နစက ဥက္ကဋ္ဌနှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦး​ဆောင်သည့် ငြိမ်းချမ်း​ရေးကိုယ်စားလှယ်အဖွဲ့တို့ ​ဒုတိယအကြိမ် တွေ့ဆုံ​ဆွေး​နွေး

နစက ဥက္ကဋ္ဌနှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦး​ဆောင်သည့် ငြိမ်းချမ်း​ရေးကိုယ်စားလှယ်အဖွဲ့တို့ ​ဒုတိယအကြိမ် တွေ့ဆုံ​ဆွေး​နွေး
Published 11 October 2022

နိုင်ငံ​တော်စီမံအုပ်ချုပ်​​ရေး​ကောင်စီဥက္ကဋ္ဌ၊ တပ်မ​တော်ကာကွယ်​​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်​အောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်​အောင်မင်း ဦး​ဆောင်သည့် ငြိမ်းချမ်း​ရေး ​ကိုယ်စားလှယ်အဖွဲ့တို့သည် ​အောက်တိုဘာ ၁၁ ရက်က ​နေပြည်​တော်ရှိ ဘုရင့်​နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ​ဒုတိယအကြိမ် တွေ့ဆုံ၍ ငြိမ်းချမ်း​ရေးဆိုင်ရာကိစ္စရပ်များအား ​​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်​အောင်မင်းနှင့်အတူ ဗဟိုအလုပ်အမှု​ဆောင် ​ကော်မတီဝင် နိုင်ဗညားလယ်၊ ဗဟို​ကော်မတီဝင် နိုင်အမ်စိုက်ချမ်းတို့ တက်​ရောက်ကြ​ကြောင်း သိရသည်။

ထို့သို့ ​တွေ့ဆုံ​ဆွေး​နွေးရာတွင် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်း​ရေးနှစ်အဖြစ် သတ်မှတ်​ကြေညာခဲ့ပြီး နိုင်ငံ​​ရေးအရဖြစ်​ပေါ်​နေသည့် သ​ဘောထားကွဲလွဲမှုများကို မည်သည့် ကန့်သတ်ချက်မျှ မထားရှိဘဲ ​တွေ့ဆုံ​ဆွေး​နွေးအ​ဖြေရှာနိုင်ရန် ဖိတ်​ခေါ်​ဆွေး​နွေးခဲ့ခြင်းဖြစ်သည့် အ​ခြေအ​နေများ၊ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ​ရေးသ​ဘောတူစာချုပ်(NCA)တို့ကို အ​ခြေခံ၍ ငြိမ်းချမ်း​ရေးလမ်း​ကြောင်းကို ဆက်လက်​ဖော်​ဆောင်သွားမည်ဖြစ်သည့် အ​ခြေအ​နေများ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုက​ရေစီစနစ် ကျင့်သုံး​ရေး၊ ဒီမိုက​ရေစီနှင့် ဖက်ဒရယ်စနစ်ကို အ​ခြေခံသည့် ပြည်​ထောင်စုတည်​ဆောက်​ရေးကို နိုင်ငံ​ရေး​မျှော်မှန်းချက်အဖြစ် ကြိုးပမ်း​ဆောင်ရွက်လျက်ရှိသည့် အ​ခြေအ​နေများ၊ ငြိမ်းချမ်း​​ရေး ​တွေ့ဆုံ​ဆွေး​နွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ​တောင်းဆိုချက်များ၊ ​ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အ​ကြေအလည်​ ဆွေး​နွေးမည်ဖြစ်ပြီး ပြည်​ထောင်စု​ကောင်းကျိုးကို ​ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ​လေး​လေးနက်နက် ​ဆွေး​နွေး​ဆောင်ရွက်သွားကြရန်လိုသည့် အ​ခြေအ​နေများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ရှင်းလင်း​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

ထို့​နောက် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒုတိယအကြိမ် ငြိမ်းချမ်း​ရေး ​တွေ့ဆုံ​ဆွေး​နွေးခွင့်ရပြီး မည်သည့်ကန့်သတ်ချက်မျှမထားရှိဘဲ ​ဆွေး​နွေးခွင့်ရရှိသည့်အတွက် အားရ​ကျေးဇူးတင်ရှိသည့် အ​ခြေအ​နေများ၊ မွန်ပြည်သစ်ပါတီအ​နေဖြင့် တစ်နိုင်ငံလုံးငြိမ်းချမ်း​ရေးရရှိ​ရေးကို ရည်မှန်းချက်ထားပြီး ငြိမ်းချမ်း​ရေး လမ်း​ကြောင်း​ပေါ်တွင် အစဉ်တစိုက်ပါဝင်​လျှောက်လှမ်း​နေသည့် အ​ခြေအ​နေများ၊ နိုင်ငံ​​ရေးအရ ဖြစ်​ပေါ်လာသည့် သ​ဘောထားကွဲလွဲမှုများကို နိုင်ငံ​​ရေးအရသာ ​ဆွေး​​ဆွေး​ဖြေရှင်း​ရေးကိုလည်း ရပ်တည်လျက်ရှိသည့် အ​ခြေအ​နေများနှင့်ပတ်သက်၍ သ​ဘောထားအမြင်များကို တင်ပြ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

​ဆွေး​နွေးတင်ပြမှုများနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌက ဒီမိုက​ရေစီစနစ်တွင် လွှတ်​တော်သည် နိုင်ငံ​​ရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအ​နေဖြင့်လည်း မိမိတို့​ဒေသ၏ အခွင့်အ​ရေးများကို တရားဥပ​ဒေနှင့်အညီ ​တောင်းဆိုနိုင်​ရေးအတွက် နိုင်ငံ​ရေးစင်မြင့် လွှတ်​တော်တွင် ပိုမိုပါဝင်လာရမည်ဖြစ်သည့် အ​ခြေအ​နေများ၊ ပါတီများကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက နိုင်ငံ​​ရေးကို အ​ခြေခံသည့်ပါတီ၊ ​ဒေသကို ကိုယ်စားပြုသည့်ပါတီ၊ တိုင်းရင်းသားကို ကိုယ်စားပြုသည့်ပါတီ ဟူ၍ရှိပြီး မိမိတို့ တစ်ဖွဲ့တည်း၊ တစ်ပါတီတည်း ကြည့်၍မရဘဲ ပြည်​ထောင်စုစိတ်ဖြင့် ပြည်​ထောင်စုအကျိုးကို ​ရှေးရှု​ဆောင်ရွက်ကြရန် လိုသည့် အ​ခြေအ​နေများနှင့်ပတ်သက်၍ ပြန်လည်​ဆွေး​နွေး​ပြောကြားပြီး ငြိမ်းချမ်း​ရေးဆိုင်ရာကိစ္စရပ်များ၊ ​ဒေသဖွံ့ဖြိုး​ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို အပြန်အလှန် ​​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦး​ဆောင်သည့် ငြိမ်းချမ်း​ရေး ​ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီမှ ဖွဲ့စည်း​ပေးထားသည့် ​ကောင်စီဝင်များ ပါဝင်သည့် ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွှတ်​ရေးနှင့် ငြိမ်းချမ်း​​ရေး​ဆွေး​နွေးမှု ညှိနှိုင်း​ရေး​ကော်မတီတို့နှင့် ငြိမ်းချမ်း​ရေး ​ဆွေး​နွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်​ကြောင်း သိရသည်။

Most Read

Most Recent