ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဈေးသတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၅၀ ၀န်းကျင် ရှိနေဟုသိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဈေးသတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၉၅၀ ၀န်းကျင် ရှိနေဟုသိရ
Published 11 November 2022

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဈေးသတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင်တစ်ဒေါ်လာ ကျပ်၂၉၅၀ ၀န်းကျင်ရှိနေဟု သိရသည်။                         

ဗဟိုဘဏ်နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဝန်းကျင် သတ်မှတ်ထားသော်လည်း ငွေလဲကောင်တာ အများစုတွင် တစ်ဒေါ်လာ ၂၉၅၀ ကျပ်ဖြင့် ၀ယ်ယူနေပြီး ၂၉၈၀ ၀န်းကျင်ဖြင့် ပြန်လည်ရောင်းချနေကြောင်း သိရသည်။

“အခုကတော့ ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးက သုံးထောင်ဝန်းကျင်မှာ ရှိနေပါတယ်။ ခုနေ့လည်မှာတော့ တစ်ဒေါ်လာ ၂၉၅၀ ကျပ်နဲ့ဝယ်ပြီး ၂၉၈၀ နဲ့ပြန်ရောင်းနေတာကို တွေ့ရပါတယ်” ဟု ငွေလဲကောင်တာတွင် ဒေါ်လာသွားရောက် ရောင်းချသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းဈေးကွက်အတွင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၉၅၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၁၂၀ ကျပ်၊ မလေးရှားရင်းဂစ် ၆၄၀  ကျပ်၊ ထိုင်းဘတ် ၈၀ ကျပ်၊ တရုတ်ယွမ် ၄၃၅  ကျပ်၊ ဂျပန်ယန်း ၂၁ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ တရားမ၀င်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမ၀င်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီဈေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်ဈေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီဈေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများလွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမ၀င်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေဈေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမ၀င်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံကြည်ဆောင်ရွက်ခြင်းမပြုကြပါရန်နှင့် နိုင်ငံခြားငွေများ  တရားမ၀င်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံဗဟိုဘဏ်မှ ထပ်မံ၍အတိုးနှုန်းမြှင့်တင်မည်ဟု ကြေညာမှုများကြောင့် အမေရိကန်ဒေါ်လာ အားကောင်းပြီး တန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့် အခြားငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိသည်။

 

 

 

Most Read

Most Recent