ကုန်ကြမ်းပစ္စည်း အခက်အခဲနှင့် ငွေလဲနှုန်း မြင့်မားမှုကြောင့် ဂျပန်ရိုးရာ အစားအသောက်ဆိုင် နှစ်ဆိုင် ပိတ်သိမ်း

ကုန်ကြမ်းပစ္စည်း အခက်အခဲနှင့် ငွေလဲနှုန်း မြင့်မားမှုကြောင့် ဂျပန်ရိုးရာ အစားအသောက်ဆိုင် နှစ်ဆိုင် ပိတ်သိမ်း
Published 13 December 2022

ကုန်ကြမ်းပစ္စည်းအခက်အခဲနှင့် ငွေလဲ နှုန်းမြင့်မားမှုကြောင့် ဂျပန်ရိုးရာအစားအ သောက်ဆိုင်နှစ်ဆိုင်ကို ပိတ်သိမ်းလိုက် ကြောင်း AKA Myanmar က သတင်းထုတ် ပြန်သည်။

“ ကုန်ကြမ်းပစ္စည်း အခက်အခဲနဲ့ ငွေလဲ နှုန်းကွာခြားမှုမြင့်မားခြင်းကြောင့် ၈မိုင်AKA နှင့် အလုံ AKA ဆိုင်လေးတွေကို အပြီးပိတ် သိမ်းလိုက်ပါပြီ။ အခါအခွင့်သင့်ရင် တစ်ချိန် ချိန်မှာ ဆိုင်နေရာအသစ်တွေမှာ ပြန်လည် ဆုံစည်းနိုင်ဖို့ မျှော်နေပါ့မယ်နော်” ဟုအဆိုပါ စားသောက်ဆိုင်က ထုတ်ပြန်သည်။

ယင်းစားသောက်ဆိုင်တွင် ဂျပန်ရိုးရာ အစားအသောက်များအပြင် ပြည်ပမှ မှာယူ တင်သွင်းသည့် အသားများ ရောင်းချလျက်ရှိ သည့် ဆိုင်များဖြစ်သည်။

ယင်းသို့ ပိတ်သိမ်းခြင်းမပြုမီ မတ် ၁၅ ရက်ကစတင်ကာ ဆိုင်များကို ယာယီပိတ် ထားခဲ့ပြီးနောက် နှစ်ကုန်ပိုင်းတွင် အပြီးပိတ် သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်ကြမ်း ပစ္စည်းများရှားပါးလာမှုနှင့် စားသုံးဆီ၊ စက် သုံးဆီစရိတ်များကြီးမြင့်လာမှုမှာ စားသောက် ဆိုင်များ ရပ်တည်ရန် ခက်ခဲလာနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြော ကြားသည်။

“ မီးပြတ်ပြီဆိုတာနဲ့ မီးစက်မောင်းရ တော့ အခုဆီစျေးနဲ့က ဘယ်လုပ်ငန်းရှင်မှ ရပ်တည်လို့ မရဘူး။ စရိတ်စက ပိုကြီးလာ တယ်။ စားသုံးသူတွေဆီကလည်း ထပ်တိုး တောင်းရင်လည်း ဘယ်လိုမှ အဆင်မပြေ တော့ဘူး။ အဲဒါကြောင့် ရေရှည်မှာ ရပ်တည် ဖို့ တော်တော်ခက်ခက်ခဲခဲဖြစ်လာကြတာ” ဟု အဆိုပါစီးပွားရေးလုပ်ငန်းရှင်က သုံးသပ် ပြောကြားသည်။

ငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ကျပ် ၂၀၀၀ သို့ ရောက်ရှိလာခြင်းမှာ ပြည်ပ ရင်းနှီးမြုပ်နှံမှုများနှင့် ပြည်တွင်းရှိစီးပွားရေး လုပ်ငန်းများအတွက် အခက်အခဲတစ်ခုဖြစ် သည်ဟု အဆိုပါစီးပွားရေးလုပ်ငန်းရှင်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent