အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တယ် လို့ ESPN Argentina နဲ့ အင်တာဗျူးမှာ အတည် ပြုခဲ့ပါတယ်။ အသက် (၃၅)နှစ်ရှိပြီဖြစ်တဲ့ မက်ဆီက အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား (၄)ကြိမ် ကစားထားပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့သူပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ကိုပါအမေရိကပြိုင်ပွဲမှာ လက်ရွေးစင် အသင်းနဲ့ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ မက်ဆီအတွက် ကာတာကမ္ဘာ့ဖလားက (၅)ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်သလို နောက်ဆုံး ကြိုးပမ်းမှုလည်း ဖြစ်လာမှာပါ။ ESPN နဲ့ အင်တာဗျူးမှာ မက်ဆီက မိသားစုအကြောင်း၊ ကမ္ဘာ့ဖလားအမှတ်တရတွေနဲ့ ကစားသမားဘ၀ အနာဂတ်အစီအစဉ်တွေကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။















