နွေရာသီမရောက်ခင်မှာပင် ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးပြတ် တောက်မှု ခပ်စိတ်စိတ်ဖြစ်လာခဲ့ သည်ဟု ဆိုရမည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်လို့ သတ်မှတ်ထားတဲ့ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုမှာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည်ဟု ဆိုနိုင်ပါတယ်။
“ မီးက ဘယ်အချိန်ပြတ်မလဲ ဆိုတာ မသိရဘူး။ ထမင်းချက်နေ ရင်း ပြတ်သွားတာမျိုး ၊ ရေတင်နေ ရင်း ပြတ်သွားတာမျိုးက ခဏခဏ ကြုံရတယ်။ ခဏခဏလည်း စိတ် ညစ်ရတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောကြား ပါတယ်။
မြို့နေလူတန်းစားများသာမက ကျေးလက်နေသူများအတွက်လည်း လျှပ်စစ်မီးမှာ လက်ရှိတွင် မရှိမဖြစ် လိုအပ်သည့်အခြေအနေလည်း ဖြစ် ပါတယ်။
“ ကျွန်တော်တို့ဆိုင်တွေဆိုရင် အအေးခန်းအတွက် လျှပ်စစ်မီးက အမြဲတမ်းလိုအပ်တယ်။ မီးပြတ်တာနဲ့ အသားငါးတွေ အကုန်ပုပ်ကုန်ရော။ မီးပြတ်ပြီဆိုတာနဲ့ မီးစက်ကို တစ်ခါတည်း မောင်းရတယ်။ အဲဒီမှာ ဆီဖိုးက ထပ်ကုန်ပြန်ရော။ ဘယ်လို မှ အဆင်မပြေဘူး” ဟု ရန်ကုန်မြို့တွင်း မီနီမတ်ဖွင့်လှစ် ထားသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါတယ်။
လျှပ်စစ်မီး ဘာကြောင့် ပြတ်သလဲ
နိုဝင်ဘာလဆန်းပိုင်းက လျှပ် စစ်မီးပြတ်တောက်မှုမှာ အကြောင်း အရာနှစ်ခုကြောင့် ဖြစ်သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ခဲ့ပါ တယ်။
ပထမတစ်ခုမှာ ဇောတိက သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့် ခြင်း၊ ၁၃၂ ကေဗွီ ဘီလူးချောင်း-တီ ကျစ်ဓာတ်အားလိုင်း၏ တာဝါတိုင် နှစ်ခု ကျိုးပဲ့ပျက်စီးခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ နေရာအ ချို့တွင် ဓာတ်အားပြတ်တောက်နေ ခြင်းဖြစ်ပါတယ်။
ဒုတိယတစ်ခုမှာ ရတနာကမ်း လွန်သဘာဝဓာတ်ငွေ့လိုင်း အရေး ပေါ် ပြုပြင်နေသဖြင့် ရန်ကုန်တိုင်းရှိ သဘာဝဓာတ်ငွေ့လျှပ်စစ်ဓာတ် အားပေးစက်ရုံများသို့ ပို့လွှတ်မှု လျော့နည်းနေပြီး နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC ကထုတ် ပြန်ခဲ့ပါတယ်။
ဇောတိကသဘာဝဓာတ်ငွေ့ ပိုက်လိုင်းယိုစိမ့်မှုနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း- တီကျစ်ဓာတ်အား လိုင်း တာဝါတိုင်ကျိုးပဲ့ခြင်းကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်မှု စုစုပေါင်း ၂၈၀ MW ခန့် လျော့နည်းခဲ့ပါတယ်။
ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ထိန်း သိမ်းပြုပြင်နေစဉ်ကာလအတွင်း အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ် အားပေးစက်အမှတ် (၁၊ ၂) မှ ၄၅ MW ၊ Tyotothai ဓာတ်အားပေး စက်မှ ၁၁၅ MW၊ သာကေတဓာတ် အားပေးစက်မှ ၁၇ MW၊ UPP (ရွာမ) ဓာတ်အားပေးစက်မှ ၄၅ MW၊ Max Power (သာကေတ) ဓာတ် အားပေးစက်မှ၄၅ MW၊ လှော်ကား ဓာတ်အားပေးစက်မှ ၆၀MW၊ U Energy ဓာတ်အားပေးစက်မှ ၁၀၆ MW၊ စုစုပေါင်း ၄၃၃ MW ခန့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့ လွှတ်မှု လျော့နည်းခဲ့ကြောင်း၊ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ အတွက် အချို့နေရာများတွင် ဝန် အား လျှော့ချရခြင်းများရှိကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်ခဲ့ပါ တယ်။
ဓာတ်အားစနစ် တည်ငြိမ်မှုရှိ စေရန်အတွက် အရေးပေါ်ဝန်အား လျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ နေရာအချို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများရှိမည်ဖြစ်သော် လည်း အရေးကြီးနေရာများ ပြတ် တောက်မှုမရှိစေရေးကို အလေး ထားဆောင်ရွက်နေသည်ဟု YESC က ထုတ်ပြန်ခဲ့ပါတယ်။
ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်နေခြင်းဖြစ်ပြီး ယင်းပိုက် လိုင်းယိုစိမ့်မှုကြောင့် ဓာတ်အားစ နစ်အတွင်းသို့ ဓာတ်အား ထုတ်လုပ် ပို့လွှတ်နိုင်မှု ၄၃၃ MW ခန့် လျော့ နည်းခဲ့ပါတယ်။
သို့သော် လက်ရှိတွင် လျှပ်စစ် မီးပြတ်တောက်မှု ဆိုးရွားနေသော် လည်း မည်သည့်အကြောင်းကြောင့် ဆိုသည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိ သေးပေ။
“အခုချိန်က အရင်ရက်တွေ တုန်းကထက်ပိုဆိုးတယ်။ လာချင်တဲ့ အချိန်လာတယ်။ ပြတ်ချင်တဲ့အချိန် ပြတ်တယ်။ ဘယ်လိုမှ မှန်းလို့မရ ဘူး” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြော ကြားပါတယ်။
လျှပ်စစ်အရင်းအမြစ်ကို ဘယ်က အများဆုံးထုတ်ယူသလဲ
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ရာခိုင်နှုန်းအား ဖြင့် ရေအားမှ စုစုပေါင်း လျှပ်စစ် ထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်း၊သဘာဝ ဓာတ်ငွေ့မှ ၃၉ ရာခိုင်နှုန်း၊ LNG မှ ၁၃ ရာခိုင်နှုန်း၊ ဆိုလာမှ တစ်ရာ ခိုင်နှုန်းနှင့်ကျောက်မီးသွေးမှ နှစ်ရာ ခိုင်နှုန်း ထုတ်လုပ်ထားပါတယ်။
နှစ်အလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများအရ တစ်နှစ်ထက် တစ်နှစ် တိုးတက်ထုတ်လုပ်နိုင်ခဲ့ သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရ ပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ယူနစ်သန်းပေါင်း ၁၅၉၆၅၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်း ပေါင်း ၁၇၈၆၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၀၀၅၅၊ ၂၀၁၈- ၂၀၁၈ ဘဏ္ဍာနှစ် တွင် ယူ နစ်သန်းပေါင်း ၂၂၈၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယူ နစ်သန်း ပေါင်း ၂၇၃၀၀ အထိတိုး တက် ထုတ်လုပ်ခဲ့ကြောင်း သိရ ပါတယ်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ လျှပ်စစ်ဓာတ်အားအမျိုးအစား အ လိုက် ထုတ်လုပ်မှုအနေဖြင့် သဘာဝ ဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်း ပေါင်း ၁၅၀၇၃ ကျော်ဖြင့် အများဆုံး ထုတ်လုပ်ခဲ့ပြီး ရေအားမှကီလိုဝပ်နာ ရီ သန်းပေါင်း ၈၃၇၀ ကျော် ထုတ် လုပ်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အ ရ သိရပါတယ်။
နှစ်အလိုက် စွမ်းအင်အမျိုး အစားများဖြင့် လျှပ်စစ်ထုတ်လုပ် ထားသည့် အခြေအနေမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုမှ ကီလိုဝပ်နာ ရီသန်းပေါင်း ၈၀၆၂ ဒသမ ၀၂၊ ဒီ ဇယ်ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီ သန်းပေါင်း ၆၁ ဒသမ ၁၂၊ ရေအား လျှပ်စစ်ထုတ်လုပ်မှုမှာ ကီလိုဝပ်နာ ရီသန်းပေါင်း ၉၇၄၃ဒသမ ၈၅ ထုတ် လုပ်နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှုမှာ ကီလိုဝပ်နာရီသန်း ပေါင်း ၁၄ ဒသမ ၀၄ ထုတ်လုပ်ခဲ့ ပါတယ်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၅၀၇၃ ဒသမ ၉၇၊ ဒီဇယ်ထုတ်လုပ်မှုမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၉ ဒသမ ၅၆၊ ရေအားလျှပ်စစ်ထုတ် လုပ်မှုမှ ကီလိုဝပ်နာရီ သန်းပေါင်း ၈၃၇၀ ဒသမ ၂၆ သာထုတ်လုပ် နိုင် ခဲ့ပြီး နေရောင်ခြည်စွမ်းအင်ထုတ် လုပ်မှုမှ ကီလိုဝပ်နာရီသန်းပေါင်း ၇၉ ဒသမ ၀၉ အထိ တိုးတက်ထုတ် လုပ်နိုင်ခဲ့ပါတယ်။
လက်ရှိတွင်လည်း လျှပ်စစ်မီး ထုတ်လုပ်နိုင်ရန်အတွက် ရေအား လျှပ်စစ်စီမံကိန်းများ၊ ဆိုလာစွမ်း အင်သုံးလျှပ်စစ်ဓာတ်အား ထုတ် လုပ်မည့် စီမံကိန်းများကို ရေးဆွဲ လျက်ရှိနေပါတယ်။
လျှပ်စစ်ပြတ်တောက်မှုက ဘာတွေကို ရိုက်ခတ်မလဲ
လျှပ်စစ်မီး ပြတ်တောက်မှုမှာ ယခုနှစ် နှစ်စပိုင်းတွင်လည်း ဖြစ် ပွားခဲ့ပါတယ်။
ယင်းကာလအတွင်း လျှပ်စစ် မီးပြတ်တောက်မှုများ ရှိခဲ့သဖြင့် မြန်မာ့ထုတ်ကုန်ကဏ္ဍတွင် ဆုတ် ယုတ်လာခဲ့သည်ဟု ၂၀၂၂ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံထုတ်လုပ်မှု PMI – Manufacturing Purchaing Manager Index ထည့်ကုန် ဝယ်ယူရေးမန်နေဂျာများ၏ အ ညွှန်း) စစ်တမ်းအရ သိရပါတယ်။
“ဇွန်လအတွက် PMI ဒေတာ က မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍ အတွင်း လုပ်ကိုင်မှုအခြေအနေ တွေ ပိုပြီး အထင်အရှားဆုတ်ယုတ် လာမှုကို ထောက်ပြနေတယ်။ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ် နှစ် ရပ်စလုံး ပိုမြန်တဲ့နှုန်းနဲ့ ကျဆင်း လာ ခဲ့ပြီး ဝယ် ယူမှုတွေပါ ကျဆင်း သွားခဲ့ပါတယ်”ဟု S&P Global Marketing Intelligence မှ စီးပွား ရေးပညာရှင် Maryam Baluch က ပြောကြားခဲ့ပါတယ်။
အဓိကအကျဆုံးအညွှန်းကိန်း ကျဆင်းလာမှုမှာ ထုတ်လုပ်မှု ပမာဏများ ပိုမိုမြန်ဆန်စွာ ကျဆင်း လာမှုကြောင့်ဖြစ်ပါတယ်။ ကုမ္ပဏီ များက ထုတ်လုပ်မှုနိမ့်ကျလာခြင်းကို သုံးစွဲသူများဘက်မှ ဝယ်လိုအား ပျော့လာခြင်းနှင့်လည်းကောင်း၊ ကုန် ကြမ်းများနှင့် လျှပ်စစ်ပြတ် လပ် မှုများနှင့်လည်းကောင်း ဆက်စပ်နေ ကြောင်း ရှင်းပြကြသည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြထားပါတယ်။
လက်ရှိအချိန်တွင် ယင်းကဲ့သို့ စစ်တမ်းမျိုး ထွက်ပေါ်လာခြင်းမရှိ သေးသော်လည်း အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောကြားပါတယ်။
“ မီးပြတ်ပြီဆိုတာနဲ့ အလုပ်မ ရပ်အောင် မီးစက်မောင်းရပြီ။ မီး စက်မောင်းရပြီဆိုတာနဲ့ ဆီဖိုးက စ လာတယ်။ အဲဒါတွေက အသေးစား လုပ်ငန်းလေးတွေရော၊ အကြီးစား စက်မှုလုပ်ငန်းတွေအတွက်ရော မ ကိုက်ဘူး။ ရေရှည်အတွက်က ဘယ် လိုရပ်တည်မလဲဆိုတာက အခက်အ ခဲတစ်ခုဖြစ်နေပြီ” ဟု ရန်ကုန်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။
ယခုပြတ်တောက်နေသည့် လျှပ်စစ်မီးမှာ မည်သည့်အချိန်တွင် ပြတ်မလဲ မည်သည့်အချိန်တွင် ပြန် လာမလဲဆိုသည်ကို မခန့်မှန်းနိုင် ခြင်းမှာ အကြီးမားဆုံးအခက်အခဲ တစ်ခုဖြစ်သည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောကြားသည်။
“ မီးကို တစ်ရက် ဘယ်နှနာရီ ပေးမလဲဆိုတာကို မသိရဘူး။ လာချင်တဲ့အချိန်လာ၊ ပြတ်ချင်တဲ့အချိန် ပြတ်တာက ဘယ်လိုမှ အလုပ်လုပ်လို့မရဘူး။ နေ့တိုင်းမီးလာမယ်ဆို တာထက် ဘယ်နှနာရီမီးလာမလဲ ဆိုတာကိုပဲ ကြည့်နေရတယ်။ အဓိက အချိန်ဇယားမရှိတာက တော်တော်ဆိုးတယ်။ တချို့နေရာတွေဆို ကိုယ့်ရပ်ကွက်ကလာတယ်။ သူများရပ်ကွက်က ပြတ်တယ်။ တစ်မြို့နယ် တည်းမှာ ဖြစ်နေတာ။ အဲဒီလိုတွေက အများကြီးပဲ။ ကြာတော့ လျှပ်စစ်ရုံး ကို ဘယ်အချိန်မီးလာမလဲဆိုတာ မေးရတာ အားနာလာတယ်။ မေး လည်းမမေးချင်တော့ဘူး။ မေးရတာ ဖုန်းဘေလ်ကုန်တာပဲ အဖတ်တင်တယ်။ သူတို့လည်း ရေရေရာရာ မ ပြောနိုင်ဘူး” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။










