ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဒီဇင်ဘာလအတွင်း သဘောတူညီမှုတစ်ခု ရရှိနိုင်မည်ဟုမျှော်လင့်ကြောင်းနှင့် ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဒီဇင်ဘာလအတွင်း သဘောတူညီမှုတစ်ခု ရရှိနိုင်မည်ဟုမျှော်လင့်ကြောင်းနှင့် ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Published 12 November 2022

ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒီဇင်ဘာလအတွင်း သဘောတူညီမှုတစ်ခုရရှိနိုင်မည် ဟုမျှော်လင့်ကြောင်းနှင့် ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၁၁ ရက်ကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၂)သို့တက်ရောက်အမှာစကားပြော ကြားရာတွင် နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သကဲ့သို့လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့များလည်း ပါဝင်ကြောင်း၊ လာရောက်ဆွေးနွေးသည့်အဖွဲ့များ အားလုံးအနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလိုသည့်သဘောထား များရှိသည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက် ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပေါ်အခြေခံ၍ ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ၎င်းတို့နှင့်ဆွေးနွေးချိန်အတွင်း ဥပဒေအရ ဆောင်ရွက်၍ရသည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးအရ အမြင့်ဆုံးရှိသည့် လွှတ်တော်ကိုတင်ပြရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင်ဆွေးနွေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရန်လိုအပ်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင်ရွေးကောက်ပွဲ များကျင်းပနိုင်ရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင်လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်ရမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်များအနေဖြင့်  တိုင်းရင်းသား အရေး၊ ဒေသအရေးများကို စိတ်ပါဝင်စား၍ ဆွေးနွေးနိုင်သူများဖြစ်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားများပါဝင်နိုင်ရေး PR စနစ်ဖြင့် ဆောင်ရွက်နိုင်သည်ကို မိမိအနေဖြင့်ရှင်းလင်းပြောကြားခဲ့ရာ အချို့အဖွဲ့များအနေဖြင့်  သဘောတူညီမှုများရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း၊ ဒီဇင်ဘာလအတွင်း သဘောတူညီချက်တစ်ခုရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ ထိုက်သင့်သလောက် တိုးတက်မှုများရှိသည်ကိုတွေ့ရှိရကြောင်းနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အတူ အချို့သောတိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေပြီးလာ မည့်အထွေထွေရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲများ၌ ကျန်ရှိခဲ့သည့်တိုင်းရင်းသားဒေသများ၌ပါ ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် ပတ်သက်ပြီးရှေ့လုပ်ငန်းစဉ်ငါးရပ် နောက် ဆုံးအချက်၌ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟု ပါဝင်ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကိုသတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲသုံးကြိမ်၌ ပထမအကြိမ်ရွေးကောက်ပွဲတွင် ၃၂၅  မြို့နယ်၊ ဒုတိယအကြိမ်တွင် ၃၂၃ မြို့နယ်၊ တတိယအကြိမ်တွင် ၃၁၅ မြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကပြောကြားသည်။

အလားတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လို ကြောင်း၊ ထို့ကြောင့်နယ်မြေများအားလုံးတွင် မှန်ကန်သည့်ရွေးကောက်ပွဲ၊ ပြည်သူအများ စုကလက်ခံသည့် ရွေးကောက်ပွဲဖြစ်မှသာ နောင်တက်လာမည့် အစိုးရကလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန် လည်ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေး ကောက်ပွဲဝင်ရောက်ရန်အတွက် ပါတီများစနစ်တကျဖွဲ့နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးလျက် ရှိကြောင်း၊ ပါတီများအနေဖြင့် ပြည်သူများက အားကိုးရသည့်ပါတီ၊ ရွေးချယ်ခံရသည့် ပါတီကိုယ်စားလှယ်သည်လည်း ပြည်သူကအမှန်ယုံကြည်စိတ်ချစွာဖြင့် ရွေးချယ်သည့်လွှတ်တော်အမတ်များဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့်ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပနိုင်ရေးရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent