မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်ကျန်ရှိသည့် ဆန်တန်ချိန်တစ်သိန်းခွဲကျော်ကို သတ်မှတ်ကာလအတွင်း တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်ကျန်ရှိသည့် ဆန်တန်ချိန်တစ်သိန်းခွဲကျော်ကို သတ်မှတ်ကာလအတွင်း တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ
Published 11 November 2022

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်ကျန်ရှိသည့် ဆန်တန်ချိန်တစ်သိန်းခွဲကျော်ကို သတ်မှတ်ကာလအတွင်း တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအစိုးရအကြား ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၂၂ ခုနှစ် စက်တင် ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှုစာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူတန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ ကို  တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။

အဆိုပါ MoU အရ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်-MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  Directorate General of Food တို့မှ ဧည့်မထ ၅% တန်းမြင့်ဆန်တန်ချိန်နှစ်သိန်းတင်ပို့ရန် သဘောတူစာချုပ် (Sales Contract)ကိုချုပ်ဆိုခဲ့ပြီး  တင်ပို့နိုင် ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Sales Contract အရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံမှ ဆန်တန်ချိန် နှစ်သောင်းကျော်တင်ပို့နိုင်ခဲ့သည်။ တင်ပို့ရန် ကျန်ရှိသည့်ဆန်များအနက် ဆန်တန်ချိန်တစ်သောင်းခွဲမှာ သင်္ဘောတင်ဆဲဖြစ်ပြီး ဆန်တန်ချိန်တစ်သိန်းခွဲကျော်ကို သတ်မှတ်ကာလအတွင်း တင်ပို့နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာနားလည် မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံစားနပ်ရိက္ခာဝန်ကြီးဌာန ဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှနှစ်စဉ်ဆန်ဖြူတန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဝယ်ယူရန် သဘောတူညီခဲ့ကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ မြန် မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာဝန်ကြီးဌာန စားနပ် ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များ ချုပ်ဆို၍ မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၁၇ ခုနှစ်တွင်လည်း ကောင်း၊ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်းအား ၂၀၂၁ ခုနှစ်တွင်လည်းကောင်း တင်ပို့ရောင်းချခဲ့သည်။

တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန်၂၀၀၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားနိုင်ရေးအတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ Ministry of Food, Directorate General of Food နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်အား ၂၀၂၂ ခုနှစ် စက် တင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂ ဒသမ ၄ သန်း၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင် ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစု ပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။