အင်တာမီလန်အသင်းသည် ချယ်လ်ဆီးနှင့် PSG အသင်းတို့က ခေါ်ယူရန်ပစ်မှတ်ထားနေသည့် အသင်းနောက်ခံလူ ရှကရီညာအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။
အင်တာမီလန်အသင်းနှင့် ချုပ်ဆိုထားသည့် ဆလိုဗက်ကီးယားလက်ရွေးစင်နောက်ခံလူ ရှကရီညာ(၂၇ နှစ်)၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။
အင်တာမီလန်အသင်းသည် ရှကရီညာအား လက်ရှိ တစ်နှစ်လစာ ယူရို (၃.၂)သန်း အစား ယူရို(၄)သန်းထိ တိုးမြှင့်ပေးချေကာ ဆုကြေးပါ ထပ်ပေးပြီး စာချုပ်သစ် ချုပ်ဆိုလိုနေကြောင်း သိရသည်။
PSG အသင်းကမူ ရှကရီညာအား တစ်နှစ်လစာ ယူရို (၇) သန်းအထိ ပေးချေမည်ဟု ကမ်းလှမ်းထားကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။















