■ ၂၀၂၄ ခုနှစ်တွင် ဟော်လန်အား ခေါ်ယူရန် ရီးယဲလ် စိတ်ဝင်စား     

■ ၂၀၂၄ ခုနှစ်တွင် ဟော်လန်အား ခေါ်ယူရန် ရီးယဲလ် စိတ်ဝင်စား     
Photo: Getty Images
Photo: Getty Images
Published 14 October 2022

ရီးယဲလ်အသင်းသည် ၂၀၂၄ နွေရာသီတွင် ခေါ်ယူရန် မန်စီးတီး တိုက်စစ်မှူး ဟော်လန်းအား ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့်နွေရာသီက ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းသို့ ပေါင် (၅၁) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဟော်လန်းသည် မန်စီးတီးအသင်းနှင့် (၅) နှစ် စာချုပ်ချုပ်ဆိုထားသည်။ 

သို့သော် အဆိုပါစာချုပ်တွင် ဟော်လန်းအနေဖြင့်၂၀၂၄ ခုနှစ်မှစပြီး ပေါင် (၁၇၅) သန်းဖြင့် အင်္ဂလန်ပြင်ပကလပ်အသင်းများသို့ ပြောင်းရွှေ့ခွင့်ရှိသည်ဆိုသောအချက်ကို ထည့်သွင်းချုပ်ဆိုထားသည်ဟု အောက်တိုဘာ (၁၁)ရက်၌ သတင်းထွက်ပေါ် ခဲ့သည်။ 

ဟော်လန်းအနေဖြင့် လျော်ကြေးစာချုပ်ချုပ်ဆို ထားခြင်းမရှိဟု ဂွါဒီယိုလာ ပြောဆိုပြီးနောက် ယင်းသတင်းများထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ 

ရီးယဲလ်အသင်းသည် ၂၀၂၄ ခုနှစ်တွင် ၀ါရင့်တိုက်စစ်မှူး ဘန်ဇီမာ၏နေရာတွင်အစားထိုးရန်အတွက် မန်စီးတီးတိုက်စစ် မှူး ဟော်လန်းကို ခေါ်ယူရန် ပစ်မှတ်ထားလာခြင်းလည်းဖြစ်သည်။ 

Most Read

Most Recent