၂၀၂၂ ခုနှစ် ၁၀ လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၅၁၅ စင်းဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကာ နိုဝင်ဘာလ ၁၄ ရက်ထိ ကုန်သေတ္တာတင်သင်္ဘော ၂၆ စင်း ထပ်မံဝင်ရောက်ခဲ့

၂၀၂၂ ခုနှစ် ၁၀ လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၅၁၅ စင်းဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကာ နိုဝင်ဘာလ ၁၄ ရက်ထိ ကုန်သေတ္တာတင်သင်္ဘော ၂၆ စင်း ထပ်မံဝင်ရောက်ခဲ့
Published 14 November 2022

၂၀၂၂ ခုနှစ် ၁၀ လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင် သင်္ဘော ၅၁၅ စီး ဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကာ နိုဝင်ဘာ ၁၄ ရက်ထိ ကုန်သေတ္တာတင်သင်္ဘော ၂၆ စင်းထပ်မံဝင်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်ဆိပ်ကမ်းများတွင် ယခုနိုဝင်ဘာလအတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၁ စင်း ဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ကုန်သေတ္တာတင် သင်္ဘောစီးရေ ၅၀၊ စက်တင်ဘာတွင်သင်္ဘော ၅၅ စင်း၊ သြဂုတ်လ တွင် ကုန်သေတ္တာတင် သင်္ဘော ၅၅ စင်း၊ ဇူလိုင်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေ တ္တာတင် သင်္ဘော ၄၉ စင်းဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ ခု၏ ကုန်သေတ္တာ တင်သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာ သင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။                 

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင် ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင် တွယ်နိုင်ခဲ့သည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ်မှစတင်ကာ Maersk Line Myanmar(Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင် သင်္ဘောသစ်သုံးစင်း  စတင်ပြေးဆွဲခဲ့သည်။ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ ဆောင်ရေးစီမံကိန်း(KMIT)၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ် မကြာမီဖွင့်လှစ်ပြီး တန် ၅၀၀၀-၆၀၀၀ သ င်္ဘောများ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အိန္ဒိယကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishra နှင့် တာဝန်ရှိသူများနှင့် ရခိိုင်ပြည်နယ်ကုန်သည်များနှင့် စက် မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ သြဂုတ် ၂၇ ရက်က တွေ့ဆုံခဲ့ရာတွင် အိန္ဒိယကောင်စစ်ဝန်နှင့် KMTT ဆိပ်ကမ်း တာဝန်ရှိသူများက အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာချစ်ကြည်ရေးအစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် KMTT@ Kaladan Multi-Transit Transport  စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသစ်သည် မကြာမီစတင်လည်ပတ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိုက်ကပ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်းအသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။