မြန်မာ-ရုရှား နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် ထိုင်းနိုင်ငံသို့ အလည်အပတ်သွားမည့်သူများ တည်းခိုမည့်နေရာ၊ ထိုင်းဘတ်ငွေတစ်သောင်းနှင့်ညီမျှသည့် အမေရိကန်ဒေါ်လာများ ယူဆောင်လာရမည်ဟု မြန်မာသံရုံး ထုတ်ပြန်ခြင်း

မြန်မာ-ရုရှား နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် ထိုင်းနိုင်ငံသို့ အလည်အပတ်သွားမည့်သူများ တည်းခိုမည့်နေရာ၊ ထိုင်းဘတ်ငွေတစ်သောင်းနှင့်ညီမျှသည့် အမေရိကန်ဒေါ်လာများ ယူဆောင်လာရမည်ဟု မြန်မာသံရုံး ထုတ်ပြန်ခြင်း
သြဂုတ် ၁၀ ရက်က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ရောက်ရှိလာသည့် ခရီးသွားများကို တွေ့ရစဉ် (Photo – Np Bow via Bangkokfuture FB)
သြဂုတ် ၁၀ ရက်က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်သို့ရောက်ရှိလာသည့် ခရီးသွားများကို တွေ့ရစဉ် (Photo – Np Bow via Bangkokfuture FB)
Published 13 November 2022

မြန်မာ-ရုရှားနှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့ တွေ့ဆုံ၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)တွင် နိုဝင်ဘာ ၈ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု  ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါးဆာဂီးအ်ဗစ် ရှ်ရှာတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့အကြား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သတင်းရရှိသည်။

ရုရှား-မြန်မာချစ်ကြည်ရေးအတွက် ရန်ကုန်နယ်နိမိတ်အတွင်း စက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ်လုပ်သွားနိုင်ရေး  မြန်မာ-ရုရှား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် (Russian Energy Week International Forum) ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရှား-မြန်မာ ချစ်ကြည်ရေးပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာ နိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေးစင်တာ (Emergency Response Center) တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် လာရောက်မည့် ခရီးစဉ်အတွင်း သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ဆွေးနွေးလိုသည့်ကိစ္စ၊ ရန်ကုန် နယ်နိမိတ်ဧရိယာအတွင်း ရုရှား-မြန်မာချစ်ကြည်ရေးအတွက် စက်မှုဇုန်တည်ထောင်၍  စက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ်လုပ်သွားနိုင်ရေး၊ ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသည့်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေးကိစ္စများတွင် လာရောက် ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိိုပါဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏အတွင်းရေးမှူး မစ္စတာ အလက်ဇန်းဒါးရှာတီရော့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့  အောက်တိုဘာ ၁၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးရာတွင် အတွင်းရေးမှူး မစ္စတာအလက်ဇန်းဒါးရှာတီရော့က ယခင်ကျင်းပခဲ့သောဖိုရမ်များတွင် နိုင်ငံအကြီးအကဲများ၏ ဆွေးနွေးမှု နောက်ဆက်တွဲအဖြစ် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံသည်စွမ်းအင်နှင့်ပတ်သက်သော  ထွက်ကုန်များ ထုတ်လုပ်သောနိုင်ငံ ဖြစ်ကြောင်း၊  ရုရှားစွမ်းအင် ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ် ကျင်းပရေးကော်မတီဥက္ကဋ္ဌ မကြာမီ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သော ဖိုရမ်တွင် နိုင်ငံတော်အကြီးအကဲများ ဆွေးနွေးခဲ့သောကိစ္စများအတွက် ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတထံသို့ အပတ်စဉ် အစီရင်ခံတင်ပြဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ အလည်အပတ်သွားမည့်သူများ တည်းခိုမည့်နေရာ၊ ထိုင်းဘတ် ငွေ တစ်သောင်းနှင့် ညီမျှသည့် အမေရိ ကန်ဒေါ်လာများ ယူဆောင်လာရမည်ဟု မြန်မာသံရုံးထုတ်ပြန်ခြင်း

ထိုင်းနိုင်ငံသို့ အလည်အပတ်သွားမည့် သူများ တည်းခိုမည့်နေရာ၊ ထိုင်းဘတ်ငွေ တစ်သောင်းနှင့် ညီမျှသည့် အမေရိကန်ဒေါ်လာများ ယူဆောင်လာရမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံသို့ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် လေကြောင်းခရီးဖြင့်အလည်အပတ်ခရီးလာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့အပြန် ခရီးစဉ်လေယာဉ်လက်မှတ်ကို ကြိုတင်ပြင်ဆင်လာကြရန် မြန်မာသံရုံးက အသိပေးခဲ့သည်။

ထို့ပြင် ထိုင်းဘတ်ငွေ ၁၀၀၀၀ နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ၊ ထိုင်းနိုင်ငံ၌တည်းခိုမည့် ဟိုတယ် စီစဉ်ထားမှု အထောက်အထားများကိုလည်း ကြိုတင်ပြင်ဆင်လာရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း မိတ်ဆွေ၏နေအိမ်၌ တည်းခိုမည်ဆိုပါကထိုမိတ်ဆွေမှ ဖိတ်ကြားထားသည့်စာ(စာတွင်ဖိတ်ကြားသည့် မိတ်ဆွေ၏အမည်၊ အလုပ်အကိုင်၊နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပတ်)  တို့ကို ဖော်ပြထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ လေဆိပ် လဝကမှ လိုအပ်၍ အိမ်ရှင်ထံ ဖုန်းဆက်မေးမြန်းပါက မှန်ကန်စွာ ဖြေဆိုနိုင်ရမည်ဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent