အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ်သို့ ပြောင်းလဲတော့မည့် ဧရာဝတီဘဏ်၊ ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးခဲ့သည့် မွေးမြူရေးကဏ္ဍမှ ကိုဗစ်ချေးငွေများ

အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ်သို့ ပြောင်းလဲတော့မည့် ဧရာဝတီဘဏ်၊ ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်ပေးခဲ့သည့် မွေးမြူရေးကဏ္ဍမှ ကိုဗစ်ချေးငွေများ
ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်ရုံးကို တွေ့ရစဉ်
Published 4 December 2022

ဧရာဝတီဘဏ်လီမိတက်ကို အများနှင့်သက်ဆိုင်သောကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲရန် အီလက်ထ ရွန်နစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO)သို့ တင်ပြထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖြစ်သွားရင် ကုမ္ပဏီဥပဒေအရ လိုက်နာရမယ့်ဟာတွေတိုးလာသလို အများနှင့်သက်ဆိုင်သော ကုမ္ပဏီတွေမှာ သူ့ရဲ့ထူးခြားချက် တော့ရှိတာပေါ့နော်။ ထူးခြားချက်က Public ပေါ့နော်။ အများပြည်သူကို ရှယ်ယာကမ်းလှမ်းလို့ရတယ်။ Offer လုပ်လို့ရတာပေါ့။ ဆိုလိုတာက Private ကုမ္ပဏီမှာတုန်းကကျ တော့ အစုရှယ်ယာတွေကို သူတို့ ရှယ်ယာဝင်အချင်းချင်းပဲ ရှယ်ယာ transfer လုပ်၊ ဘာညာ ဒါမျိုးပဲရတယ်။ အများပြည်သူကနေ ဒီအထဲကို စတော့အိတ်ချိန်းကို ဝင်တာမျိုးတွေက လိုတော့လိုသေးတယ်။ အများနှင့်မသက်ဆိုင်သောကုမ္ပဏီကကျတော့ အများပြည်သူကို ရှယ်ယာကမ်းလှမ်းလို့မရဘူး။ အများနှင့် သက်ဆိုင်သော ကုမ္ပဏီကျတော့အများပြည်သူကို အစုရှယ်ယာတွေ ထည့်ဝင်ဖို့အတွက်တော့ သူတို့က ကမ်းလှမ်းလို့ရပြီ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အများနှင့်သက်ဆိုင်သော  ကုမ္ပဏီကတော့ Public ကုမ္ပဏီကို ပြောင်းသွားတဲ့အတွက် ကုမ္ပဏီဥပဒေအရလည်း လိုက်နာဖို့လိုလာပြီ။ဘာလဲဆိုတော့ Public ကုမ္ပဏီရဲ့ အခွင့်အရေးဖြစ်တဲ့ Public ကို share offer လုပ်ဖို့အတွက် သူက ကုမ္ပဏီအလားအလာညွှန်းတမ်းဆိုတာမျိုးတွေ ကုမ္ပဏီရဲ့ရှေ့အကောင်းဆုံး လုပ်မယ့် ရည်ရွယ်ချက်တွေ  ကုမ္ပဏီမှာ ရှိနေတဲ့ မတည်ရင်းနှီးငွေတွေ၊ founder တွေ ၊ ကုမ္ပဏီနောက် လုပ်မယ့် project တွေက ဘယ်လောက် ခိုင်မာတယ်။ ချောမွေ့တယ် ဆိုတာမျိုးတွေကိုအလားအလာ ညွှန်းတမ်းမှာ ရေးရတာ။ ရေးပြီးမှ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM) မှာ တင်ရမှာ။ တင်ပြီးတော့မှ SECM က သူတို့ရဲ့ဥပဒေတွေနည်းဥပဒေတွေအရ ရက် ၆၀ အတွင်းမှာ သူတို့တင်လာတာကို အတည်ပြုပေးမှာ။ အတည်ပြုပြီးတော့မှ DICA ကို ကုမ္ပဏီဥပဒေအရ မှတ်ပုံတင်အရာရှိထံကို သူတို့က တင်ပြရမှာ။ အဲဒီလိုတင်ပြပြီးမှာ အပြင်ကို ရှယ်ယာ offer လုပ်လို့ရပြီ။ အဲတော့ Public ကုမ္ပဏီက အများပြည်သူကို ရှယ်ယာ offer လုပ်လို့ရတယ်။ အဲဒီတော့မှ အများပြည်သူက ငွေတွေ ထည့်ဝင်လာမှာပေါ့နော်။ အဲဒါမှသူတို့လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်းချဲ့ထွင်တာမျိုး လုပ်လို့ရမှာ ပေါ့နော်။ ဒါက အားသာချက်။  ဒါပေမဲ့ အားသာချက်အပေါ်မှာ ကုမ္ပဏီအနေနဲ့ကျတော့ ဘာတွေလိုက်နာရမလဲဆိုတော့ ခုနက ရှယ်ယာ offer လုပ်ထားတဲ့ ပိုက်ဆံ၊ငွေတွေ ကို သူတို့လုပ်မယ်ဆိုတဲ့ project တွေမှာ ဆောင်ရွက်ရမယ်။ တကယ်လို့မဆောင်ရွက်နိုင်ရင် ခုနကပိုက် ဆံထည့်ဝင်ထားတဲ့ရှယ်ယာရှင်တွေကို ငွေပြန်အမ်းတာ၊ ပြန်မအမ်းရင် ဥပဒေနဲ့အညီ  အတိုးပေးရတာမျိုးတို့ ဒါမျိုးတွေ ကုမ္ပဏီဥပဒေမှာ အများကြီးရှိတယ်”ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဧရာဝတီဘဏ်လီမိတက်အနေဖြင့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီအဖြစ်သို့ အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံ တင်ပြပြီးဖြစ်ကြောင်း သိရသည်။

“ဧရာဝတီဘဏ်က ပြောင်းဖို့ ဆိုပြီးတင်တာထားထက် သတင်းစာမှာလည်းကြော်ငြာပြီးပြီ။ MyCO မှာလည်း တင်ထားပြီ။ ဒါပေမဲ့ လောလောဆယ်တော့ Public မဖြစ်သေးဘူး”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရန်ပုံငွေမှ မွေးမြူရေး ကဏ္ဍသို့ ထုတ်ချေးခဲ့သည့်ချေးငွေများ ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်

ကိုဗစ်-၁၉ ရန်ပုံငွေမှ မွေးမြူ ရေးကဏ္ဍသို့ ကျပ် ၇ ဒသမ ၆ဘီ လျံ ထုတ်ချေးခဲ့မှုအနက် အတိုးပေးခြင်း၊ ချေးငွေရည်ရွယ်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်းများကိုချေးငွေပြန်လည် ပေးဆပ်ရမည့်ကာလ သက်တမ်း တစ်နှစ် ထပ်မံတိုး မြှင့်လိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

ကိုဗစ်-၁၉ ရန်ပုံငွေမှ နိုင်ငံသားပိုင် ငါး၊ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူ‌ရေးကဏ္ဍသို့ထုတ်ပေးထားသည့် ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း တစ်နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် အသိပေးချက်ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ကို ဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း တစ်နှစ်(အတိုးနှုန်းတစ်ရာခိုင်နှုန်း) သတ်မှတ်ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှစတင်၍ ချေးငွေများ ခွင့်ပြုထုတ်ချေးပေးခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ်က  ၂၀၂၂ ခု နှစ်၊ အောက်တိုဘာလ ၃၁ ရက်အထိ ကုမ္ပဏီ/လုပ်ငန်းစုစုပေါင်း ၃၂၅ ခု၊ ချေးငွေပမာဏ ကျပ် ရဒသမ၆ ဘီလျံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို  ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သဖြင့် အစောဆုံးထုတ်ပေးခဲ့သည့် ချေးငွေရရှိသူများသည် မကြာမီ ချေးငွေသက်တမ်းကာလပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့်ကာလ စေ့ရောက်တော့မည်ဖြစ်သည်။

လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများထိခိုက်မှုများထပ်မံရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှုအဆင်ပြေ ချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်တစ်နှစ်သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူ‌ရေးကဏ္ဍမှ ကုမ္ပဏီ/လုပ်ငန်း ၃၂၅ ခု အနေဖြင့် အောက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန် ကာလကိုချေးငွေကာလသက်တမ်းတစ်နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် တစ်နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာထားသည်။

အဆိုပါလုပ်ငန်းများမှာ (က)  အတိုးများအား ကာလစေ့ရောက် သည့်နေ့တွင် ပေးဆပ်ပြီးဖြစ်ရမည်၊ (ခ) ချေးငွေအား ရည်ရွယ်ချက်အ တိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/လုပ်ငန်း ဖြစ်ရမည်တို့ဖြစ်သည်။

လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည် ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ပါကြောင်း”အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် ချေးငွေအရင်း၊ အတိုးပြန်လည်ပေးဆပ်ရန်ပျက်ကွက်ပါက ချေးငွေ သဘောတူ စာချုပ်ပါအတိုင်း ဘဏ် လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမ ကြောင်းအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကျေပေးဆပ်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန်တန်ချိန် ၁၁၀၀၀၀ ခန့် တင်ပို့ခဲ့ပြီး တင်ပို့ရန် ကျန်ရှိသောဆန်များအနက် ဆန်တန်ချိန် ၂၀၀၀ ကျော်ကို သင်္ဘောတင်ဆဲဖြစ်     

၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန် တန်ချိန် ၁၁၀၀၀၀ ခန့် တင်ပို့ခဲ့ပြီး တင်ပို့ရန် ကျန်ရှိသောဆန်များအနက် ဆန်တန်ချိန် ၂၀၀၀ ကျော်ကို သင်္ဘောတင်ဆဲဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆန်ကုန်သွယ်မှုဆိုင်ရာစာချုပ်အရ ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန်တင်ပို့ရာတွင် တရုတ်ယွမ်ဖြင့် တင်ပို့ခွင့်ပြုထားပြီး FOB စျေးနှုန်း တစ်တန်လျှင် တရုတ်ယွမ် ၂၇၈၈ ဒသမ ၅၆ ယွမ် ဖြင့် တန်ချိန်နှစ်သိန်း တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြား ဆန်ကုန်သွယ်မှုဆိုင်ရာ G to G MoU အစီအစဉ်အရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီ ၄၈ ခုမှ ဆန်တန်ချိန် နှစ်သိန်းကို တရုတ်ယွမ်ဖြင့် တင်ပို့ခြင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ဆောင်ရွက် မည် ဖြစ်သည်။

ထိုသို့တင်ပို့ရာတွင် နှစ်နိုင်ငံတာဝန်ရှိသူများ၏ Contract စာချုပ်အရ White Rice (ATAP) GPCT Broken STX ဆန်အမျိုးအစားကို တင်ပို့မည်ဖြစ်ပြီး FOB စျေးနှုန်းမှာ တစ်ကီလိုလျှင် တရုတ်ယွမ် ၂ ဒသမ ၇၈၈၅၆ ယွမ်ဖြစ်ပြီး တစ်တန်လျှင် တရုတ် ယွမ် ၂၇၈၈ ဒသမ ၅၆ ယွမ်ဖြင့် တင်ပို့ရောင်းချမည်ဖြစ် သည်။

ကုန်သွယ်ရေးဦးစီးဌာန၊  ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီ ၄၁ ခုသို့ ပို့ကုန်လိုင်စင် ၄၂ စောင်၊တန်ချိန် ၁၉၁၇၀၀ တန်၊ တန်ဖိုး တရုတ်ယွမ် ၅၃၄ ဒသမ ၅၅၅ သန်းအား ခွင့်ပြုထုတ်ပေးထားသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် ကျန်ရှိသည့် ဆန်တန်ချိန်တစ်သိန်းခွဲကျော်ကို သတ်မှတ် ကာလအတွင်း တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအစိုးရအကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခု နှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ ကို တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။

အဆိုပါ MoU အရ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်-MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန် တန်ချိန်နှစ်သိန်းတင်ပို့ရန် သဘောတူစာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး  တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။     

Most Read

Most Recent