၂၀၂၂ ခုနှစ် ခြောက်လအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ် ၃၁၇၀၂၀၀ သန်း ကောက်ခံရရှိခဲ့ပြီး ဝင်ငွေခွန်မှ အများဆုံးကောက်ခံရရှိ

၂၀၂၂ ခုနှစ် ခြောက်လအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ် ၃၁၇၀၂၀၀ သန်း ကောက်ခံရရှိခဲ့ပြီး ဝင်ငွေခွန်မှ အများဆုံးကောက်ခံရရှိ
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို တွေ့ရစဉ်
Published 10 November 2022

၂၀၂၂ ခုနှစ် ခြောက်လအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိငွေ ကျပ်  ၃၁၇၀၂၀၀ သန်းကောက်ခံရရှိခဲ့ပြီး ဝင်ငွေခွန်မှအများဆုံး ကောက်ခံရရှိထားခြင်းဖြစ်ကြောင်း  ပြည်တွင်းအခွန်များဦးစီးဌာနကိုကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း အခွန်အရပ်ရပ်ကောက်ခံရရှိမှုများအနက် ဝင်ငွေခွန်မှ ကျပ် ၁,၄၁၃,၄၁၀ သန်းဖြင့် အများဆုံးရရှိထား ခြင်းဖြစ်သည်။

ထို့ပြင် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၁၀၈၄၄၇၀ သန်း၊ အထူးကုန်စည်ခွန်မှ ကျပ် ၅၉၁၀၅၁ သန်း၊  တံဆိပ်ခေါင်းခွန်မှ ကျပ် ၆၂၀၂၁ သန်း၊ အောင်ဘာလေခွန်မှ ကျပ် ၈၀၆၅ သန်း၊ စသည်တို့အပြင် အခြားသော အခွန်အရပ်ရပ်မှ ကောက်ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ခြောက်လအတွင်း လအလိုက် အခွန်အရပ်ရပ်ကောက်ခံရရှိမှုသည် ဇန်နဝါရီလတွင် ကျပ် ၄၁၆၆၇၁ သန်းရရှိခဲ့ပြီး ယင်းအနက် ဝင်ငွေခွန်မှ ကျပ် ၂၅၇၉၀၃ သန်း၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၉၈၈၆၈ သန်း၊ အထူးကုန်စည်ခွန်မှ ကျပ် ၄၇၅၉၂ သန်း၊ တံဆိပ်ခေါင်းခွန်မှ ကျပ် ၉၉၃၁ သန်း၊ အောင်ဘာလေခွန်မှ ကျပ် ၂၃၇၄ သန်း စသည်ဖြင့် အသီးသီးကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလတွင် အခွန်အရပ်ရပ် ကောက်ခံရရှိမှုကျပ် ၃၇၀၅၇၃ သန်းရရှိခဲ့ပြီး ယင်းအနက် ဝင်ငွေခွန်မှ ကျပ် ၁၀၄၅၈၄ သန်း၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၁၆၁၃၈၈ သန်း၊ အထူးကုန်စည်ခွန်မှ ကျပ် ၉၄၆၅၇ သန်း၊ တံဆိပ်ခေါင်းခွန်မှ ကျပ် ၇၇၀၉ သန်း၊ အောင်ဘာလေခွန်မှ ကျပ် ၇၆၈ သန်း ရရှိခဲ့သည်။

မတ်လတွင်  အခွန်အရပ်ရပ်ကောက်ခံရရှိမှု ကျပ် ၇၀၉၂၀၈သန်းရရှိခဲ့ပြီး ယင်းအနက် ဝင်ငွေခွန်မှ ကျပ် ၃၂၈၁၄၆ သန်း၊ ကုန် သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၁၆၉၁၄ သန်း၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၄၃၆၉၅ သန်း၊ တံဆိပ်ခေါင်းခွန်မှကျပ် ၁၃၄၁၃သန်း၊ အောင်ဘာလေခွန်မှ ကျပ် ၂၂၁၈ သန်းရရှိခဲ့သည်။

ဧပြီလတွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှုကျပ် ၄၀၄၁၂၂ သန်းရရှိခဲ့ပြီး ယင်းအနက် ဝင်ငွေခွန်မှကျပ် ၂၃၃၄၇၅ သန်း၊ ကုန် သွယ်လုပ်ငန်းခွန်မှ ကျပ် ၁၁၀၃၂၇ သန်း၊ အထူးကုန်စည်ခွန်မှ ကျပ် ၄၉၀၅၀ သန်း၊ တံဆိပ်ခေါင်းခွန်မှ ကျပ် ၁၀၂၃၂ သန်း၊ အောင်ဘာလေခွန်မှ ကျပ် ၈၄၀ သန်းရရှိခဲ့သည်။

မေလတွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှုကျပ် ၆၆၂၁၂၉ သန်းရရှိခဲ့ပြီး ယင်းအနက် ဝင်ငွေအခွန်မှ ကျပ် ၂၃၃၁၆၀ သန်း၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၆၆၄၈၄ သန်း၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၄၈၉၇၀ သန်း၊ တံဆိပ်ခေါင်းခွန်မှ ကျပ် ၉၇၀၁ သန်း၊ အောင်ဘာလေခွန်မှ ကျပ် ၉၁၂သန်းရရှိခဲ့သည်။

ဇွန်လတွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှုကျပ် ၆၀၇၄၉၇ သန်းရရှိခဲ့ပြီး ယင်းအနက် ဝင်ငွေအခွန်မှ ကျပ် ၂၅၆၁၄၉ သန်း၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၂၃၀၄၈၉ သန်း၊ အထူးကုန်စည်ခွန်မှ ကျပ် ၁၀၇၀၈၇ သန်း၊ တံဆိပ်ခေါင်းခွန်မှ ကျပ် ၁၁၀၃၅ သန်း၊ အောင်ဘာလေခွန်မှ ကျပ် ၉၅၃ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန (IRD) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။