၉၃ ရာခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း Year on Year Inflation မှာ ၁၉ ဒသမ ၄၂ ရာခိုင်နှုန်းဖြစ်သည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက် ထားသော စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေး ဖောင်းပွမှုနှုန်းအခြေအနေအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၆ ဒသမ ၉၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ဖေဖော် ၀ါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်း၊ မတ် တွင် ၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ဧပြီတွင် ၇ ဒသမ ၅၁ ရာခိုင်နှုန်း၊မေတွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊ ဇွန်တွင် ၈ ဒသမ ၀၈ ရာခိုင်နှုန်း စသည်ဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ဆက်တိုက်မြင့် တက်ခဲ့ပြီး ဒီဇင်ဘာတွင် ၈ ဒသမ ၈၁ ရာခိုင် နှုန်းအထိ မြင့်တက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၀၆ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊မတ် တွင် ၉ ဒသမ ၁၀ ရာခိုင်နှုန်း အထိ ဆက်လက် မြင့်တက်ခဲ့သော်လည်း ဧပြီတွင် ၈ ဒသမ ၈၀ ရာခိုင်နှုန်း၊ မေတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်းအ ထိ အနည်းငယ်ပြန်လည်ကျဆင်းခဲ့သည်။ ယင်းနောက် ငွေကြေးဖောင်းပွမှုနှုန်း ဆက် လက်ကျဆင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ တွင် ၃ ဒသမ ၈၇ ရာခိုင်နှုန်းအထိရှိလာခဲ့ သည်။
ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ ၂၀၁၇ -၂၀၁၉ ခုနှစ်ကာလအတွင်း ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ဓာတ်အားခနှင့် စားသောက်ကုန်စျေး နှုန်းများ ကျဆင်းသည့်အတွက် ၂၀၂၀ ပြည့် နှစ်ကုန်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက် ရှိခဲ့သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ၀ ဒသမ ၇ ရာခိုင်နှုန်း ထပ်မံလျော့နည်းခဲ့သော်လည်း စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်း များ မြင့် တက်လာသည့်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်တာအတွင်း ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်။
သယ်ယူပို့ဆောင်ရေးစရိတ်များ သိသာ စွာ မြင့်တက်လာခြင်းကြောင့် စားသောက် ကုန်စည်များ မပါဝင်ဘဲ တွက်ချက်ထားသည့် ငွေကြေးဖောင်းပွမှုနှုန်းသည် ဇန်နဝါရီလ တွင် ၀ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ဒီဇင်ဘာ လတွင် ၉ ဒသမ ၈ ရာခိုင်နှုန်းသို့ ရောက်ရှိ ခဲ့သည်။
သို့သော် စားသောက်ကုန်နှင့် လောင်စာ ဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်အ တွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာ ခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ကမ္ဘာ့ဘဏ် က ခန့်မှန်းခဲ့သည်။
လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင် ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁၇ ရာခိုင်နှုန်း၊မေတွင်၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဇူ လိုင် တွင် ၂ ဒသမ ၈ဝရာခိုင်နှုန်း၊ သြဂုတ် တွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသမ ၂၂ ရာခိုင်နှုန်းရှိခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံး လပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာ ခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွ မှု နှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင် နှုန်းဖြစ်သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံး လပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း - Annual Rate of Inflation မှာ ၁၅ ဒသမ ၀၅ ရာခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း- Year on Year Inflation မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံး လပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာ ခိုင်နှုန်းဖြစ် ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွ မှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင် နှုန်းဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေ ကြေး ဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့် နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁ ဒသမ ၀၈ ရာခိုင် နှုန်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက် အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာခိုင်နှုန်း နှင့် ဇူလိုင် ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိ စတုတ္ထ သုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။
သို့သော် ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇ ဒသမ ၃၀ ရာခိုင် နှုန်းအထိ မြင့်တက်လာခဲ့ကာ ဖေဖော် ၀ါရီတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ဧပြီတွင် ၁၀ ဒသမ ၇၂ ရာခိုင်နှုန်း၊ မေတွင် ၁၁ ဒသမ ၇၉ ရာခိုင် နှုန်း၊ ဇွန်လတွင် ၁၂ ဒသမ ၉၃ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်ခဲ့ကာ သမိုင်းတစ်လျှောက် စံ ချိန်တင်ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသို့ ရောက်ရှိလာခဲ့သည်။
ငွေကြေးဖောင်းပွမှုသည် ကာလအတန် ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်း ဖြစ်ပြီး လူအများစားသုံးသည့် အခြေခံကုန် စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက် လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆို လိုခြင်း ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခု၌ စီးပွား ရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန် ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့် တက်လာသည့်အခါ တူညီသော ငွေကြေး ယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ် ယူနိုင်မည်ဖြစ်သည်။
တစ်နည်းအားဖြင့် ငွေကြေး ဖောင်းပွမှု သည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊ ငွေကြေး ယူနစ်၏ တန်ဖိုးကို လျော့ကျစေသည်။
ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်း ကို ငွေကြေးဖောင်းပွမှုနှုန်း Inflation Rate ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ်ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်းအ ပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်း ကို စားသုံးသူစျေးဆနှုန်း CPI – Comsumer Price Index ဟု ခေါ်ဆိုသည်။
ငွေကြေးဖောင်းပွမှုနှုန်း ကာလကြာ ရှည် မြင့်မားနေခြင်းသည် ငွေကြေးရိုက်ထုတ် မှုများပြားမှု၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု၊ နိုင်ငံ့ငွေတန်ဖိုးကျဆင်းမှု၊ ဝယ်လိုအားသို့ မဟုတ် ရောင်းလိုအား အဆမတန်မြင့်တက်မှု၊ အနိမ့်ဆုံးလုပ်ခလစာနှုန်း၊ စားနပ်ရိက္ခာစျေး နှုန်းများ မြင့်တက်မှု၊ ရေနံစျေး၊ အခြေခံ စျေး နှုန်းများ မြင့်တက်မှု၊ သဘာဝဘေး အန္တရာယ် ကျရောက်မှု၊ အရင်းအနှီးစျေးကွက်၊ စတော့ စျေးကွက်များ ကမောက်ကမ ဖြစ်ပေါ်မှု၊ ဘဏ်တိုးနှုန်းပြောင်းလဲမှု၊ အစိုးရ အသုံးစ ရိတ်များပြားမှု၊ ကောလာဟလ သတင်းများ ဖြစ်ပေါ်မှု၊ ပြည်သူများ၏ နိုင်ငံ့စီးပွားရေး အပေါ် ယုံကြည်စိတ်ပျောက်ဆုံးမှု စသည့် အကြောင်းအရာများနှင့် သက်ဆိုင်နေ ကြောင်း စီးပွားရေးပညာရှင်များက ပြော ကြားထားသည်။
ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံ တစ် နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲ ဖြတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင် သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လို အပ်သကဲ့သို့ လွန်ကဲသော ငွေကြေး ဖောင်း ပွမှုကြောင့် နိုင်ငံများ ကာလကြာရှည်မတည် မငြိမ် ဖြစ်စေနိုင်ကြောင်းလည်း ထောက်ပြခဲ့ ကြသည်။
ငွေကြေးဖောင်းပွမှုကို တိုင်းတာမှု အ မျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေထွေ စျေးနှုန်းများ ကာလကြာရှည်မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။
ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွမှု နှုန်းထက် ကျော်လွန်ပါက ပြည်သူများ၏ နေ့ စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဗဟို ဘဏ်နှင့် အစိုးရအနေဖြင့် သတိကြီးစွာထား ၍ ထိန်းကျောင်းရမည်ဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့ သည်။
၂၀၂၂ ခုနှစ် အစကတည်းကပင် မြန်မာ့ စီးပွားရေးသည် သိသိသာသာ ဆိုးရွား သော ပြည်တွင်းပြည်ပအကျပ်အတည်းနှင့် ဆက် တိုက်ဆိုသလို ရင်ဆိုင်နေခဲ့ရသည်။
ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီ နှင့် ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်တက် လာခြင်းက ကုန်ပစ္စည်းအမျိုးအစားများစွာနှင့် ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေခဲ့သည်။
နောက်ဆက်တွဲအနေဖြင့် ကုန်ထုတ် လုပ်ငန်းများအားလုံး၏ သွင်းအားအင်အား စုစျေးနှုန်းများ ထိုးတက်သွားစေခဲ့ပြီး ငွေ ကြေးဖောင်းပွမှုကြီးထွားလာကာ အမှန် အိမ် ထောင်စုဝင်ငွေ real household income ကို များစွာထိခိုက်စေခဲ့သည်ဟုကမ္ဘာ့ ဘဏ်က ဆိုသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့် ကြည့်လေ့လာမှုအစီရင်ခံစာ-ဇူလိုင်-၂၀၂၂ အရ ငွေကြေးဖောင်းပွမှုနှုန်းမှာ ကမ္ဘာ့ကုန် စည်စျေးနှုန်းများ မြင့်မားနေခြင်း၊ ကျပ်ငွေ တန်ဖိုးကျဆင်းခြင်းနှင့် သယ်ယူပို့ဆောင် ရေး အခက်အခဲများကြောင့် ဆက်လက် မြင့်မားနေမည်ဟု ခန့်မှန်းပြီး ပျမ်းမျှအားဖြင့် ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁၅ ရာခိုင်နှုန်း (တစ် နှစ်ထက် တစ်နှစ် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဒုတိယနှစ်ဝက်တွင် အမြင့်ဆုံးဖြစ်) ရှိနိုင် ကြောင်း ဖော်ပြထားသည်။










