ဝုလ်ဗ်အသင်းသည် ဆီဗီလာအသင်းမှ ထုတ်ပယ်ခံလိုက်ရသည့် နည်းပြ လိုပယ်တယ်ဟီနှင့် ဆွေးနွေးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ဝုလ်ဗ်အသင်းသည် နည်းပြ ဘရူနိုလာဂျီနှင့် လမ်းခွဲပြီးကတည်းက လိုပယ်တယ်ဟီကို ခန့်အပ်ရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။
ယခုအခါ လိုပယ်တယ်ဟီသည် ဆီဗီလာအသင်းမှ ထုတ်ပယ်ခံလိုက်ရပြီဖြစ်၍ ဝုလ်ဗ်အသင်းက တရားဝင်ဆွေးနွေးရန် စတင်စီစဉ်နေခြင်းဖြစ်သည်။
လိုပယ်တယ်ဟီသည် ဆီဗီလာအသင်းကို ၂၀၁၉ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာပင် ယူရိုပါလိဂ်ချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်သည်။















