၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဒေါ်လာ ၉၀၉ သန်းကျော်ရရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဒေါ်လာ ၉၀၉ သန်းကျော်ရရှိ
 မြန်မာ့ကမ်းလွန်ရှိ  သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
မြန်မာ့ကမ်းလွန်ရှိ  သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-MOEE)
Published 12 November 2022

၂၀၂၂-၂၃ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဒေါ်လာ ၉၀၉ သန်းကျော် ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဧပြီလတွင် ဒေါ်လာ၂၈၉ သန်းကျော်နှင့် မေ လတွင် ဒေါ်လာ ၃၀၈ သန်းကျော်၊ဇွန်လတွင် ဒေါ်လာ ၃၁၁ ဒသမ ၂ သန်းဖြင့် သုံးလအတွင်း ၉၀၉ ဒသမ ၅ သန်းရရှိခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ Mini Budget ခြောက်လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင် ပို့မှုမှ ဒေါ်လာ ၁၇၁၅ သန်းကျော်ရရှိခဲ့ပြီး လအလိုက်တင်ပို့မှုအနေဖြင့် နိုဝင်ဘာလတွင် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လအထိ Mini Budget ခြောက်လအတွင်း လအလိုက် ပြည်ပသို့သဘာဝ ဓာတ်ငွေ့တင်ပို့မှုအနေဖြင့် အောက်တိုဘာတွင် ဒေါ်လာ ၂၈၀ ဒသမ ၂ သန်း၊ နိုဝင်ဘာတွင် ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင်ဘာတွင် ၂၇၄ ဒသမ ၂ သန်း၊ ဇန်နဝါရီတွင် ၂၇၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင်၂၉၀ ဒသမ ၂ သန်း၊ မတ်လတွင် ဒေါ်လာ ၂၉၀ ဒသမ ၃ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၁၇၁၅ ဒသမ  ၂ သန်းရရှိခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ၁၂ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်းရရှိခဲ့ပြီး နိုဝင်ဘာလတွင် သ ဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၂၃၂ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၂၃၆ ဒသမ ၇ သန်း၊ မတ်လတွင် ဒေါ်လာ ၂၅၇ ဒသမ ၇ သန်း၊ ဧပြီလတွင် ဒေါ်လာ ၂၂၉ ဒသမ ၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄၅ ဒသမ ၁ သန်း၊ဇွန်လတွင် ဒေါ်လာ ၂၄၆ ဒသမ ၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၂၇၈ ဒသမ ၄ သန်း၊ သြဂုတ်လတွင် ဒေါ်လာ ၂၈၄ဒသမ ၀ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၂၈၅ ဒသမ ၆ သန်း၊ အောက်တိုဘာလတွင် ဒေါ် လာ ၂၈၀ ဒသမ ၃ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၂၇၄ဒသမ ၂ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်း ရရှိခဲ့ခြင်းဖြစ် သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ ၂၇၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၉၀ ဒသမ ၂ သန်းရရှိခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှဝင်ငွေဒေါ်လာ ၃ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာ နှစ်ထက် ဝင်ငွေဒေါ်လာသန်း ၄၂၀ ခန့်လျော့ကျခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း)ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသ မ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိ ရရှိထားသည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရရှိသောဝင်ငွေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်ထက် ဝင်ငွေဒေါ်လာ ၄၁၈ ဒသမ ၃ သန်း လျော့ကျခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း) ရရှိခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝင်ငွေဒေါ်လာ ၃ ဒသမ ၁၁၆ ဘီလျံ (ဒေါ်လာ ၃၁၁၆ ဒသမ ၃၄ သန်း)ရရှိခဲ့သည်။

Most Read

Most Recent