လီဗာပူးလ်-ရိန်းဂျားစ်ပွဲမတိုင်မီ ပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အနည်းဆုံးပရိသတ်တစ်ဦး ဖမ်းဆီးခံရ

လီဗာပူးလ်-ရိန်းဂျားစ်ပွဲမတိုင်မီ ပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အနည်းဆုံးပရိသတ်တစ်ဦး ဖမ်းဆီးခံရ
Photo : Getty Images
Photo : Getty Images
Published 6 October 2022

လီဗာပူးလ်နှင့် ရိန်းဂျားစ်အသင်းတို့ ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မတိုင်မီ အန်ဖီးလ်ကွင်းအပြင်ဘက်တွင် ပရိသတ်များနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အနည်းဆုံးပရိသတ်တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။

အောက်တိုဘာ (၄)ရက် (အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် လီဗာပူးလ် (၂-ဝ) ရိန်းဂျားစ်ပွဲမှာ ဗြိတိန်အခြေစိုက်အသင်း (၂) သင်းအကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ခြင်းကြောင့် မာဆေးဆိုက်ဒ်ရဲများက မလိုလားသည့် ပြဿနာများ မဖြစ်ပွားစေရန်အတွက် ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရိန်းဂျားစ်အသင်းအားပေးသူပရိသတ်များသည် ဗြိတိန်ဒါဘီတွင် အသင်းကိုအားပေးရန်အတွက် အစောကြီးရောက်လာခဲ့ကြပြီး အန်ဖီးလ်ကွင်းအပြင်ဘက်တွင် မီးရှူးမီးတန်းများ ပစ်ပေါက်ခြင်း၊ အသင်းကို အားပေးအော်ဟစ်များခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်း ပရိသတ်များသည် ပွဲမစတင်မီ လီဗာပူးလ်မြို့တော်ခန်းမတွင်လည်း စုဝေးအားပေးခဲ့ကြကြောင်း သိရှိရသည်။

သို့သော် လီဗာပူးလ်-ရိန်းဂျားစ်ပွဲမစတင်မီ (၂) နာရီအလိုတွင် အန်ဖီးလ်ကွင်းအပြင်ဘက်၌ ဘောလုံးပရိသတ်များနှင့် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အနည်းဆုံးပရိသတ်တစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း The Mirror က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မာဆေးဆိုက်ဒ်ဒေသတွင် လီဗာပူးလ်နည်းပြ ကလော့ပ်နှင့် အသင်းကစားသမားများ၏ ပုံတူပန်းချီများများစွာရှိပြီး ယင်းထဲမှ ကလော့ပ်နှင့် နောက်ခံကစားသမား အာနိုးလ်တို့၏ ပုံတူပန်းချီများမှာ ဖျက်ဆီးခံခဲ့ရကြောင်းလည်း သိရှိရသည်။

မာဆေးဆိုက်ဒ်ရဲများအနေဖြင့် ဗြိတိန်ဒါဘီတွင် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားအောင် အထူးကြပ်မတ်ဆောင်ရွက်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားခြင်းမှာလည်း မိနစ်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး အနည်းဆုံးပရိသတ်တစ်ဦး အဖမ်းခံရပြီးနောက် အခြေအနေမှာတည်ငြိမ်သွားခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent