ဖားကန့်မြို့ အေးမြသာယာရပ်ကွက် နှှင့် မှော်မောင်းလျန်ကျေးရွာကြားတွင် နိုဝင် ဘာ ၁၅ ရက် နံနက်ပိုင်းက ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို သေ ဆုံးလျက် ဒေသခံများက တွေ့ရှိခဲ့ကြောင်း သ တင်းရရှိသည်။
အဆိုပါအမျိုးသားမှာ အသက် ၃၀ နှစ်ခန့်ရှိပြီး မျက်နှာကို တိပ်အဝါဖြင့် ပတ်လျက်
နောက်ကျောဘက်တွင် ဓားဖြင့် ထိုးထားသည့် ဒဏ်ရာများ၊ လည်ပင်းတွင် ပြတ်လုနီးပါး ဓား ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံ တစ်ဦးက “မှော်မောင်းလျန် ရွာအထွက် လုပ်ကွက်ဟောင်း ရေစီးကြောင်း ထဲ ပစ်သွားတာ။ ဆာလာအိတ်လေးဖုံးထား တယ်။ လူမှုကူညီရေးအသင်းက ဖားကန့်ဆေး ရုံက ရင်ခွဲရုံကို ပို့လိုက်တယ်။ ကြိုးတုပ်၊ မျက် နှာကို ကျောက်စည်းတဲ့တိပ်နဲ့ ပတ်ထားတာ။အဖွဲ့လိုက် လုပ်တဲ့ပုံစံပဲ “ဟု ပြောကြားသည်။
ဖားကန့်ဒေသတွင် ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ ၁ ရက်နောက်ပိုင်း အသတ်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ၎င်းင်းတို့နှင့် ဆက်နွယ်သူများ၊ ဒလန်ဟု စွပ်စွဲခံရသူများ သတ်ဖြတ်ခံရသည်မှာ ဦးရေ ၃၀ ဝန်းကျင် ရှိပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသတွင် သေမှုသေခင်းများ ထူပြောနေခြင်း၊ လုယက်မှု၊ ခိုးမှု၊ လူသတ်မှု များ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး တရားခံများ ကိုလည်း ဖမ်းဆီးရမိခြင်းမရှိကြောင်း၊ အထူး သဖြင့် ညအချိန်များတွင် အုပ်စုဖွဲ့လုယက်ငွေ တောင်းမှုများဖြစ်ပေါ်နေပြီး ပြန်လည်ခုခံပါ က အသက်ဆုံးရှုံးသည်အထိ ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။