လီဗာပူးလ်နှင့်ပွဲမှာ အာဆင်နယ်၏ ချန်ပီယံရည်မှန်းချက်အတွက် စစ်မှန်သည့်စမ်းသပ်မှုဖြစ်လာမည်ဟု ဆောင်းနက်စ် သုံးသပ်

လီဗာပူးလ်နှင့်ပွဲမှာ အာဆင်နယ်၏ ချန်ပီယံရည်မှန်းချက်အတွက် စစ်မှန်သည့်စမ်းသပ်မှုဖြစ်လာမည်ဟု ဆောင်းနက်စ် သုံးသပ်
Photo: Liverpool FC
Photo: Liverpool FC
Published 6 October 2022

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်ဂန္ထဝင်ကစားသမား ဆောင်းနက်စ်က လီဗာပူးလ်နှင့်ကစားမည့်ပွဲမှာ အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ချန်ပီယံဆု ရည်မှန်းချက်အတွက် စစ်မှန်သည့် စမ်းသပ်မှုဖြစ်လာမည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အာဆင်နယ်သည် ယခုရာသီ ပရီးမီးယားလိဂ် (၈) ပွဲကစားပြီးချိန်တွင် (၇) ပွဲနိုင်၊ (၁) ပွဲရှုံး၊ ရမှတ် (၂၁) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။

သို့သော် အာဆင်နယ်အသင်းသည် နည်းပြ ကလော့ပ်လက်ထက် လီဗာပူးလ်နှင့်ပရီးမီးယားလိဂ် (၁၃)ပွဲတွေ့ဆုံရာတွင် (၁) ပွဲသာ အနိုင်ရထားပြီး(၉)ပွဲအထိ ရှုံးနိမ့်ထားသည်။

လီဗာပူးလ်အသင်းမှာ ယခုရာသီတွင် ရုန်းကန်နေရသော်လည်း ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန်ရေပန်းစားသည့်အသင်းများထဲတွင် ပါဝင်နေဆဲဖြစ်ပြီး ဆောင်းနက်စ်က လီဗာပူးလ်နှင့် မန်စီးတီးတို့မှာ အာဆင်နယ်အတွက် ကြီးမားသည့်စမ်းသပ်မှုဖြစ် လာမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

''အာဆင်နယ်က တိုးတက်နေပြီး ကစားတာလည်း အရမ်းကောင်းတယ်။ ဒါပေမဲ့ သူတို့အတွက် လီဗာပူးလ်နဲ့ မန်စီးတီးတို့က ကြီးမားတဲ့စမ်းသပ်မှု ဖြစ်လာမှာပါ။ အခု လီဗာပူးလ်နဲ့တွေ့မယ့်ပွဲက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံရည်မှန်းချက်အ တွက် စစ်မှန်တဲ့စမ်းသပ်ချက်ဖြစ်လာပါလိမ့်မယ်''ဟု ၎င်းက ဆိုခဲ့သည်။ 

 

Most Read

Most Recent