မန်ချက်စတာဒါဘီမှာ ဟက်ထရစ်သွင်းယူပြီးတဲ့နောက် ဘောလုံးကမ္ဘာမှာ ဟော်လန်းရဲ့ ဂုဏ်သတင်းကပိုပြီး ကြီးထွားလာခဲ့ပါတယ်။ အသက် (၂၂)နှစ်သာရှိသေးတဲ့ ဟော်လန်းအနေနဲ့ ယူနိုက်တက်နဲ့ပွဲမှာ စံချိန်မှတ်တမ်းများစွာလည်း ရရှိခဲ့ပါတယ်။ ဟော်လန်းက အမှတ်ပေးအိမ်ကွင်း (၃)ပွဲဆက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ် (၈)ပွဲသာ ကစားရသေးချိန်မှာ ဟက်ထရစ် (၃)ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ ဂန္ထဝင်တိုက်စစ်မှူးတွေထက် များစွာသာလွန်တဲ့ ဂိုးသွင်းနှုန်းကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဟော်လန်းက လိဂ်ပွဲ (၈)ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၁၄)ဂိုး၊ ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားအဖြစ် ရှိနေပါတယ်။ မန်စီးတီးနဲ့အတူ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနေတဲ့ ဟော်လန်းကို Sky Sports က အင်တာဗျူးပြုလုပ်ခဲ့ပြီး အဲဒီထဲက စကားသံတချို့ကို ဖော်ပြလိုက်ပါတယ်။
"ကျွန်တော့်အိပ်မက်က မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ပါ"
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















