ကိုဗစ်ဗိုင်းရပ်ကပါကင်ဆန်(Parkinson's disease)ရောဂါလိုမျိုးအလားတူတဲ့ဦးနှောက်အတွင်းရောင်ရမ်းတဲ့ထုတ်ပြန်မှုတွေဖြစ်ပေါ်စေနိုင်တယ်လို့လေ့လာမှုကဆိုတယ်။အနာဂတ်မှအာရုံကြောပိုင်းဆိုင်ရာပျက်စီးယိုယွင်းမှုအခြေအနေတွေနဲ့ကြုံတွေရနိုင်ခြေတွေလည်းများတယ်လို့ကွင်းစလန်းတက္ကသိုလ်ကပြုလုပ်တဲ့သုတေသနသစ်အရသိရတယ်။
ပါကင်ဆန်၊အယ်ဇိုင်းမား(alzheimer)လိုဦးနှောက်ပိုင်းရောဂါတွေဖြစ်နိုင်ခြေတိုးများလာမှုမှာအဓိကပါဝင်နေတဲ့ဆဲလ်တွေဖြစ်တဲ့ဦးနှောက်ရဲ့ခုခံဆဲလ်တွေအပေါ်ကိုဗစ်ဗိုင်းရပ်ရဲ့သက်ရောက်မှုတွေကိုလေ့လာခဲ့ကြတာဖြစ်တယ်လို့လေ့လာမှုဦးဆောင်သူကွင်းစလန်တက္ကသိုလ်ဆေးဝါးဗေဒပါမောက္ခထရန့်ဝုဒ်ရက်ဇ်ကဆိုတယ်။လှူဒါန်းထားတဲ့လူ့သွေးတွေကိုအသုံးပြုပြီးဓာတ်ခွဲခန်းထဲမှာဦးနှောက်ရဲ့ခုခံဆဲလ်တွေကိုပြုလုပ်ကာတူစွာပဲဦးနှောက်ကိုရောင်ရမ်းမှုတွေသိသိသာသာဖြစ်ပေနိုင်တယ်လို့တွေ့ရှိခဲ့ကြတာဖြစ်တယ်။ယခင်ကတည်းကပါကင်ဆန်ရောဂါရှိထားနှင့်သူတွေမှာကိုဗစ်ကူးစက်ခဲ့ရင်ဦးနှောက်ရောင်ရမ်းမှုကပိုမိုဆိုးရွားသွားစေနိုင်မှာဖြစ်တယ်လို့ထရန့်ဝုဒ်ရက်ကသတိပေးပြောကြားသွားခဲ့တယ်။အဆိုပါသုတေသီအဖွဲ့အနေနဲ့ကိုဗစ်နဲ့ဦးနှောက်ရောင်ရမ်းတဲ့ဆက်စပ်မှုကိုဆက်လက်ပြီးအသေးစိတ်လေ့လာသွားဖို့ရှိသေးတယ်ဆိုပါတယ်။
နောက်ဆုံးထုတ်ထပ်ဆင့်မြှင့်ကိုဗစ်ကာကွယ်ဆေးတွေကကိုဗစ်မျိုးကွဲများကိုထိရောက်မှုရှိကြောင်းဖိုင်ဇာကုမ္ပဏီကဆိုတယ်။ကူးစက်မှုလျင်မြန်လှတဲ့အိုမီခရွန်ဘီအေဖိုးနဲ့ဘီအေဖိုက် ..တွေအပါအဝင်ကိုဗစ်မျိုးကွဲအမျိုးမျိုးကိုအမြင့်မားဆုံးကာကွယ်မှုရယူထားနိုင်ဖို့ရာအတွက်၊ပြည်သူတွေအနေနဲ့ထပ်ဆင့်မြှင့်ကိုဗစ်ကြိုတင်ထိုးနှံထားကြဖို့တိုက်တွန်းလိုကြောင်းဖိုင်ဇာရဲ့စီအီးအိုအယ်ဘတ်ဘော်လာကပြောကြားခဲ့တယ်။ယခုထပ်ဆင့်မြှင့်ကာကွယ်ဆေးတွေကိုအသက်ငါးနှစ်နဲ့အထက်တွေမှာအရေးပေါ်ထိုးနှံသုံးစွဲဖို့အတွက်အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကအသိမှတ်ပြုထားပြီးဖြစ်တယ်။လေ့လာမှုအချက်အလက်အရဆေးထိုးနှံပြီးတစ်လအကြာမှာအိုမီခရွန်ဘီအေဖိုးနဲ့ဘီအေဖိုက်တွေပျက်ပြားသွားစေနိုင်တဲ့ပဋိပစ္စည်းထွက်ရှိမှုကအသက်(၅၅)နှစ်အသက်အရွယ်တွေမှာဆေးမထိုးရခင်တုန်းကထက်(၁၃•၂)ဆတိုးမြှင့်လာပြီး၊အသက်(၁၈-၅၅)နှစ်အရွယ်တွေမှာတော့(၉•၅)ဆတိုးမြှင့်လာတာတွေ့ရတယ်လို့သိရပါတယ်။နှိုင်းယှဉ်ချက်အရမူလထွက်ရှိထားတဲ့(Booster)ဆေးကိုထိုးထားတဲ့အသက်(၅၅)နှစ်အထက်အရွယ်တွေမှာ(၂၁•၉)ဆသာတိုးလာတာတွေ့ရတယ်ဆိုတယ်။
ဖိုင်ဇာ(Pfizer)ကသူတို့အသစ်ပြုပြင်မွမ်းမံထားတဲ့ကိုဗစ်(COVID-19)ထပ်ဆင့်မြှင့်ကာကွယ်ဆေးဟာအသစ်ထွက်ပေါ်လာတဲ့အိုမီခရွန်မျိုးကွဲများအတွက်အကာအကွယ်အချို့ပေးနိုင်စွမ်းဖွယ်ရှိတယ်လို့နိုဝင်ဘာ(၁၈)ရက်ကဆိုတယ်။ဖိုင်ဇာ(Pfizer)နဲ့ပြိုင်ဘက်မိုဒါနာ(Moderna)တို့မှလက်ရှိကူးစက်ပျံ့နှံ့နေတဲ့အိုမီခရွန်ဘီအေဖိုက်(BA-5)မျိုးကွဲအတွက်ရည်ရွယ်ကာအသစ်ပြုပြင်မွမ်းမံထုတ်လုပ်ထားတဲ့ကိုဗစ်ထပ်တိုးကာကွယ်ဆေးများထိုးနှံကြဖို့အမေရိကန်နိုင်ငံသားများကတွန့်ဆုတ်နေကြပါတယ်။လက်ရှိမှာဘီအေဖိုက်(BA-5)မျိုးကွဲကူးစက်မှုနှုန်းမြင့်တက်နေခြင်းနဲ့အတူထပ်တိုးကာကွယ်ဆေးသစ်ဟာဘယ်လိုထိန်းထားနိုင်မယ်ဆိုတဲ့အချက်နဲ့ပက်သက်လို့မေးခွန်းများထွက်ပေါ်လာခဲ့ပါတယ်။
စိုးရိမ်ဖွယ်ဘီကျူဝမ်းဝမ်း(BQ 1-1)မျိုးကွဲအပါအဝင်နောက်ထပ်အိုမီခရွန်မျိုးကွဲလေးမျိုးကိုပစ်မှတ်ထားနိုင်တဲ့အသစ်ပြုပြင်မွမ်းမံထားတဲ့ထပ်တိုးကာကွယ်ဆေးဟာဗိုင်းရပ်ကိုတိုက်နိုင်တဲ့ပဋိပစ္စည်းများထုတ်ပေးနိုင်တယ်လို့ဖိုင်ဇာ(Pfizer)ကပြောကြားထားတယ်။ထပ်ဆင့်မြှင့်ကာကွယ်ဆေးဟာဘီအေဖိုက်(BA-5)မျိုးကွဲကိုခုခံနိုင်ချိန်မှာအသစ်ထွက်ပေါ်လာတဲ့မျိုးကွဲများအတွက်သန်မာတဲ့ကိုယ်ခံအားတုံ့ပြန်မှုကိုထုတ်လုပ်ပေးနိုင်ခြင်းမရှိပါဘူး။
ပြင်းထန်တဲ့ကိုဗစ်(COVID-19)ရောဂါကူးစက်မှုမဟုတ်ရင်တောင်ကူးစက်မှုဖြစ်ပွားပြီးခြောက်လအတွင်းအတက်ရောဂါဖြစ်ပေါ်ခံစားရနိုက်ခြေမြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့သုတေသနတစ်ခုကဆိုတယ်။ဗြိတိန်နိုင်ငံအောက်စဖို့ဒ်တက္ကသိုလ်မှစီနီယာသုတေသီဒေါက်တာအာဂွန်ဆင်ဦးဆောင်တဲ့လေ့လာမှုမှာကိုဗစ်(သို့)တုပ်ကွေးကူးစက်မှုခံစားခဲ့ရသူအမေရိကန်နိုင်ငံသား(၃၀၀၀၀၀)ကျော်ရဲ့အချက်လက်တွေလေ့လာခဲ့ရာမှာကိုဗစ်ကူးစက်ခံရဖူးသူတွေမှာနောက်ခြောက်လအတွင်းအတက်ရောဂါကုသမှုခံယူရနိုင်ခြေ(၅၅%)ထိရှိနိုင်တယ်လို့သုတေသီတွေကတွေ့ရှိခဲ့တာဖြစ်တယ်။
ကိုဗစ်(COVID-19)ရောဂါနဲ့အတက်ရောဂါခံစားရမှုကြားဆက်စပ်မှုကအသက်ပြည့်ပြီးတဲ့လူကြီးတွေမှာထက်ကလေးတွေမှာပိုမိုပြင်းထန်နိုင်ခြေများတယ်လို့သုတေသီကဆိုတယ်။ကိုဗစ်(COVID-19)ကူးစက်ခံရပြီးသူတွေမှာကျန်းမာရေးပြဿနာတွေကိုဆက်စပ်ပြီးအချိန်ကာလရှည်ကြာစွာခံစားရနိုင်တဲ့အပေါ်သုတေသီတွေကလေ့လာခဲ့ကြတာဖြစ်တယ်။အတက်ရောဂါဖြစ်ပွားနိုင်ခြေကချက်ချင်းမှာနည်းပါးနိုင်ပေမယ့်ကာလအတိုင်းအတာတစ်ခုအထိဖြစ်နိုင်တဲ့အခွင့်အလမ်းတွေရှိနေနိုင်တာကြောင့်အဆိုပါအချက်သတိထားပြီးဂရုတစိုက်နေထိုင်သင့်တယ်လို့သုတေသီတို့ကဆိုတယ်။
အခန်းအတွင်းစိုထိုင်းမှုကြောင့်ကိုဗစ်ပြန့်ပွားမှုအပေါ်သက်ရောက်မှုရှိစေတယ်ဆိုတယ်။နေထိုင်တဲ့အခန်းအတွင်းမှာခြောက်သွေ့လွန်းလို့(သို့)စိုထိုင်းစများလွန်းတာကြောင့်ကိုဗစ်(COVID-19)ကူးစက်ပြန့်ပွားမှုရှိစေနိုင်ပြီးနာမကျန်းမှုတွေနဲ့သေဆုံးမှုတွေပိုမိုဖြစ်စေနိုင်တဲ့ထိသက်ရောက်မှုရှိစေနိုင်တယ်လို့မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှသုသေသီကဆိုတယ်။အခန်းအတွင်းလေထုစိုထိုင်းဆကို(၄၀-၆၀%)ကြားမှာထိန်းထားပေးတာကကိုဗစ်ကူးစက်မှုတွေနဲ့သေဆုံးမှုနှုန်းတွေကိုလျော့နည်းတွေ့ရှိခဲ့တယ်လို့သုတေသီကဆိုတယ်။အဆိုပါအနေအထားရဲ့ပြင်ပအခြေအနေတွေမှာဆိုရင်ကိုဗစ်(COVID-19)ကူးစက်မှုရလဒ်တွေပိုဆိုးရွားစေနိုင်တယ်လို့သုတေသီကဆိုတယ်။အခန်းတွင်းလေးထုစိုထိုင်းဆကိုအလယ်အလတ်ထားရှိပေးမှုကကူးစက်မှုတွေအထိုက်အလျောက်ကာကွယ်ပေးနိုင်တဲ့အလားအလာရှိတာတွေ့ရှိရတယ်လို့လေ့လာမှုဦးဆောင်သူ'ကွန်နာဗာဟီယင်'ကဆိုတယ်။လူအများစုကအခန်းတွင်းလေထုစိုထိုင်းဆကို(၃၀-၅၀%)ကြားမှာသက်သောင့်သက်သာရှိရှိနေထိုင်ခဲ့ကြတာသတိပြုမိခဲ့ပြီးလေယာဉ်ခန်းထဲမှာဆိုရင်စိုထိုင်းဆ(၂၀%)ဝန်းကျင်သာဖြစ်နေတယ်ဆိုပါတယ်။ကူးစက်မှုတွေမှာအခန်းတွင်းလေထုစိုထိုင်းဆလွှမ်းမိုးမှုရှိရတဲ့အကြောင်းရင်းကိုမသေချာသေးပေမယ့်အခြားနောက်ဆက်တွဲလေ့လာမှုတွေမှာတော့အခန်းတွင်းလေထုကခြောက်သွေ့လွန်းတဲ့အခြေအနေ(သို့)စိုထိုင်းဆများလွန်းတဲ့အခြေအနေမှာအသက်ရှူလမ်းကြောင်းကထွက်လာတဲ့အမှုန်ငယ်တွေကအခန်းထဲကြာရှည်စွာတည်ရှိနိုင်ပြီးအဆိုပါအမှုန်ငယ်လေးတွေကပ်တွယ်နေတဲ့ရောဂါပိုးမွှားတွေကလည်းကာလရှည်ကြာရှင်သန်နေထိုင်တာကြောင့်ကူးစက်ပြန့်ပွားမှုတွေများစေနိုင်တာလို့ဆိုကြပါတယ်။
(၂၀၂၂)ဒီဇင်ဘာ(၂)ရက်ထိတစ်ကမ္ဘာလုံးကိုဗစ်(COVID-19)ကူးစက်သူ(၆၄၈)သန်း၊သေဆုံးသူ(၆.၆)သန်းကျော်ရှိပြီးမြန်မာနိုင်ငံမှာကိုဗစ်(COVID-19)ဖြစ်ပွားသူ(၆၃၃၂၆၁)ဦး၊ကိုဗစ်ကြောင့်သေဆုံး(၁၉၄၈၈)ဦးထိရှိလာပြီဖြစ်တယ်။နောက်ဆုံးတွေ့ရှိမှုအရကိုဗစ်(COVID-19)ကူးစက်ပြီးသူဖြစ်ရင်တောင်ကာကွယ်ဆေးထိုးနှံဖို့လိုအပ်ပြီးနောက်တစ်ဖန်ထပ်ပြီးကူးစက်ခံရတာကိုထိရောက်စွာကာကွယ်ထားနိုင်တယ်လို့အကြံပြုထားတယ်။ကိုဗစ်(COVID-19)ကူးစက်မှုလှိုင်းတွေအပေါ်မူတည်ပြီးကာကွယ်ဆေးထိုးထားသူတွေဟာ(၆၀-၉၄%)ထိရောဂါကာကွယ်ပေးနိုင်တယ်ဆိုတယ်။(၂၀၂၀)ပြည့်နှစ်ဇန်နဝါရီမှ(၂၀၂၂)ဇန်နဝါရီကြားဒိန်းမတ်နိုင်ငံတွင်းပိုးတွေ့အဖြေထွက်ရှိသူတွေရဲ့ကူးစက်မှုနဲ့ကာကွယ်ဆေးထိုးမှုဆိုင်ရာအချက်အလက်များကိုလေ့လာခဲ့ကြတယ်။နောက်တစ်ကြိမ်ကူးနိုင်မှု(၉)လကြာမြင့်တယ်လို့သုတေသီကဆိုပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်းတောင်ကိုးရီးယား၊ဂျပန်နဲ့ပြင်သစ်နိုင်ငံတို့မှာကိုဗစ်(COVID-19)ဖြစ်ပွားမှုရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ပြီးအမေရိကန်နဲ့တရုတ်နိုင်ငံတွေမှာလျော့ကျခဲ့ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ကိုဗစ်(COVID-19)ဆိုင်ရာအပတ်စဉ်အစီခံစာအရဆိုတယ်။အဆိုပါအစီရင်ခံစာအရကိုဗစ်(COVID-19)ဖြစ်ပွားမှုအနေနဲ့ဂျပန်နိုင်ငံမှာ(၁၈%)၊တောင်ကိုရီးယားမှာ(၂%)၊ပြင်သစ်(၂၃%)မြင့်တက်ခဲ့ပြီးအမေရိကန်နိုင်ငံမှာ(၃%)နဲ့တရုတ်နိုင်ငံမှာ(၈%)လျော့ကျခဲ့ကြောင်းသိရပါတယ်။သေဆုံးမှုအနေနဲ့တရုတ်နိုင်ငံမှာ(၁၆%)၊ပြင်သစ်(၉%)၊ဂျပန်(၂၇%)မြင့်တက်ခဲ့ပြီးအမေရိကန်မှာ(၅%)၊ရုရှားမှာ(၁%)လျော့ကျခဲ့တယ်။
တရုတ်နိုင်ငံမှာကိုဗစ်(COVID-19)မြင့်တတ်လာစဉ်ရောဂါကူးစက်မှုအများဆုံးဒေသအချို့မှဒေသခံများကိုနေအိမ်မှာသာနေထိုင်ကြဖို့အာဏာပိုင်များကညွှန်ကြားခဲ့ပြီးနောက်နိုဝင်ဘာ(၂၁)ရက်မှာမြို့တော်ပီကင်းရှိဆိုင်အချို့စာသင်ကျောင်းများပိတ်ထားပြီးအွန်လိုင်းကသာသင်ကြားစေကြောင်းဆိုတယ်။တရုတ်အာဏာပိုင်များဟာနိုင်ငံအလယ်ပိုင်းဟဲနန်းပြည်နယ်ကျင့်ကျိုးမြို့မှနိုင်ငံအနောက်တောင်ပိုင်းချုံချင့်မြို့အထိကိုရိုနာဗိုင်းရပ်(SARS COV2)ကူးစက်ပျံ့ပွားမှုများကိုထိန်းချုပ်ဖို့ကြိုးပမ်းနေပါတယ်။နိုဝင်ဘာ(၂၀)ရက်ကပြည်တွင်းကူးစက်မှုအသစ်(၂၆၈၂၄)ဦးတွေ့ရှိကာဧပြီလထဲရောဂါအမြင့်ဆုံးကူးစက်မှုအရေအတွက်နဲ့နီးကပ်ခဲ့တယ်။
တရုတ်နိုင်ငံမှာလတ်တလောကိုရိုနာဗိုင်းရပ်ကူးစက်မှုအမြင့်ဆုံးဖြစ်တဲ့နိုင်ငံတောင်ပိုင်းကွမ်ကျိုးမြို့မှာလည်းလူဦးရေအထူထပ်ဆုံးပိုင်ယွန်ခရိုင်ကိုငါးရက်ကြာလော့ဒေါင်းချခဲ့တယ်။ကွမ်ကျိုးမြို့ရဲ့စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်တဲ့ကျန်ဟဲခရိုင်မှာလည်းနိုက်ကလပ်နဲ့ရုပ်ရှင်ရုံများပိတ်ထားခြင်း၊စားသောက်ဆိုင်များဆိုင်ထိုင်စနစ်နဲ့ရောင်းချမှုကိုယာယီရပ်ဆိုင်းခဲ့ပါတယ်။
နိုဝင်ဘာ(၂၈)ရက်ကတောင်ကိုရီးယားမှာကိုဗစ်ကူးစက်ခံရသူ(၂၂၃၂၇)ဦးထပ်မံတွေ့ရှိကာကိုဗစ်(COVID-19)ကူးစက်ခံရသူပေါင်း(၂၆၉၅၉)ဦးရှိလာကြောင်း(၅၃)ဦးဟာပြည်တော်ပြန်များဖြစ်ပြီးကျန်ရှိသူများဟာပြည်တွင်းကူးစက်ခံရသူများဖြစ်ကြောင်းသိရတယ်။နိုဝင်ဘာ(၂၈)(၂၄)နာရီအတွင်းသေဆုံးသူ(၄၄)ဦးထပ်မံတွေ့ရှိခဲ့ပြီးသေဆုံးသူစုစုပေါင်း(၃၀၄၁၃)ဦးရှိလာကြောင်းတောင်ကိုးရီးယားအာဏာပိုင်များကဆိုတယ်။ကမ္ဘာ့အဆင့်(၁၁)ဖြစ်တယ်။
ကိုဗစ်(COVID-19)ကြီးကကမ္ဘာမြေပေါ်မှပျောက်ကွယ်မသွားပဲ(၄-၅)နှစ်ကြာနေဦးမှာဆိုတော့ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်၊ထပ်ဆင့်မြှင့်ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံခြင်းအပြင်ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်းစည်း(surgical mask)တပ်ဆင်ခြင်း၊လက်ကိုရေ၊ဆပ်ပြာတို့နဲ့စက္ကန့်(၂၀)ကျော်ကြာပွတ်တိုက်ဆေးခြင်း၊လူတစ်ဦးနဲ့တစ်ဦး(၆)ပေခွာခြင်း၊လူစုလူဝေးရှောင်ခြင်း၊လေဝင်လေထွက်ကောင်းအောင်စီမံခြင်းတို့ပြုလုပ်ဖို့လိုတယ်။
ဆီးချိုစတဲ့နာတာရှည်ရောဂါအခံရှိသူများနဲ့ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့အကျုံးဝင်သူများအနေနဲ့ကာကွယ်ဆေးထိုးနှံသင့်အကြောင်းရင်းမှာမျိုးဗီဇပြောင်းကိုဗစ်ရောဂါပိုးအမျိုးမျိုးကြောင့်ကိုဗစ်(COVID-19)ဖြစ်ပွားပါကသေဆုံးနိုင်ခြေအလွန်နည်းပါးခြင်း၊ဆေးရုံတက်ရမှုလျော့ကျခြင်း၊ကျူ(Q-Quarintine)ဝင်ဖို့မလိုခြင်း၊အားနည်းသူများအားကိုဗစ်ကူးစက်ခံရပါကရောဂါပြင်းထန်စွာခံစားရနိုင်ခြေရှိလို့ကာကွယ်ဆေးမဖြစ်မနေထိုးသင့်တယ်။
ကိုဗစ်(COVID-19)ကာလအတွင်းအီးပညာရေး(e-education)၊အီးကျန်းမာရေး(e-health)၊အီးဂါးဗင့်မင့်(e-government)၊အွန်လိုင်းရောင်းဝယ်ရေးများခေတ်စားလာပြီးအွန်လိုင်းမီတင်း(Online meeting)များလုပ်ဆောင်နိုင်လို့အောက်ခြေနဲ့ပိုမိုနီးစပ်လာပါတယ်။သင်ထောက်ကူပစ္စည်းရှားပါးတဲ့နိုင်ငံတွေမှာအီးပညာရေးစတဲ့အွန်လိုင်းစနစ်ခက်ခဲပေမယ့်ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာအရှိန်အဟုန်ကောင်းနဲ့ချီတက်လာတယ်။(၂၀၂၅)ခုနှစ်မှာအိမ်မှာအလုပ်လုပ်တဲ့ရက်တစ်ပတ်မှာ(၅)ရက်ထိဖြစ်လာနိုင်တယ်။ပစ္စည်းဖြန့်ဝေသူ(Delivery)လုပ်ငန်းတွင်ကျယ်လာပါတယ်။ ။










