အာဆီယံထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်သည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့်ဆုံးဖြတ်ချက်များကို လက်ခံမည်မဟုတ်ဘဲ ပယ်ချ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် 

အာဆီယံထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်သည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့်ဆုံးဖြတ်ချက်များကို လက်ခံမည်မဟုတ်ဘဲ ပယ်ချ ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် 
Published 12 November 2022

အကြိမ်(၄၀)နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပခဲ့ခြင်းနှင့် အဆိုပါ အစည်းအဝေးများအပြီး တူညီဆန္ဒ (၅)ချက် အကောင်အထည် ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ ခေါင်းဆောင်များ၏ ပြန်လည်သုံး သပ်ချက်နှင့် ဆုံးဖြတ်ချက်အား ထုတ် ပြန်ခဲ့ ခြင်းကို တွေ့ရှိရပြီး ထိုသို့ဆောင်ရွက်မှုများကို ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က နိုဝင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန် သည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန် ချက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌကမ္ဘော ဒီးယားနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ အချို့၏ တောင်းဆိုမှုအရ အာဆီယံပဋိညာဉ် စာတမ်းအပိုဒ်(၅)ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများအကြား အဆင့်တူ တန်းတူ ကိုယ်စားပြုရေး မူနှင့်သွေဖည်၍ မြန်မာ နိုင်ငံ က နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ် ကိုသာ အကြိမ်(၄၀)နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက် ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း၊ မြန်မာ နိုင် ငံသည် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက် များနှင့် အခြေခံမူများကို တိကျစွာလေးစား လိုက်နာလျက်ရှိပြီး၊ တာဝန်သိအာဆီယံအဖွဲ့ ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် အာဆီယံ၏ အရေး ကိစ္စရပ်များကို တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသဖြင့် ယခုကဲ့သို့ မြန်မာ နိုင်ငံအား တန်းတူရည်တူ မဆက်ဆံခြင်းနှင့် ခွဲခြားဆက်ဆံသည့်လုပ်ရပ်အပေါ် လက်ခံ နိုင်ခြင်းမရှိသဖြင့် ဖော်ပြပါအစည်းအဝေး များသို့ မြန်မာနိုင်ငံမှကိုယ်စားပြုတက် ရောက်ခြင်းမပြုခဲ့ကြောင်း ဖော်ပြပါရှိသည်။ 

ယင်းတူညီဆန္ဒ(၅)ချက် အကောင်အ ထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ခေါင်းဆောင် များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံး ဖြတ် ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖော်ပြ ချက်များသည် ဖြစ်စဉ်အမှန်တရားနှင့်ကင်းကွာလျက်ရှိခြင်း၊ အာဆီယံ၏တူညီဆန္ဒ(၅)ချက်အပေါ် မြန်မာနိုင်ငံမှကြိုးစားအား ထုတ် ဆောင်ရွက်ပေးခဲ့မှုများကို အပြုသဘော ဆောင်ဖော်ပြမှုမရှိခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ထိပ် သီးအစည်းအဝေးတွင် မြန်မာနိုင်ငံကို ချန် လှပ်ထားပြီး အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေး နွေးသဘောတူညီခဲ့ခြင်းသည် အာဆီယံ ပဋိ ညာဉ်စာတမ်းပါ အခြေခံမူများနှင့် ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မဟုတ် သဖြင့် မြန်မာနိုင်ငံအနေဖြင့်တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာ ဆီယံ‌ခေါင်းဆောင်များ၏ ပြန်လည် သုံး သပ် ချက်နှင့် ဆုံးဖြတ်ချက်များကို လက်ခံမည်မ ဟုတ်ကြောင်းနှင့် ပြတ်သားစွာပယ်ချ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ် ပြန်သည်။     

    ထို့ပြင်မြန်မာနိုင်ငံသည် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တူ ညီဆန္ဒ(၅)ချက် အကောင် အထည်ဖော် ခြင်း ကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အ ထူးကိုယ်စားလှယ်နှင့် အပြုသဘော နီးကပ် စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတွင်း ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်လျက် မြန်မာအစိုးရသည် အပစ် အခတ်ရပ်စဲရေးကို တစ်ဖက်သတ် ကြေညာ လျက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျး ကို ဖိတ်ခေါ်ပြီး၊ နိုင်ငံ့အကြီးအကဲကိုယ်တိုင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို လိုအပ် သည့်နေရာများသို့ခွဲခြားမှုမရှိဘဲ မျှတစွာ ပေးအပ်ရေးအတွက် အာဆီယံလူသားချင်း စာနာထောက်ထားမှုကူညီရေးညှိနှိုင်းမှု ဗဟို ဌာန (AHA Centre) နှင့် ပူးပေါင်းဆောင် ရွက်လျက် ရှိခြင်း စသည့် သိသာထင်ရှားသည့် တိုးတက်မှုများစွာရှိသည်ကို လျစ်လျူရှု ထား ခြင်းအပေါ်များစွာ စိတ်ပျက်မိကြောင်း နိုင် ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေနှင့် အ ညီ နိုင်ငံ​တော်၏ တာဝန်ကိုထမ်း​ဆောင်လျက် ရှိသည့် မြန်မာအစိုးရနှင့်တပ်မ​တော်အား ရည်ညွှန်း​​ဖော်ပြရာတွင် မသင့်​လျော်သည့် သုံးနှုန်း​ဖော်ပြချက်များကို ပြင်းထန်စွာ ကန့် ကွက်ကြောင်း၊ ယင်းကဲ့သို့မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် အဖျက်အ မှောင့် လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်၍ဖျက်ဆီးလျက်ရှိသည့် NUG နှင့် PDF အမည်ခံအဖွဲ့အစည်းများနှင့် ဆက် သွယ်ဆောင်ရွက်ရန် ရည်ညွှန်းပြောကြား ချက်များကို စိတ်ပျက်စွာတွေ့ရှိရကြောင်း၊ ထိုကဲ့သို့ တရားမဝင်၊ အကြမ်းဖက်အဖွဲ့ အ စည်းများနှင့် ဆက်သွယ်ခြင်းသည် အကြမ်း ဖက်လုပ်ရပ်များကို အားပေးထောက်ခံရာ ရောက်သည့်အပြင် အာဆီယံပဋိညာဉ် စာ တမ်း စာပိုဒ် ၂ ပါ အခြေခံမူများကိုလည်း ကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်း ရှင်းများကိုလည်းကောင်း ဖောက်ဖျက်ရာ ရောက်ကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်အဖွဲ့ အစည်းများနှင့် မည်သည့်ပုံစံ၊ မည်သည့် နည်းလမ်းနှင့်မဆို ဆက်သွယ် ဆောင်ရွက်ရန် ကြိုးပမ်းခြင်းကို မြန်မာနိုင်ငံက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။ 

တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ၊ အချိန် ကန့်သတ်ချက်ဖြင့် ဖိအားပေး၊ အကြပ် ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုး မရှိ နိုင်သည့်အပြင်၊ လက်ရှိပူးပေါင်းဆောင်ရွက် မှုများအပေါ် ဆိုးကျိုးသက်ရောက်မှုများကို ပင် ဦးတည်သွားစေနိုင်ကြောင်း၊ မြန်မာနိုင် ငံက တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်နေမှုသည် တိုးတက်မှုမရှိဟု အကြောင်း ပြလျက် အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံပါဝင်မှုကို ပိုမိုကန့်သတ် ပိတ်ပင် ရန်ကြိုးစားခြင်းသည် အာဆီယံ အသိုက်အ ဝန်းအကောင်အထည်ဖော်ခြင်းကို အတား အဆီးဖြစ်စေသည့်အပြင် အာဆီယံ၏ စည်း လုံးညီညွတ်မှု၊ အရေးပါအရာရောက်မှု၊ မိ သားစု စိတ်ဓါတ်ကို ပျက်ပြားစေမည်ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း  ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက အာဆီယံအဖွဲ့သို့ ဝင်​ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှ စတင်၍ အာဆီယံအသိုက်အဝန်းအကောင်အထည်ဖော် မှုတွင် မြန်မာနိုင်ငံကတက်ကြွစွာ ပါဝင် ဆောင် ရွက်ခဲ့မှုများကို လစ်လျူရှုမျက်ကွယ်ပြု ခြင်းကို ဝမ်းနည်းစွာတွေ့ရပြီး ယင်းလုပ်ရပ် များသည် မြန်မာအစိုးရ၏ ဒီမိုကရေစီ ပြန် လည်ဖော်ဆောင်နေမှုကို အဟန့် အတားဖြစ် စေမည်ဖြစ်ကြောင်း၊ အာဆီယံအစည်းအဝေး များတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းနည်းလမ်း ကိုလည်း အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ် (၂၀)ပါ ဆွေးနွေးခြင်းနှင့် တူညီဆန္ဒပါ အခြေ ခံမူများအတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ခြင်းမူကိုသာလျင် လက်ခံကြောင်း၊  သို့ဖြစ်၍ ကာယကံရှင်နိုင်ငံ ပါဝင်ခြင်းမရှိသည့် ​ဆွေး​နွေးဆုံးဖြတ်ချက် များကို လက်မခံပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဆီယံအနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပါ ပြဋ္ဌဌာန်းချက်များနှင့် အခြေခံ မူ များကို လေးစားလိုက်နာလျက် အဖွဲ့ဝင် နိုင် ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ် နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ထပ် လောင်းအသိပေးအပ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် အာဆီယံ၏ စည်း လုံးညီညွတ်မှုနှင့် ဗဟိုအချက်အချာကျပြီး အရေးပါအရာရောက်မှုအပေါ် ဆိုးကျိုးသက် ရောက်မှုများသာ ဖြစ်စေမည်ဖြစ်‌ကြောင်း သတိ ပေးဖော်ပြအပ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

Most Read

Most Recent