လေဗာကူဆင်အသင်း၏ ကမ်းလှမ်းမှုကို သောမတ်စ်တူဟယ်လ် ပယ်ချခဲ့

လေဗာကူဆင်အသင်း၏ ကမ်းလှမ်းမှုကို သောမတ်စ်တူဟယ်လ် ပယ်ချခဲ့
Photo: Daily Mail
Photo: Daily Mail
Published 6 October 2022

ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်က လေဗာကူဆင်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း စပိိန်အားကစားသတင်းစာ AS က ဖော်ပြ ခဲ့သည်။

တူဟယ်လ်သည် စက်တင်ဘာ (၇) ရက်တွင် ချယ်လ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး တစ်လမပြည့်မီမှာပင် လေဗာကူဆင်အသင်း၏ ကမ်းလှမ်းမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

လေဗာကူဆင်အသင်းသည် ယခုရာသီ ဘွန်ဒစ်လီဂါ ပွဲစဉ် (၈)အပြီးတွင် ရမှတ် (၅) မှတ်သာရရှိထားပြီး အဆင့် (၁၉) နေရာ ရပ်တည်နေခြင်းကြောင့် အသင်းတာဝန်ရှိသူများသည် လက်ရှိနည်းပြ ဆီယိုအန်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး လီဗာပူးလ်ကစားသမားဟောင်း အလွန်ဆိုကို မခန့်အပ်မီ တူဟယ်လ်ကို ချဉ်းကပ်ခဲ့ရာ ၎င်းက ပယ်ချခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent