နောဝစ်ချ်အားကစားဒါရိုက်တာ ဝက်ဘာအား အသင်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန် ချယ်လ်ဆီး ဆွေးနွေး

နောဝစ်ချ်အားကစားဒါရိုက်တာ ဝက်ဘာအား အသင်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန် ချယ်လ်ဆီး ဆွေးနွေး
Photo: Daily Star
Photo: Daily Star
Published 14 October 2022

ချယ်လ်ဆီးအသင်းသည် နောဝစ်ချ်အားကစားဒါရိုက်တာ စတူးအက်ဝက်ဘာအား အသင်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန်ဆွေးနွေးနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။

ချယ်လ်ဆီးအသင်းပိုင်ရှင်များဖြစ်သည့် တော့ဒ်ဘိုလီနှင့်အဖွဲ့သည် ပြီးခဲ့သည့်မေလတွင် ချယ်လ်ဆီးအသင်းကို အပြီးသတ်ဝယ်ယူပြီးနောက် အသင်းထိပ်တန်းရာထူးများကို အပြောင်းအလဲများစွာ ပြုလုပ်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အသင်းအားကစားဒါရိုက်တာဖြစ်သူ ဂရာနော့ဗ်စကီယာအား ရာထူးမှထုတ်ပယ်ပြီးနောက် ယင်းရာထူးအတွက် လူသစ်ရှာဖွေခဲ့ပြီး နာမည်ကျော်များကို ချိတ်ဆက်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ယခုအခါ ချယ်လ်ဆီးအသင်းသည် အားကစားဒါရိုက်တာရာထူးအတွက် နောဝစ်ချ်အားကစားဒါရိုက်တာဖြစ်သူ ဝက်ဘာနှင့် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အသက် (၃၈)နှစ်အရွယ်ရှိ ဝက်ဘာသည် နောဝစ်ချ်အသင်းတွင် အသင်းအားကစားဒါရိုက်တာအဖြစ် ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်နေသူဖြစ်သည်။

ထို့ပြင် ၎င်းသည် လီဗာပူးလ်အသင်းတွင် လူသစ်စုဆောင်းမှုဒါရိုက်တာ၊ QPR  နှင့် ဝုလ်ဗ်တို့တွင် ကင်းထောက်ချုပ်၊ ဟတ်ဒါဖီးလ်အသင်းတွင် ဘောလုံးဒါရိုက်တာ စသည့်ရာထူးများတွင် ဆောင်ရွက်ဖူူးသူဖြစ်ကြောင်းလည်း သိရှိရသည်။ 

Most Read

Most Recent