ကိုဗစ်၊ ကင်ဆာနှင့် သေကြောင်းကြံစည်မှု

ကိုဗစ်၊ ကင်ဆာနှင့် သေကြောင်းကြံစည်မှု
Published 18 October 2022
ဒေါက်တာလွင်သန့်

ကိုဗစ်(COVID-19)ကူးစက်ခံရသူတွေမှာ ကင်ဆာရောဂါလူနာတွေက အသက်သေဆုံးနိုင်ခြေပိုများတယ်လို့သုတေသီက ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ကပ်ရောဂါအစောပိုင်းကာလ ၁၀ လအတွင်းမှာ ကိုရိုနာဗိုင်းရပ်ကူးစက်မှုနဲ့ဆက်စပ်ပြီး ထပ်တိုးအခြေအနေတွေနဲ့ အသက်သေဆုံးခဲ့ရတဲ့ကင်ဆာရောဂါလူနာ ၁၆၅၀၀ ကျော်သေဆုံးခဲ့တယ်လို့ သုတေသီက ဆိုပါတယ်။ ကိုယ်ခံအားနည်းတဲ့ သွေးကင်ဆာရောဂါလူနာတွေ၊ အသက်အရွယ်ကြီးတဲ့ဆီးကျိတ်ကင်ဆာလူနာတွေမှာ ကိုဗစ်(COVID-19)ကြောင့် ထပ်တိုးရောဂါရှိလာနိုင်ခြေနဲ့ သေဆုံးနိုင်ခြေ ပိုမိုများပြားလာတာကိုတွေ့ရှိရတယ်လို့ အမေရိကန်ကင်ဆာအဖွဲ့အစည်း ကျန်းမာရေးဝန်ဆောင်မှုသုတေသနရဲ့သိပ္ပံပညာရပ်ဆိုင်ရာညွှန်ကြားရေးမှူး ဆူဆောင်ဟန်ကပြောကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မတ်လမှ ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာအထိ ကိုဗစ်(COVID-19)ကြောင့်သေဆုံးရတဲ့ ကင်ဆာလူနာ ၁၃၄၁၉ ဦးရှိခဲ့ပြီး အဆိုပါကာလအတွင်းကိုဗစ်နဲ့ဆက်စပ်မှုမရှိဘဲ ကင်ဆာကြောင့် သေဆုံးခဲ့ရသူ ၃၃၇၄၀၀ ဦးရှိခဲ့တယ်လို့လေ့လာမှုကဆိုပါတယ်။ ကိုဗစ်(COVID-19)နဲ့ဆက်စပ်ပြီး ကင်ဆာလူနာသေဆုံးမှုတွေကမြို့ကြီးတွေမှာ ပိုမိုအဖြစ်များပြီးအသက် ၈၅ နှစ်အထက်အမျိုးသားတွေမှာ ပိုမိုအဖြစ်များတယ်လို ့လေ့လာမှုကဆိုပါတယ်။

         

 ၂၀၂၂ ခုနှစ်အောက်တိုဘာ ၁၂ ရက်အထိ တစ်ကမ္ဘာလုံးကိုဗစ်ဖြစ်ပွားသူ ၆၂၈ သန်းရှိပြီးသေဆုံးသူ ၆ ဒသမ ၅၆ သန်းရှိကာ မြန်မာနိုင်ငံမှာ ကိုဗစ်(COVID-19)ဖြစ်ပွားသူ ၆၂၆၉၈၂ ဦး၊ သေဆုံးသူ ၁၉၄၆၇ ဦးရှိကြောင်း သိရပါတယ်။ နှစ်နှစ်ဆက်တိုက်သေကြောင်းကြံမှုတွေ ကျဆင်းခဲ့ပြီးမှ ၂၀၂၁ ခုနှစ်ကိုဗစ်ကပ်ရောဂါကာလမှာ ရုတ်တရက်ပြန်လည်တိုးမြင့်လာခဲ့တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ(CDC)က ထုတ်ပြန်ထားပါတယ်။(CDC)ရဲ့အမျိုးသားကျန်းမာရေးစာရင်းဇယား ထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်နိုင်ငံအတွင်း သေကြောင်းကြံစည်မှုအရ အသက်သေဆုံးသူ၄၅၉၇၉ ဦးရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်မှာ ၄၇၆၄၆ ဦးအထိ များလာခဲ့တယ်လို့ သုတေသီက ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက လူဦးရေ ၁၀၀၀၀၀ စီမှာ သေကြောင်းကြံစည်သေဆုံးမှုနှုန်း ၁၃ ဒသမ ၅ ဦးရှိခဲ့ရာမှ ကိုဗစ်ကာလ ၂၀၂၁ ခုနှစ်မှာ လူဦးရေ ၁၀၀၀၀၀ စီတိုင်းမှာ သေကြောင်းကြံစည်မှုကြောင့် သေဆုံးသူ ၁၄ ဦးအထိတိုးမြင့်လာတာဖြစ်ပါယ်။

သေကြောင်းကြံစည်မှု အမြင့်ဆုံးကာလက ၂၀၁၈ ခုနှစ်မှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းအထိမြင့်တက်သွားခဲ့ပြီး ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ်တွေမှာ ပြန်လည်လျော့ကျသွားကာ ၂၀၂၁ ခုနှစ် တတိယဒယ်တာလှိုင်းမှာ ပြန်တိုးတက်လာခဲ့တယ်ဆိုပါတယ်။ ၂၀၂၁ ခုနှစ်မှာ သေကြောင်းကြံစည်မှုတွေပြန်တိုးလာရတဲ့အကြောင်းရင်းတွေထဲမှာ ကိုဗစ် (COVID-19) ကပ်ရောဂါအခြေအနေကြောင့်ဆိုတဲ့အချက်လည်း အဓိကအခန်းကဏ္ဍကနေ ရပ်တည်နေခဲ့တယ်လို့ ပညာရှင်တွေကဆိုပါတယ်။    ကပ်ရောဂါအခြေအနေထိန်းချုပ်ရေးအတွက်လော့ဒေါင်း(Lockdown)ချကာ သီးခြားနေထိုင်ရတာ လူစုလူဝေးမလုပ်ရဘဲ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာအဝေးခြားပြီး သွားလာကြရကာ ကပ်ရောဂါခံစားရမှုနဲ့ မိသားစုဝင်တွေ ဆုံးရှုံးရမှုတွေကနေ အထီးကျန်မှု၊ စိုးရိမ်သောကဖြစ်မှု၊ ဝင်ငွေကျဆင်းမှု၊ အကြွေးများလာမှုစ တဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာကနေေ သကြောင်းကြံစည်မှုတွေအထိ ပြင်းထန်ဆိုးရွားတဲ့သက်ရောက်မှုတွေလည်း ထည့်သွင်းတွက်ချက်ခဲ့ရတယ်လို့ သုတေသီကဆိုပါတယ်။

အောက်တိုဘာ ၁၃ ရက်သတင်းအရ အိုမီခရွန်မျိုးကွဲအတွက်အထူးထုတ်လုပ်ထားတဲ့ ကိုဗစ် (COVID-19) ကာကွယ်ဆေးများကို မူလကာကွယ်ဆေးတွေထက်ကျော်လွန်ပြီး ထောက်ခံချက်ပေးဖို ့ခိုင်လုံတဲ့အထောက်အထားမရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ ကာကွယ်ဆေးကျွမ်းကျင်သူများကအောက်တိုဘာ ၁၁ ရက်ကေ ပြာကြားခဲ့ပါတယ်။

အိုမီခရွန် (Omicron) ရဲ့ထပ်ဆင့်မျိုးကွဲများဖြစ်တဲ့ ဘီအေဝမ်း (BA-1) (သို့မဟုတ်) ဘီအေဖိုး (BA-4)၊ ဘီအေဖိုက် (BA-5) အပါအဝင်မျိုးကွဲလေးခုပါတဲ့(RNA) အကွာအဝေးများဟာ မူလမျိုးကွဲနဲ့ပေါင်းစပ်ပြီး အားဖြည့်ကာကွယ်ဆေးတွေအဖြစ်အ သုံးပြုထိုးနှံဖို့အတည်ပြုချက်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးများကို အိုမီခရွန်မျိုးကွဲများအတွက်ထုတ်လုပ်ထားခြင်းဖြစ်ပြီး အကျိုးကျေးဇူးအနည်းငယ်သာရရှိလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ကိုယ်ခံစွမ်းအားဆိုင်ရာမဟာဗျူဟာ အကြံပေးကျွမ်းကျင်သူများအဖွဲ့(SAGE) ကေ ပြာကြားခဲ့ပါတယ်။

 (WHO) ဟာ လက်ရှိအချိန်အထိ ကိုဗစ်ကာကွယ်ဆေးကိုးမျိုးဖြစ်တဲ့ ဖိုင်ဇာ (Pfizer)၊ အက်စထွာဇီနီကာ (Astra Zeneca)၊ ဂျွန်ဆင်(Jaunsen)၊ မိုဒါနာ(Moderna)၊ ဆိုင်နိုဗက် (Sinovac)၊ ဆိုင်နိုဖမ်း (Sinopharm)၊ နိုဗာဗက် (Novavax)၊ ကန်စီနိုဘိုင်အို (Cansino BIO) ကာကွယ်ဆေးများဖြစ်ပါတယ်။ ထပ်ဆင့်မြှင့်ကာကွယ်ဆေးအနေနဲ့ မျိုးတူထက်မျိုးကွဲကို ထိုးနှံပါက အာနိသင်ပိုမိုထက်မြက်ကြောင်း အစောပိုင်းကာလတွေက အကြံပြုထားပါတယ်။

 မျိုးကွဲများပါဝင်တဲ့ ကာကွယ်ဆေးများရဲ့ အာနိသင်ဟာ မူလကာကွယ်ဆေးများရဲ့အာနိသင်နဲ့တူညီပြီး အိုမီခရွန်မျိုးကွဲကိုကာကွယ်နိုင်မှုမှာအနည်းငယ်သာလွန်မှုရှိတာကို ကျွမ်းကျင်သူများကေ တွ့ရှိခဲ့တယ်လို့(SAGE)ရဲ့ အလုပ်အမှုဆောင်အတွင်းရေးမှူး 'ဂျိုအာချင်ဟွမ်ဘက်ချ်' ကဆိုပါတယ်။    

"ကာကွယ်ဆေးတွေကိုနှိုင်းယှဉ်ကြည့်တဲ့အခါမှာ အာနိသင်က သိပ်မထူးခြားတာကို ဓာတ်ခွဲခန်းထဲမှာတွေ့နိုင်ပါတယ်" လို့ 'ဟွမ်ဘက်ချ်' ကပြောကြားခဲ့ပါတယ်။ အိုမီခရွန်မျိုးကွဲဟာ ပြီးခဲ့တဲ့ရက်ပေါင်း ၃၀ အတွင်း စုဆောင်းရရှိခဲ့တဲ့ ဗိုင်းရပ်နမူနာပေါင်းရဲ့ ၉၉ ဒသမ ၉ ရာခိုင်နှုန်းခန့်ရှိပြီး အဆိုပါနမူနာများကို(GISAID) ကမ္ဘာလုံးဆိုင်ရာ သိပ္ပံဌာနကို ပေးပို့ခဲ့ပါတယ်။

အဆိုပါမျိုးကွဲများအနက်အိုမီခရွန်ရဲ့ ထပ်ဆင့်မျိုးကွဲဖြစ်တဲ့ ဘီအေဖိုက် (BA-5) ဗိုင်းရပ်အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုဟာ ၈၁ ရာခိုင်နှုန်းရှိပြီးဘီအေဖိုး (BA-4) အုပ်စုက ရှစ်ရာခိုင်နှုန်းနဲ့ ဘီအေတူး (BA-2) အုပ်စုက သုံးရာခိုင်နှုန်းဖြစ်ပါတယ်။ တရားဝင်စုဆောင်းရရှိတဲ့အချက်အလက်များအရအောက်တိုဘာ ၁၂ အရက်အထိ ကမ္ဘာတစ်ဝန်း ကိုဗစ်အတည်ပြုလူနာ ၆၁၅ သန်းကျော်ရှိပြီး သေဆုံးသူ ၆ ဒသမ ၅ သန်းကျော်ရှိပြီလို့ WHO က ဆိုပါတယ်။

 အိုမီခရွန်မျိုးကွဲ ဘီအေဖိုက် (BA-5) ကြောင့် တရုတ်နိုင်ငံ ရှန်ဟိုင်း၊ ရှင်ကျန်းအပါအဝင်တရုတ်နိုင်ငံမြို့ကြီးအချို့မှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာခဲ့ပြီးစာသင်ကျောင်းများ၊ ဖျော်ဖြေရေးရုံများနဲ့ ခရီးသွားလာလည်ပတ်ရာနေရာများကို အလျင်အမြန်ပိတ်ထားကာ လော့ဒေါင်း(Lockdown)ချထားတဲ့မြို့များလည်းရှိနေပါတယ်။ အောက်တိုဘာ ၁၀ ရက်ကပြည်တွင်းကူးစက်မှုအသစ် ၂၀၁၈၉ ဦးတွေ့ရှိပြီး နေ့အလိုက်ကူးစက်မှုအများဆုံးဖြစ်ကာ တရုတ်နိုင်ငံမြို့ပေါင်း ၃၆ မြို့ဟာသက်ရောက်မှုအတိုင်းအဆမတူညီတဲ့လော့ဒေါင်းချမှု (သို့မဟုတ်) ရောဂါထိန်းချုပ်ရေးအစီမံများအောက်မှာ ကျရောက်နေကာ လူပေါင်း ၁၉၇ သန်းသက်ရောက်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းရှိနည်းပညာဗဟိုချက်မရှန်ကျန်းမှာ အလွန်ကူးစက်လျင်မြန်တဲ့ဘီအက်ဖ်(၇)(BF-7)အိုမီခရွန်မျိုးကွဲကူးစက်ခံရမှုတွေရှိလာခဲ့ပြီးရောဂါကူးစက်မှုဟာ ယခင်ရက်ထက်သုံးဆကျော်တိုးလာခဲ့တယ်ဆိုပါတယ်။ လူဦးရေ ၁၁ သန်းနေထိုင်တဲ့ ရှန်ကျန်းမြို့ ဝင်ရောက်လာတဲ့ ခရီးသွားများအနေနဲ့ သုံးရက်အတွင်းသုံးကြိမ်ဆေးစစ်မှုခံရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကာလမှာ အဆက်မပြတ်ဖြစ်ပွားနေတဲ့ပြဿနာတွေကြောင့် နိုင်ငံပေါင်း ၅၄ နိုင်ငံဟာ ကြွေးမြီသက်သာခွင့် အလျင်စလိုလိုအပ်နေတယ်လို့ကုလသမဂ္ဂအစီစဉ်(UNDP) အစီရင်ခံစာမှာ အောက်တိုဘာ ၁၁ ရက်ကဆိုပါတယ်။ ဖွံ့ဖြိုးဆဲဆင်းရဲတဲ့နိုင်ငံအများအပြားဟာ နက်ရှိုင်းလာတဲ့ကြွေးမြီပြဿနာရင်ဆိုင်နေရပြီးအဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုမရှိတဲ့ အန္တရာယ်များဟာ အလေးထားရမယ့် အရာများဖြစ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီစဉ်အစီရင်ခံစာသစ်မှာ သတိပေးထားပါတယ်။ ချက်ချင်းသက်သာခွင့်ပေးခြင်းမရှိပါက အနည်းဆုံး ၅၄ နိုင်ငံဟာ ဆင်းရဲမွဲတေမှုအဆင့်များ မြင့်တက်လာတာမြင်ရမှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနယ်ပယ်မှာ အရေးတကြီးလိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့လျှော့ပေါ့ပေးခြင်းတို့ဖြစ်လာမှာ မဟုတ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)ကေ ဖာ်ပြခဲ့ပါတယ်။

  ဖိလစ်ပိုင်မှာ အောက်တိုဘာ ၁၁ ရက်နေ့ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုကြောင့် ၃၄ ဦးထပ်မံသေဆုံးလို ့သေဆုံးသူပေါင်း ၆၃၃၆၃ ဦးရှိကာ ရောဂါကူးစက်သူ ၂၄ နာရီအတွင်း ၁၆၂၃ ဦးတွေ့ရှိကာ ရောဂါကူးစက်သူပေါင်း ၃၉၇၃၀၉ ဦးရှိလာပြီဖြစ်ပါတယ်။

  တောင်ကိုရီးယားမှာ အောက်တိုဘာ ၁၁ ရက်နေ့ ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၀၅၃၅ ဦးထပ်မံတွေ့ရှိခဲ့လို ့နိုင်ငံတစ်ဝန်းကူးစက်သူပေါင်း၂၅၀၂၅၇၄၉ ဦးရှိကာ တစ်ရက်အတွင်း ၇၀ ဦးမှာပြည်ပမှပြန်လည်ရောက်ရှိသူများဖြစ်ကာ ကျန်ရှိသူများဟာ ပြည်တွင်းကူးစက်ခံရသူများဖြစ်ကြောင်း သိရပါတယ်။၂၄ နာရီအတွင်း သေဆုံးသူ ၁၅ ဦးတွေ့ရှိရကာ သေဆုံးသူစုစုပေါင်း ၂၈၇၂၃ ဦးရှိလာကြောင်း တောင်ကိုးရီးယားကျန်းမာရေးအာဏာပိုင်က ဆိုပြီး သေဆုံးမှုမှာရောဂါဖြစ်သူစုစုပေါင်းရဲ့သုည ၁၁ ရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။

 ကိုဗစ်(COVID-19)ကြီးက ကမ္ဘာမြေပေါ်မှာ(၄-၅)နှစ်ကြာရှိဦးမှာဆိုတော့ပုံမှန်ကာကွယ်ဆေးနှစ်ကြိမ်၊ ထပ်ဆင့်မြှင့် နှစ်ကြိမ်ထိုးနှံခြင်း၊ ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့နှာခေါင်းစည်း (surgical mask) တပ်ခြင်း၊ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင်စီမံသင့်ပါတယ်။          ကိုဗစ်(COVID-19) က ကမ္ဘာမြေပေါ်မှာကြာနေဦးမှာဆိုတော့ နောက်ထပ်ထွက်ပေါ်လာမယ့် ကိုဗစ်မျိုးကွဲသစ်များ အလိုက်နှစ်စဉ်ကာကွယ်ဆေးထိုးနှံသွားဖို့ရှိပြီး တုပ်ကွေး (Influenza) လိုခံနိုင်ရည်ရှိလာရင်လူတို့ကာကွယ်ဆေးထိုးနှံမှုရပ်သွားနိုင်ပါတယ်။ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ကာ ပုံမှန်ဘဝသစ်(New Normal Life) အရေ နထိုင်သွားဖို့သာရှိပါတယ်။ ရုံးအလုပ်များအိမ်ကိုသယ်ပြီး လုပ်တာဟာ ၂၀၂၅ ခုနှစ်မှာ တစ်ပတ်မှာ ငါးရက်အိမ်ကနေအလုပ်လုပ်ကြမှာဖြစ်ပါတယ်။အီးပညာရေး(e-Education)၊ အီးကျန်းမာရေး(e-Health)၊ အီးဂါးဗင့်မင့်(e-Government) အပြင်အွန်လိုင်းမီတင်း (Online Meeting) ကအောက်ခြေနဲ့ပိုမိုနီးစပ်လာတယ်။ သင်ထောက်ကူပစ္စည်းအားနည်းတဲ့ဆင်းရဲတဲ့နိုင်ငံတွေအခက်အခဲတွေရှိနေပြီး ကမ္ဘာ့အနှံ့စီးပွားရေးကျဆင်းခဲ့ပါတယ်။ 

Most Read

Most Recent