၂၀၂၂ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၃၁၅၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန်ခွင့်ပြုခဲ့ပြီးရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၅ ဒသမ ၂၂၃ ဘီလျံကျော်ရှိ

၂၀၂၂ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၃၁၅၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန်ခွင့်ပြုခဲ့ပြီးရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၅ ဒသမ ၂၂၃ ဘီလျံကျော်ရှိ
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 8 October 2022

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်၂၃၁၅၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၅ ဒသမ ၂၂၃ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၃၀ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၈၁ ဘီလျံ ကျော်(၁၈၈၁၄၅၉ ဒသမ ၅၀ သန်း)၊ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၁ ခုမှ ရင်းနှီးမြှုပ်နှံမှုကျပ် ၁၁၇၁ ဘီလျံကျော် (၁၁၇၁၈၀၃ ဒသမ ၈၁ သန်းကျော်) ခွင့်ပြုပေးခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍသည် စုစုပေါင်းနိုင်ငံသားရင်းနှီး မြှုပ်နှံမှုပမာဏ၏ ၈၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍမှ ၇ ဒသမ ၁၉ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍမှ ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၈၂၆၉ ဒသမ ၆၃၈ သန်းဖြင့် တတိယအများဆုံးဝင်ရောက်ခဲ့သည်။

ကျန်ကဏ္ဍများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ကျပ် ၅၀၄၅၉၃၄ ဒသမ ၂၅၂ သန်း၊ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ကျပ် ၄၈၈၈၀၇၄ ဒသမ ၈၅၇ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင် ကျပ် ၃၇၃၄၁၄၇ ဒသမ ၅၅၄ သန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ၂၈၀၂၇၇၄ ဒသမ ၀၀၄ သန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကျပ်၂၃၈၁၉၀၆ ဒသမ ၅၉၅ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၂၅၉၁၇၆ ဒသမ ၂၈၂သန်း၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၉၈၂၅၃၃ ဒသမ ၇၃၀ သန်း၊ စက်မှုဇုန်ကဏ္ဍတွင် ကျပ် ၈၉၉၈၂၈ ဒသမ ၉၀၀ သန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ၄၃၀၆၅၉ ဒသမ ၉၁၉ သန်း၊ သတ္တုကဏ္ဍတွင် ကျပ် ၂၄၇၀၉၄ ဒသမ ၇၃၆ သန်း၊ လယ် ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၉၈၅၅၀ ဒသမ ၉၉၀ သန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃၇၂၃ ဒသမ ၉၅၉ သန်းဖြင့် စုစုပေါင်း ကျပ် ၂၂၇၈၄၄၀၅ ဒသမ ၇၇၈ သန်းခွင့် ပြုပေးထားကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခု နှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံက မြန်မာနိုင်ငံအတွင်း လာ ရောင်ရင်းနှီီးမြှုပ်နှံထားသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၃ ဒသမ ၂၉၄ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃၀၀ ကျော်ရှိကြောင်း (DICA) မှ ထုတ်ပြန်ထား သည့် စာရင်းများအရ သိရသည်။

Most Read

Most Recent