ကချင်ပြည်နယ် ဧရာဝတီ မြစ်ကြောင်းအတွင်း ရွှေခိုးတူးနေသည့် အစင်းရေထောင်ချီရှိသော ရွှေဖောင်များကို နှစ်နှစ်နီးပါးကြာသည်အထိ မဖယ်ရှားနိုင်သေးဟုဆို

ကချင်ပြည်နယ် ဧရာဝတီ မြစ်ကြောင်းအတွင်း ရွှေခိုးတူးနေသည့် အစင်းရေထောင်ချီရှိသော ရွှေဖောင်များကို နှစ်နှစ်နီးပါးကြာသည်အထိ မဖယ်ရှားနိုင်သေးဟုဆို
Published 11 December 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

ဗန်းမော်မြို့အထက် ဧရာဝတီမြစ်ကြောင်းတစ်နေရာတွင် ရွှေတူးနေသည့်ရွှေဖောင်များကို  ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ် ကြောင်းအတွင်း ရွှေခိုးတူးနေသည့် အစင်းရေ ထောင်ချီရှိသည့် ရွှေဖောင်များကိုနှစ်နှစ်နီးပါးကြာသည်အထိ မဖယ်ရှားနိုင်သေးကြောင်း ဒေသခံများက ပြောကြားသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် လအနည်းငယ်အကြာတွင် ဧ ရာဝတီမြစ်ကြောင်းအတွင်း ရွှေခိုးတူးသည့် စက်လှေဖောင်များဖြင့် မေခ၊ မလိခ မြစ်ဖျား ပိုင်းမှ မြစ်ဆုံဝန်းကျင်အထိ၊ မြစ်ဆုံမှ မြစ်ကြီး နားမြို့အထက် မိုင်းနားကျွန်းအထိ၊ မြစ်ကြီး နားမြို့အောက်ပိုင်း မခန္တီးမှ ဧရာဝတီ ပထမ မြစ်ကျဉ်းအထိ၊ ပထမမြစ်ကျဉ်းပေါက်ဝမှ ဗန်း မော်မြို့အထက်နားအထိ၊ ဗန်းမော်မြို့မှ ဒုတိ ယမြစ်ကျဉ်းအထိ၊ ဒုတိယမြစ်ကျဉ်းပေါက်ဝမှ ရွှေကူမြို့ ကျွန်းတော်ဘုရားအထိ ရွှေကျင် သည့်စက်လှေဖောင်များဖြင့် ပြည့်နှက်သွား ခဲ့ခြင်းဖြစ်သည်။

ရွှေကူမြို့မှ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ကျွန်းတော်ဘုရားကျွန်းဆယ်နေရာများတွင် ခိုးတူးလာသည့်ရွှေမော်တော်များကို မောင်း ထုတ်နေသည်မှာ အကြိမ်ကြိမ်ရှိပြီဖြစ်သော် လည်း ပြန်လာနေသဖြင့် စိတ်ပျက်ရကြောင်း ပြောကြားသည်။

၎င်းက “လွန်ခဲ့တဲ့အပတ်က ရွှေမျှော တွေ ပြန်မောင်းလို့ ဦးပဥ္ဇင်းနှင့် ဒကာတွေ သွားမောင်းတာ ခါးကြားက သေနတ်ထုတ်ပြခဲ့တယ် လို့ သိရတယ်။ မနေ့ကတော့ တပ်မတော်အ ဖွဲ့က လက်နက်ငယ်နဲ့ လှမ်းပစ်တော့ ထွက် ပြေးသွားတယ်။ ဘုရားမြေတောင် အဲဒီလောက် ကန့်ကွက်နေရတာ။ အခြားနေရာမှာဆိုရင် မြစ်ကြောင်းတစ်ခုလုံး ဘယ်မှာမှ တားမရဘူး။မြစ်ရေလည်း ရေချိုးဖို့တောင် မသင့်တော့ဘူး။လက်ဖက်ရည်ရောင် ပေါက်နေတာ” ဟု ပြောကြားသည်။

ဗန်းမော်မြို့အထက်ပိုင်းမှ ရွှေခိုးတူးသည့် စက်လှေဖောင်များမှာ တစ်ည၊ တစ်ရက်လျှင် ကျပ်ငွေနှစ်သိန်း ၊ လက်နက်ကိုင်အဖွဲ့သို့ ၁၅ ရက် (သို့မဟုတ်) တစ်ပတ်လျှင် စက်အမျိုးအ စားပေါ်မူတည်ကာ ငွေပေးဆောင်ရကြောင်း လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

၎င်းက “ကောက်တာကတော့ သူတို့ ကိုယ်စားလှယ်တွေ ရှိကြတယ်။ သိန်း ၈၀ က နေ ၁၂၀ အထိ ရှိတယ်။ တစ်ပတ်စာကြိုရှင်း စနစ်၊ ၁၅ ရက် ကြိုရှင်းစနစ်ပေါ့။ ရွှေကူ၊ဗန်း မော်မြို့ စက်လှေအစင်းတစ်ထောင်ကျော်ဟာ အားလုံးက ရွှေဖောင်တွေ ဖြစ်ကုန်တာ” ဟု ပြောကြားသည်။

ကေအိုင်အို ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သမိုင်းနှင့်ဆိုင်သည့် နေရာများ၊ လူထုသဘောမတူသည့်နေရာများ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဆိုင်သည့်နေရာ များတွင် ရွှေမတူးရန် ဗဟိုမှ ထုတ်ပြန်ထား ကြောင်း၊ ဒေသတွင် ဖြစ်ပျက်နေမှုများမှာ အောက်ခြေစီးပွားရေး တာဝန်ခံများနှင့် သက်ဆိုင်ကြောင်း ပြောကြားသည်။

စက်လှေသမားများမှာ ၂၀၁၉ ခုနှစ်မှ စတင်ကာ ကိုဗစ်လှိုင်းကြောင့် ခရီးသွားလုပ် ငန်းများ ရပ်နားရကြောင်း၊ နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးနောက် စီးပွားရေးလုပ်ငန်းသင့်

သည့် ရွှေဖောင်များကို နိုင်ငံရေးအပြောင်းအ လဲ ဖြစ်ပြီးနောက်ပိုင်းတွင် ပြောင်းလဲလာခဲ့ ေ ကြာင်း ၊ ရွှေဖောင် အသစ်ဝယ်ယူမည်ဆိုပါက ကျပ်သိန်း ၄၀၀ နှင့် ၈၀၀ ဝန်းကျင်အထိ ပေါက် စျေးရှိနေကြောင်း ရွှေဖောင်လုပ်ကိုင်သူအ ချို့က ပြောကြားသည်။

“ရွှေထွက်တဲ့နေရာတွေက အသံစွင့်နေ မှ စက်တွေက တအားများတော့ ကိုယ်သိလို့ ရောက်ရင် နေရာမရဖြစ်တတ်တယ်။ တစ် မိုင်လောက် ကျောက်ခုံက လုပ်ရရင် လပိုင်းမှ

မကြာတာ။ အရှုံးတော့ နည်းကြတယ်။လုပ် အားခ သိပ်မရှိတော့။ ဆီစျေးကြီးတာတော့ ထိတယ်” ဟု ရွှေဖောင်လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်ကြောင်းအတွင်း ရွှေအလွန် အကျွံတူးဖော်ခြင်းမှာ ဧရာဝတီမြစ်ကြောင်း ငါးသယံဇာတအပေါ်သက်ရောက်မှု၊ မြစ် ကြောင်းပြောင်းလဲမှု၊ နုန်းမြေပို့ချမှုအပေါ် တွင် သက်ရောက်မှုများ ကြီးမားလွန်းသဖြင့်အလွန်စိုးရိမ်ရသည့် အခြေအနေဖြစ်နေ ကြောင်း ကချင်ပြည်နယ် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေလုပ်ငန်းများ လုပ်ဆောင် နေသည့် ဦးအောင်မိုင် (အမည်လွှဲ)က ပြော ကြားသည်။

၎င်းက “မြစ်ကြောင်းမှာ မြစ်ကြမ်းပြင်ကို ဆွလိုက်တော့ ရေနစ်တဲ့နေရာ၊ ရေထိုင်တဲ့့ နေရာတွေ ပျောက်ကုန်တယ်။ အဲဒါဖြစ်ရင် ကမ်းပြိုမယ်။ ကျယ်လာမယ်။ နုန်းပို့တဲ့နေရာ မှာ သဲသောင်တွေ ထွန်းလာတာမျိုးဖြစ်မယ်။ ဧရာဝတီက အထိနာနေတာကြာပြီ။ ဒါကြောင့်အောက်ပိုင်း မြစ်ကြောင်းတစ်လျှောက်လုံးမှာ မြစ်ကမ်းပြိုတာတွေက ဒီဟာတွေရဲ့ တစ်စိတ် တစ်ပိုင်းသက်ရောက်မှုလို့ ပြောလို့ရတယ်။ ဒီအတိုင်းသွားရင် ဧရာဝတီဟာ နွေမှာ တိမ် ကောလာပြီး မြစ်ဘေးက မြေအောက်ရေအ ပေါ်မှာပါ  သက်ရောက်မှုရှိလာနိုင်တယ်”ဟု ဆိုသည်။

ဧရာဝတီမြစ်အတွင်း  စက်ဖောင်အကြီး စားများ၊  စက်ဖောင်အငယ်စားများဖြင့်  ရွှေ ကျင်မှုများကြောင့်  မြေပြိုကျမှုများ ဖြစ်ပွားခဲ့ ပြီး စိုက်ပျိုးမြေများ ဧကရာနှင့်ချီကာ ဆုံးရှုံးခဲ့ ရမှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်က   ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ဖူးသည်။

ဧရာဝတီမြစ်သည် ကမ္ဘာ့အညစ်ညမ်းဆုံးအ ဆင့်တွင် အဆင့်ကိုးအဖြစ် ရပ်တည်နေသည့် မြစ်တစ်စင်းဖြစ်ကြောင်း  သတ်မှတ်ခံထားရ သည်။

Most Read

Most Recent