ငါန်းဇွန်မြို့နယ် ထန်းတပင် ကျေးရွာအနီးတွင် ရိုးမဘဏ်မှ ကျပ်သိန်း ၁၇၆၀ ထည့်ထားသည့် ATM စက်နှစ်လုံးနှင့် ယင်းစက်များတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ဓားပြတိုက်လုယက်ခံရ

ငါန်းဇွန်မြို့နယ် ထန်းတပင် ကျေးရွာအနီးတွင် ရိုးမဘဏ်မှ ကျပ်သိန်း ၁၇၆၀ ထည့်ထားသည့် ATM စက်နှစ်လုံးနှင့် ယင်းစက်များတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ဓားပြတိုက်လုယက်ခံရ
Published 1 December 2022

မန္တလေးတိုင်းဒေသကြီး၊ မြို့သာစက်မှုဇုန်ရှိ De Huse Company မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာပေးထုတ်ပေးရန် ရိုးမဘဏ်မှ ကျပ်သိန်း ၁၇၆၀ ထည့်ထားသည့် ATM စက်နှစ်လုံးနှင့် ယင်းစက်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီး၌ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဓားပြတိုက်လု ယက်ခံရကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အရှေ့ရပ်ကွက်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ရိုးမဘဏ်မှ ဘဏ်ဝန်ထမ်း ဦး ကောင်းဆက်သူနှင့် ဦးထက်ပိုင်စိုးတို့နှစ်ဦးသည် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မြို့သာ စက်မှုဇုန်ရှိ De Huse Company မှ ကုမ္ပဏီ ဝန်ထမ်းများအား လုပ်အားခလစာများ ထုတ် ပေးနိုင်ရန်အတွက် ATM စက်တစ်လုံးလျှင် ကျပ်သိန်း ၈၈၀ စီထည့်ထားသည့် ATM စက် နှစ်လုံးအား ဘဏ်မှ ယာဉ်မောင်းဖြစ်သူ ဦးသန်းဖြိုးအောင် မောင်းနှင်သည့် MDY 5R/---- Dinner Box မော်တော်ယာဉ်ပေါ်တင် ဆောင်ကာ မြို့သာ-တံတားဦးကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၈ နာရီခွဲအချိန် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီး အရောက်၌ PDF ခြောက်ဦးက ဆိုင်ကယ်သုံး စီးဖြင့် လမ်းအားပိတ်ရပ်ကာ မော်တော်ယာဉ် ကိုတားဆီးပြီး ဦးကောင်းဆက်သူတို့သုံးဦး အား သေနတ်များဖြင့်ခြိမ်းခြောက်၍ ယာဉ်ပေါ်မှဆင်းခိုင်းကာ မော်တော်ယာဉ်နှင့် ကျပ် သိန်း ၁၇၆၀ ပါ ATM စက်နှစ်လုံးတို့အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ ဓားပြတိုက်လုယက်ယူဆောင် သွားသော PDF များအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent