မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် စည်သာကျေးရွာရှိ မေတ္တာရှင်လူမှုကူညီရေး အသင်း၌ အသင်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး သီတင်းသုံးနေထိုင်သည့် မြင်းခြံမြို့ ဇေယျာသိမ်ကျောင်းတိုက်မှ ဆရာတော် ဥူးအာစာရ သည် နိုဝင်ဘာ ၁၀ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၀ ရက် နံနက် ၈ နာရီခွဲက ရေစကြိုမြို့နယ် စည်သာကျေးရွာ ရေစကြို- ပခုက္ကူကားလမ်း၏ အနောက်ဘက်ရှိ မေတ္တာရှင်လူမှုကူညီရေးအသင်းရုံးသို့ PDF အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး အဆိုပါ ရုံးတွင် မေတ္တာရှင်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး သီတင်းသုံး နေထိုင်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ ဇေယျသိမ်ကျောင်းတိုက်မှ ဆရာတော် ဥူးအာစာရ(၄၂)နှစ်၊၀ါတော်၂၃ ၀ါကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဆရာတော် ဥူးအာစာရတွင် သေနတ်ထိမှန်ဒဏ်ရာ များ ရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူ သွားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရ သည်။
နိုင်ငံတော်အတွင်း လုပ်ကြံသတ်ဖြတ် ခံရမှုကြောင့် သံဃာတော် ၅၉ ပါးနှင့် သီလ ရှင် ဆရာကြီးတစ်ပါးတို့ ဘဝနတ်ထံပျံလွန် တော်မူခဲ့ပြီး အထက်ပါဖြစ်စဉ်မှ ဆရာတော် ဥူးအာစာရအား သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်သွားခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးအရေး ယူနိုင်ရေး နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။