ညောင်ဦးမြို့နယ် ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းတွင် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားပြီး သုံးဦး သေဆုံး

ညောင်ဦးမြို့နယ် ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းတွင် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားပြီး သုံးဦး သေဆုံး
 အရှိန်လွန်တိမ်းမှောက်ခဲ့သည့်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ- Nyaung Oo Fsd
 အရှိန်လွန်တိမ်းမှောက်ခဲ့သည့်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ- Nyaung Oo Fsd
Published 23 November 2022

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ နယ် ညောင်ဦး-ကျောက်ပန်းတောင်းကား လမ်းတွင် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက် မှုဖြစ်ပွားပြီး သုံးဦးသေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ မိ နစ် ၃၀ ခန့်က မန္တလေးတိုင်းဒေသကြီး ညောင် ဦးမြို့နယ် ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၇/၅)အနီးတွင် ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက် မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင် ဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ် ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင် ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊ အမျိုးသမီးလေး ဦး၊ စုစုပေါင်းငါးဦးအနက် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးတွင် ထိခိုက် ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ကျန်အမျိုးသမီးတစ် ဦးမှာ ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ၎င်းတို့အား တောင်ဇင်းမေတ္တာရှင် လူမှုကူညီရေး အသင်း၊ Bagan Rescue အသင်းနှင့် အမှတ် (၅)အရန်မီးသတ်တို့မှ သူနာတင်ယာဉ်များ ဖြင့် ညောင်ဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။