စာချုပ်သက်တမ်းတိုးပြီး အာဆင်နယ်အသင်းတွင် ဆက်ရှိလိုသည်ဟု မာတင်နယ်လီ ပြောကြား

စာချုပ်သက်တမ်းတိုးပြီး အာဆင်နယ်အသင်းတွင် ဆက်ရှိလိုသည်ဟု မာတင်နယ်လီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 12 October 2022

 

အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေသည့် ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီက စာချုပ်သက်တမ်းတိုးပြီး အသင်းတွင် ဆက်ရှိလိုသည်ဟု ပြောကြားခဲ့သည်။ 

မာတင်နယ်လီ(၂၁ နှစ်)သည် ၂၀၂၄ ခုနှစ်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် သက်တမ်းတိုးရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် မာတင်နယ်လီကို ၂၀၁၉ ခုနှစ်တွင် ဘရာဇီးလ်ကလပ် Ituano အသင်းထံမှ ပေါင်(၆)သန်းဖြင့် ခေါ်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ယခုအခါ အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေသည့် ကစားသမားများထဲတွင် ပါဝင်နေသောကြောင့် အာဆင်နယ်အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်သည်။ 

မာတင်နယ်လီကလည်း စာချုပ်သက်တမ်းတိုးပြီး အာဆင်နယ်အသင်းတွင် ဆက်ရှိလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent