ကမ္ဘာ့ရွှေစျေးနှုန်း ကျဆင်းလာသော် လည်း အမြင့်စျေးမှာပင်ရှိနေသည့် မြန်မာ့ရွှေ စျေးအတွက် အစိုးရက အောက်တိုဘာလ ဆန်းပိုင်းတွင် အစီအစဉ်တစ်ခုပြုလုပ်ခဲ့သည်။
ယင်းမှာ ရန်ကုန်နှင့်မန္တလေးရှိ ရွှေလုပ် ငန်းရှင်များအသင်းနှင့်သယံ ဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေတုံးနှင့် ရွှေပြားများကို ထုတ်ရောင်းခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအ သင်းက ရွှေတစ်ကျပ်သား ကျပ် ၂၅ သိန်းဖြင့် ရွှေ ၁၀ ပိဿာကျော်ကို နှစ်ရက်ဆက် ရောင်း ချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်း၏ အလုပ်အမှုဆောင်နှင့် အသင်းဝင် ၂၄ ဦးက မီးလင်းရွှေအတုံးအခဲ ၁၂၇၇ ကျပ်သားကို ရောင်းချပေးခြင်းဖြစ်ပြီး အဆိုပါရွှေလုပ်ငန်းရှင်များတွင် ဦးနေမျိုး ထက် (အကယ်ဒမီ) ရွှေဆိုင်မှ ၂၀၀ ကျပ်သား၊ ဦးဝင်းစိန် (ရွှေအသင်း၊ ဒုတိယဥက္ကဋ္ဌ) က ၁၀၀ ကျပ်သား၊ အောင်သမာဓိရွှေဆိုင်က ၁၀၀ ကျပ်သား၊ ဇွဲထက်ရွှေဆိုင်က ၁၀၀ ကျပ် သားအပါအဝင် ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် နှင့် အသင်းဝင် ၂၄ ဦးက ရောင်းချပေးခြင်းဖြစ် သည်။
အောက်တိုဘာ ၁၂ ရက် နံနက် ၁၁ နာရီ ကျော်မှ စတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး လာ ရောက်ဝယ်ယူသူ များပြားခြင်းကြောင့် တို ကင် လက်မှတ်များဝေငှ၍ ရောင်းချပေးခဲ့ရ ကြောင်း သိရသည်။
လာရောက်ဝယ်ယူသူများမှာ မှတ်ပုံတင် မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူ ယူဆောင် လာရကြောင်း သိရသည်။
“အစည်းအဝေးပြီးတာနဲ့ စရောင်းပေး တာ။ တိုကင်လေးတွေဝေလိုက်တယ်။ တိုကင် ရတဲ့ သူကဝယ်မယ့် ရွှေအရေအတွက်ရဲ့ တန် ဖိုးကို ဘဏ်မှာ ငွေသွင်းရတယ်။ အဲဒီက ့ွနဗ ဘဏ်အကောင့်ကို ငွေသွင်းပြီး ကြောင်း ပြေစာရရင် ဒီမှာ ရွှေကိုလာထုတ်ရုံပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
ယင်းသို့ လာရောက်ဝယ်ယူရာတွင် လူဦးရေ များပြားသဖြင့် ရွှေအသင်းရုံးခန်း အတွင်းသို့ အလှည့်ကျ စနစ်ဖြင့်ဝင်ရောက်ခွင့် ပြုပြီး ရွှေဝယ်ယူနေရသည်ကို မြင်တွေ့ခဲ့ရ သည်။
“နေ့လယ် ၁ နာရီမှ ရောင်းမယ်ဆိုလို့ လာခဲ့တာ။ အခုက တိုကင်ကို အစောကြီး ဝေ လိုက်တော့ ဝယ်လို့မရတော့ဘူး ဖြစ်သွား တယ်”ဟု ရွှေ လာဝယ်သူတစ်ဦးက ဆိုသည်။
ရွှေလာဝယ်သူများမှာ အသင်းရုံးတည် ရှိရာ ရွှေဘုံသာလမ်းပေါ် တွင် တန်းစီနေကြ ပြီး အချို့မှာ လှေကားခွင်အတွင်း မတ်တတ်ရပ် စောင့်နေကြရသည်ကို တွေ့မြင်ခဲ့ရသည်။
“တိုကင်ကအစောကြီးဝေလိုက်တော့ မရတဲ့သူက မရဘူး ဖြစ်သွားတယ်။ အစည်း အဝေးပြီးတာနဲ့ ဝေလိုက်တာဆိုတော့ အစော ပိုင်းက လာစောင့်တဲ့သူလောက်ပဲ ရွှေဝယ် ခွင့်ရသွားတယ်” ဟု ရွှေလာဝယ်သူတစ်ဦးက ပြောကြားသည်။
ဒုတိယနေ့တွင်လည်း ကျန်ရှိနေသည့် ရွှေနှစ်ပိသာကို ဆက်လက်ရောင်းချခဲ့ပြီး လာဝယ်သူများသဖြင့် စာကပ်၍ ရွှေကုန်သည့် အကြောင်းကို အသိပေးခဲ့ရသည်။
“ ဒုတိယနေ့လည်း လာတာ ဝယ်လို့မရခဲ့ ဘူး။ ပထမနေ့ ညနေကတည်းက တိုကင်ဝေ လိုက်တော့ မရဘူးဖြစ်သွားတယ်။ ရောင်း မယ်ဆိုလည်းဒီထက်ပိဿာချိန် ပိုတိုးပြီး ရောင်း ပေးစေချင်တယ်။ အခုက ဘာမှမရှိ ဘူး” ဟု ရွှေလာဝယ်သူတစ်ဦးက ပြောကြား သည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအ သင်းက ရောင်းချပေးသည့် စနစ်မှာ အသင်း ဝင်များ၊ အသင်းဝင်များ၏ မိသားစုဝင်များမှ အပ မည်သူမဆို လာရောက်ဝယ်ယူနိုင်ခြင်း ဖြစ်သည်။
“အသင်းဝင်ကလွဲရင် ကျန်တဲ့ သူအကုန် ဝယ်လို့ရတယ်။သန်းခေါင်စာရင်းယူခိုင်း တာက တစ်မိသားစုတည်းက လူငါးယောက် လောက် လာဝယ်မှာစိုးလို့ ယူခိုင်းတာ။ လုပ် စားလို့မရအောင်ပေါ့” ဟု ရန်ကုန် တိုင်း ရွှေ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
လာရောက် ဝယ်ယူသူများအနေဖြင့် တစ်ဦးလျှင် ရွှေတစ်ကျပ်သား မှ ၁၀ ကျပ်သား အထိ ဝယ်ယူနိုင် သည်။
မန္တလေးမြို့တွင်လည်း ရွှေတစ်ကျပ်သား ကျပ်၂၅သိန်း လေးသောင်း နှုန်းဖြင့် မီးလင်းရွှေ ခုနစ်ပိဿာကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ် သားနှုန်း ဖြင့် ရောင်းချပေးရာတွင် အကုန်နီး ပါး ရောင်းချနိုင်ခဲ့သည်။
အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီမှ စတင်ကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး တစ်နာရီ ကျော်အကြာတွင် ရွှေခုနစ်ပိဿာကို အကုန် နီးပါး ရောင်းချခဲ့ရကြောင်း သိရသည်။
“ရောင်းတာ ခဏလေးနဲ့ ကုန်သွားပါ တယ်” ဟု မန္တလေးတိုင်းဒေသကြီးမှ ရွှေလုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။
မီးလင်းရွှေ ခုနစ်ပိသာကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်းဖြင့်ရောင်းချပေးမည် ဖြစ်ပြီး ဝယ်ယူရာတွင် မန္တလေးတိုင်း ရွှေအ သင်းဝင်များမှအပ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး ဝယ်ယူသူများအနေဖြင့် မှတ်ပုံ တင် ယူဆောင်လာရခြင်းဖြစ်သည်။
ထို့ပြင် သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း ရွှေပြားများကို ထုတ်ရောင်းခဲ့သည်။
စက်တင်ဘာလပိုင်းမှ စတင်ကာ နေ ပြည်တော်တွင် ရောင်းချနေရာမှ အောက်တို ဘာလပိုင်းမှစတင်ကာ ရန်ကုန်နှင့် မန္တလေး မြို့တို့တွင်ပါ ရွှေပြားများကို ထပ်မံရောင်းချခဲ့ ခြင်းဖြစ်သည်။
ရောင်းချရာတွင် စျေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့၌ ပြုလုပ်သည့် ရွှေစျေးပြိုင် လေလံစနစ်ဖြင့် ရောင်းချမှုတွင် တစ်ကျပ် သားလျှင် ကျပ် ၂၅ သိန်းဖြင့် ရွှေသုံးပိဿာ လေလံအောင်မြင်သွားကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
အလားတူ မန္တလေးမြို့တွင်လည်း ရွှေ သုံးပိဿာကိုလည်း လေလံစနစ်ဖြင့် ရောင်း ချခဲ့ရာ ကြမ်းခင်းစျေးအဖြစ် တစ်ကျပ်သား လျှင်ကျပ် ၂၄ သိန်းသတ်မှတ်ခဲ့ပြီး ကျပ် ၂၄ သိန်းခွဲဖြင့် နှစ်ပိဿာ၊ ကျပ် ၂၄ သိန်း ရှစ် သောင်းဖြင့် တစ်ပိဿာ ရောင်းချခဲ့ရကြောင်း မန္တလေးရွှေအသိုင်းအဝိုင်းမှ သိရသည်။
ယင်းသို့ရွှေများထုတ်ရောင်းခြင်းမှာ ပြင်ပတွင်စျေးများမြင့်တက်နေသည့် ရွှေစျေး နှုန်းများကို ထိန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ထုတ်ရောင်းခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောကြားသည်။
“ရွှေစျေး တည်ငြိမ်အောင်လို့ရယ်၊ အတက်အကျကြမ်းနေတဲ့ ရွှေစျေးတည်ငြိမ် အောင်လို့” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်းမှဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောကြား သည်။
ရန်ကုန်တိုင်းတွင် ရွှေများကို စျေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ရန် ရွှေလုပ်ငန်း ရှင်များနှင့်အ ကြိတ်အနယ်ဆွေးနွေးခဲ့ရ သည်ဟု ၎င်းင်းကဆက်လက်ပြောကြားသည်။
“ အပြင်စျေးကွက်မှာက ဒီက စျေးထက် ပိုများနေတော့ရွှေလုပ်ငန်းရှင်တွေနဲ့က တော် တော်ပြောယူရတယ်။ နောက်ဆုံးကျမှရောင်း ပေးဖို့ သဘောတူကြတာ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ရွှေများကို ရောင်းချပေးမှုအပေါ် စျေး ကွက်ကမည်သို့ တုံ့ပြန်မည်ဆိုသည်ကို စောင့် ကြည့်ပြီးလာ မည့်ရက်များတွင် ဆက်လက် ရောင်းချမည် မရောင်းချမည်ကိုဆုံး ဖြတ်မည် ဟု ဦးမျိုးမြင့်က ပြောကြား သည်။
“ အခုက အိမ်ခြံမြေ၊ ကား ဘက်ကို လူ တွေက သိပ်မလှည့်ကြ ဘူး။ ရွှေဘက်ကို လှည့်လာတာများ လာတယ်။ အခုထုတ် ရောင်းလိုက်တဲ့အပေါ်မှာ စျေးကွက်က ဘယ် လို တုံ့ပြန်မလဲဆိုတာကို ကြည့်ရမှာ ပေါ့” ဟု ရွှေအသင်းဥက္ကဌက ပြော ကြားသည်။
ယခင်နှစ်များ၏ အတွေ့အ ကြုံများအရ ပြည်တွင်းရွှေစျေးကွက် မှာ ယခုလပိုင်းတွင် စျေးနှုန်းအကျဘက်တွင်သာရှိခဲ့သည့် အခြေ အနေဖြစ်သည်။
“ ပြည်တွင်းရွှေစျေးကွက်က တော့ ခါ တိုင်းပုံမှန်အတိုင်းဆိုစျေး ကျတဲ့လတွေပါပဲ။ အခုကတော့ လုပ်ငန်းပြောင်းလာတဲ့သူတွေရှိ နေတော့ စျေးနည်းနည်းမာနေတဲ့သဘောရှိ နေတာပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ပြည်တွင်းရွှေစျေး စျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင်ကျပ် ၈၀၀၀ ၀၀ တန်း၊ ၂၀၁၇ ခုနှစ် တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁ဝဝဝဝဝဝတန်း၊ ၂၀၁၉ ခုနှစ် တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက် တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ လည်းကောင်း၊ ၂၀၂၁ ခုနှစ်ဖေဖော် ၀ါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ လည်း ကောင်း စံချိန်တင်မြင့် တက်ခဲ့သည်။
ယင်းစျေးနှုန်းများကိုကျော်လွန်ကာ ၂၀၂၂ ခုနှစ်တွင် စံချိန် တင်စျေးနှုန်းအနေဖြင့် သြဂုတ် ၁၂ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်း သို့ ရောက် ရှိခဲ့ပြီး သြဂုတ် ၁၃ တစ်ရက်တည်းတွင် နံနက်ပိုင်း၌ ၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်း ကျော် အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သြဂုတ် ၃၁ ရက်က ကျပ်၃၆၇၀၀၀၀ ထိ စံချိန်တင်မြင့်တက်ခဲ့သည်။
လက်ရှိတွင် ရွှေစျေးနှုန်းမှာ အောက်တို ဘာ ၁၄ ရက်စျေးနှုန်း များအရ တစ်ကျပ်သား လျှင် ကျပ် ၂၆ သိန်းခွဲရှိကြောင်း စျေးကွက်အ တွင်းမှ သိရသည်။
“အခုကတော့ စျေးကွက်ထက် တစ် သိန်းကျော်လောက် သက်သာအောင်ခွာ ရောင်းပေးတာပေါ့။ စျေး လည်းသက်သာ တော့ လာဝယ်တဲ့ သူများတာပေါ့ကွာ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
အောက်တိုဘာ ၁၃ ရက် ပြင်ပ စျေး ကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ် သားလျှင် ကျပ်၂၇၃၀၀၀၀ ဝန်းကျင်စျေးဖွင့်ခဲ့ ပြီး ၂၆၇၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရ သည်။
ပြီးခဲ့သည့်အောက်တိုဘာ ၁၁ ရက်တွင် အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၅၇၀၀၀၀ ဝန်းကျင်ရှိပြီး အောက်တို ဘာ ၁၂ ရက်တွင် ၂၆၅၀၀၀၀ ဝန်းကျင်ရှိခဲ့ ကြောင်း သိရသည်။
ယင်းကြောင့် ရွှေစျေးနှုန်းမှာ ပြင်ပတွင် ကျပ် ၂၆ သိန်းမှ ကျပ် ၂၈ သိန်းကြားတွင် အတက်အကျဖြစ် နေသည်ကို တွေ့ရသည်။
ထို့ပြင် ရွှေလုပ်ငန်းရှင်များအသင်းမှ ရောင်းချခဲ့သည့် ရွှေများမှာလည်း စျေးနှုန်း အားဖြင့် တစ်ကျပ် သားလျှင် ကျပ် ၂၅ သိန်း အထက်တွင်သာရှိနေသည်ကို တွေ့ရသည်။
ယင်းအပြင် ဒေါ်လာစျေးမှာ လည်း ပြင်ပတွင် အောက်တိုဘာလ လယ်ပိုင်းတွင် စျေးနှုန်းအနည်းငယ် မာလာသဖြင့် ရွှေစျေး နှုန်းမှာ ကျပ် ၂၅ သိန်းအထက်တွင်သာရှိနေနိုင် သည်။
“ အခုကတော့ ရွှေစျေးနဲ့ ဒေါ်လာက သိပ်မတိမ်းမယိမ်းမှာပဲရှိတာပေါ့။ ဒါပေမဲ့ ဒေါ်လာစျေးတက်လာတာနဲ့ ရွှေစျေးက လိုက်တက်လာတာ များတယ်။ အခုကတော့ ဒေါ်လာက နည်းနည်းတောင့်နေတော့ စျေးက သိပ်မကျနိုင်ဘူး ဖြစ်နေတာပေါ့” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမျိုးမြင့်က ပြော ကြားသည်။
ဒေါ်လာစျေးနှုန်းမှာ အောက် တိုဘာ ၁၄ ရက်စျေးနှုန်းများအရ တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ အောက်သို့ ရောက်ရှိလာပြီး ကျပ် ၂၉၀၀ ဝန်းကျင်တွင် အရောင်းအ ဝယ်ရှိနေ ကြောင်း စျေးကွက်အတွင်း မှ သိရသည်။
“ အဓိက ဒေါ်လာစျေးကျတာ နဲ့ ပြည် တွင်းရွှေစျေးက လိုက်ကျမှာ ပဲ။ အခရာက ဒေါ်လာဖြစ်နေတာပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။










