ရန်ကုန်စတော့အိတ်ချိန်းစာရင်းကုမ္ပဏီ MCB အနေဖြင့် ချေးငွေပြန်လည်ပေးဆပ်ရန်ပျက်ကွက်သည့်  Customer များပြားခြင်းကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစု ခွဲပေးနိုင်ခြင်းမရှိ

ရန်ကုန်စတော့အိတ်ချိန်းစာရင်းကုမ္ပဏီ MCB အနေဖြင့် ချေးငွေပြန်လည်ပေးဆပ်ရန်ပျက်ကွက်သည့်  Customer များပြားခြင်းကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစု ခွဲပေးနိုင်ခြင်းမရှိ
ရန်ကုန်စတော့အိတ်ချိန်း၌ အရောင်းအဝယ်ဖြစ်မှုအခြေအနေအား လာရောက်လေ့လာနေသူများကို တွေရစဉ်
ရန်ကုန်စတော့အိတ်ချိန်း၌ အရောင်းအဝယ်ဖြစ်မှုအခြေအနေအား လာရောက်လေ့လာနေသူများကို တွေရစဉ်
Published 12 November 2022

ရန်ကုန်စတော့အိတ်ချိန်းစာရင်းကုမ္ပဏီ မြန်မာနိုင်ငံသားများဘဏ်(MCB)အနေဖြင့် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက် သည့် Coustomer များပြားခြင်းကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုခွဲဝေပေးနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံ သားများဘဏ်၏ ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“၂၀၂၀-၂၀၂၁ နှစ်ကုန်ပိုင်းမှာ ဘဏ်အနေနဲ့ အသားတင်အမြတ် မြန်မာကျပ်ငွေ ၅ ဒသမ ၀၆ ဘီလျံ(အခွန်ဆောင်ပြီးနောက်) ရရှိခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ဘဏ်များလိုက်နာရမယ့် ညွှန်ကြားချက်မှာ  သတ်မှတ်ထားသောအများဆုံးရှိရမည့် Non-Performing Loan ရာခိုင်နှုန်း(NPL%)ဟာ ငါးရာခိုင်နှုန်းအောက်မှာ ရှိရမှာဖြစ်ကာ သို့မှသာ အမြတ်ဝေစုခွဲဝေပေးရမည်လို့ သတ်မှတ်ထားတာရှိပါတယ်။ ကျွန်တော်တို့ MCB ဘဏ်ရဲ့ချေးငွေ Customer အများစုဟာ COVID first wave,second wave,third wave နဲ့ အခြားသောစိန်ခေါ်မှုတွေကြောင့် စီးပွားရေးအကျပ်အတည်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ချေးငွေပြန်လည်ပေးဆပ်နိုင်မှုများ ကျဆင်းခဲ့တာတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မိမိတို့ဘဏ်အနေနဲ့ ချေးငွေပြန်လည်ပေးဖို့ ပျက် ကွက်တဲ့ Customer တွေ များပြားလာခြင်းကြောင့် NPL%မှာ ငါးရာခိုင်နှုန်းထက် ကျော်လွန်နေခဲ့တယ်ဆိုတာ တင်ပြလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်အတွက် အမြတ်ဝေစုခွဲဝေပေးနိုင်ခြင်းမရှိကြောင်းကို ထည့်သွင်းဖော်ပြရင်း၊ အစုရှယ်ယာရှင်များ အခုလိုအမြတ်ဝေစုမရ ရှိခြင်းအပေါ်များစွာ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ အဆင်မပြေဖြစ်မှုများအတွက် နားလည်ခွင့်လွှတ်ပေးဖို့ လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်”ဟု မြန်မာနိုင်ငံသားများဘဏ်၏ ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်က ပြောကြားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mini Budget Year ခြောက်လအတွင်း  အခွန်ဆောင်ပြီးနောက် အသားတင်အမြတ် (Net Profit After Tax) မြန်မာကျပ်ငွေ ၅ ဒသမ ၀၆ ဘီလျံရရှိခဲ့ပြီး ယင်းမှာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်(၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အကုန်အထိ)အတွက် အခွန်ဆောင်ပြီးနောက် အသားတင်အမြတ် မြန်မာကျပ် ၁ ဒသမ ၅၂ ဘီလျံနှင့် နှိုင်းယှဉ်ပါက ၂၃၂ ရာ ခိုင်နှုန်းတိုးတက်လာကြောင်း CEO  ဖြစ်သူ Govinda Gurunj က ပြောကြားခဲ့သည်။              

COVID-19 ကပ်ရောဂါသင့်တင့်သလောက် တည်ငြိမ်လာပြီးနောက် ဘဏ်အနေဖြင့်  ငွေရေးကြေးရေးခိုင်မာတောင့်တင်းမှုနှင့် ဘဏ်လုပ်ငန်းအသုံးပြုသူများ၏ယုံ ကြည်မှုကို အခက်အခဲများကြားက ပြန်လည်တည် ဆောက်ပြီးဘဏ်ကို အသုံးပြုသူများ ပြန်လည်တိုးမြှင့်လာပြီး လုပ်ငန်းများကို ယခင်ထက် ပိုမိုးတိုးချဲ့လာနိုင်ခဲ့ကြောင်း သိရသည်။

ယခင်ဖြစ်ပေါ်ခဲ့သည့် အကျပ်အတည်းများ၊ လုပ်ငန်းအခြေအနေမတည်ငြိမ်မှုများအပေါ် သုံးသပ်ကာ အဖက်ဖက်က ပြန်လည် ပြုပြင်ဆောင်ရွက်နိုင်ရန် စီမံကိန်း၊မူဝါဒများကို ချမှတ်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများဘဏ်(MCB) အနေဖြင့် ဘဏ်ကို အသုံးပြုသူများ၏လိုအပ်ချက်များကို အစဉ်မပြတ်လေ့လာသုံးသပ်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လမ်းညွှန်မှုများကို လိုက်နာလျက် ဘဏ်သုံးစွဲသူ များ၏ အမြတ်အစွန်းများရရှိနိုင်မည့် Customer များကိုလည်း ဆွဲဆောင်မှုရှိသော အတိုးနှုန်းထားများပေးကာ ဘဏ်တွင် အပ်ငွေထားရှိသူ Coustomer များအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent