ယခုဏ္ဍာနှစ်  ခုနစ်လ​ကျော်အတွင်း မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းမှ အ​မေရိကန်​ဒေါ်လာ ၁၃၇၆ ဒသမ ၁၀၁ သန်း ကုန်သွယ်နိုင်ခဲ့

ယခုဏ္ဍာနှစ်  ခုနစ်လ​ကျော်အတွင်း မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းမှ အ​မေရိကန်​ဒေါ်လာ ၁၃၇၆ ဒသမ ၁၀၁ သန်း ကုန်သွယ်နိုင်ခဲ့
Published 18 November 2022

မြန်မာ နိုင်ငံရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သော မြဝတီနယ်စပ်စခန်းမှ ယခု ဏ္ဍာနှစ်မေလ ၁ရက်နေ့မှ နိုဝင်ဘာလ၁၁ရက်နေ့ထိ  ၇ လကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၃၇၆ဒသမ ၁၀၁သန်း ကုန်သွယ်နိုင်ခဲ့သော်လည်း ယခင်နှင် ကာလတူကထက် ၁၃၉ဒသမရ၂၁ သန်းထိ လျော့ကျလာခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်ရောင်းဝယ်ရေး ဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

မြဝတီ နယ်စပ်ကုန်သွယ်လမ်းကြောင်း ဒေသတွင်းမတည်ငြိမ်မှုနှင့် ပို့ကုန်တန်ဖိုးများကို ​​ဒေါ်လာဝယ်ပြီး  မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ သွင်းကာ မြန်မာကျပ်ငွေ ပြန်လည်ထုတ်ယူရသည့် ကုန်သွယ်မှုမူဝါဒပြောင်းလဲပြီး​​နောက် ပို့ကုန်လျော့ကျခဲ့သည်ဟု ကုန်သည်များကပြောသည်။

မြဝတီနယ်စပ်မှ တဆင့် ထိုင်းနိုင်ငံသို့  မြန်မာ့လယ်ယာထွက်ကုန် ပြောင်း၊ပဲ၊နှမ်း၊အာလူး၊မြေပဲ၊ငရုတ်နှင့် ရေသယံဇာတ ငါးပုဇွန် တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ် က အမေရိကန်ဒေါ်လ ၆၆၆. ၂၁ဝသန်းကုန်သွယ်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ဒေါ်လာ၄၈၇.၃၁၇ သန်း ဖိုးသာ တင်ပို့နိုင်ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ၁၇၈ ဒသမ ၈၉၃ သန်း ထိလျော့ကျခဲ့ကြောင်းသတင်းထုတ်ပြန်ချက်အရသိရသည်။

ထို့အတူ နယ်စပ်စခန်းများအနက်ကုန်သွယ်မှုအများဆုံးဖြစ်သော မူဆယ် နယ်စပ်စခန်းမှ ပို့ကုန်ရော သွင်းကုန်ပါ လျော့ကျခဲ့ကာ ယခင်နှစ်ကာလတူကထက် အမေရိကန်ဒေါ်လာ ၁၃၆ဒသမရ၂၄ သန်းထိ ကုန်သွယ်မှုလျော့ကျခဲ့ကြောင်းသိရသည်။

သို့သော်လည်း မြဝတီ၊တာချီလိတ်၊ ကော့သောင်း၊မြိတ်၊ထီးခီး၊မောတောင်၊မယ်စဲ့ စသည့် ထိုင်းနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်စခန်းများမှ ယခုဘဏ္ဍာနှစ် ရလ ၁၁ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၈၆၆ဒသမ ၃၄၅ သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူကထက် ဒေါ်လာ ၂၂၀. ၆၆၇ သန်း ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံနှင့်ထိစပ်နေသော မူဆယ်၊လယ်ဂျယ်၊ချင်းရွှေဟော်၊ကံပိုက်တီး၊ကျိုင်းတုံ စသည့် နယ်စပ်စခန်းများမှ လည်း မေလ၁ရက်နေ့မှ နိုဝင်ဘာလ၁၁ရက်နေ့ထိ မြန်မာပို့ကုန် အမေရိကန်ဒေါ်လာ ၁၂၄ရဒသမ ၄၀၃ သန်း ၊သွင်းကုန် ဒေါ်လာ ၂၄၉ဒသမ၃၁၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၉၆ဒသမရ၁ရသန်းဖိုး ကုန်သွယ်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent