၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခုနစ်လနီးပါးအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၀၇၆၈၄၂ ကျော်တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၇၄၀၇၈ ကျော် ပိုမိုတင်ပို့

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခုနစ်လနီးပါးအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၀၇၆၈၄၂ ကျော်တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၇၄၀၇၈ ကျော် ပိုမိုတင်ပို့
Published 8 November 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ အောက်တိုဘာ ၂၈ ရက်အထိ ခုနစ်လနီးပါးအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၀၇၆၈၄၂ ကျော်တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၇၄၀၇၈ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၆၂၇၆၀၄ ဒသမ၂၇၉တန်၊ တန်ဖိုးဒေါ်လာ ၂၃၃ ဒသမ  ၅၇၆ သန်း၊ ဆန်ကွဲတန်ချိန် ၄၄၉၂၃၇ ဒသမ ၈၆၀ တန်၊ တန်ဖိုးဒေါ်လာ ၁၄၇ ဒသမ ၈၆၃ သန်းဖြင့် စုစုပေါင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှုအနေဖြင့် တန်ချိန် ၁၀၇၆၈၄၂ ဒသမ ၁၃၉ တန်တင်ပို့ပြီး တန်ဖိုးဒေါ်လာသန်းပေါင်း ၃၈၁ ဒသမ ၄၃၉ သန်းရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၅၀၄၆၂၂ ဒသမ ၅၁၃ တန်၊ တန်ဖိုးဒေါ်လာ ၁၉၄ ဒသမ ၉၉၄ သန်း၊ ဆန်ကွဲတန်ချိန် ၃၉၈၁၄၁ ဒသမ ၄၈၀ တန်၊ တန်ဖိုးဒေါ်လာ ၁၂၆ ဒသမ ၄၃၉ သန်းဖြင့် စုစုပေါင်းဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှုတန်ချိန် ၉၀၂၇၆၃ ဒသမ ၉၉၃ တန်တင်ပို့မှုမှတန်ဖိုး ဒေါ်လာသန်းပေါင်း ၃၂၁ ဒသမ ၄၃၃ သန်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၂၂၉၈၁ ဒသမ ၇၆၆ တန်၊ တန်ဖိုးဒေါ်လာ ၃၈ ဒသမ ၅၈၂ သန်း၊ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၅၁၀၉၆ ဒသမ၃၈၀ တန်၊ တန်ဖိုးဒေါ်လာ ၂၁ ဒသမ ၄၂၄ သန်း ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအတွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ ၄၂  ဒသမ ၄ သန်း၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ်လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာ ၇၄ ဒသမ ၇ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လတွင် ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တိုဘာလတွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာလတွင် ဒေါ်လာ ၇၂ ဒသမ ၂သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုမြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေပိုမိုမြင့်တက်လာစေရန် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များအမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ ဒေါ်လာ ၇၀၀ ဒသမ ၁၃ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent