၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ ပြည်ပကုန်သွယ်မှုဒေါ်လာ ၁၆ ဒသမ ၃၁၈ ဘီလျံရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၈၆၇ သန်းကျော် ကုန်သွယ်မှုပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၈၁၅၉ ဒသမ ၀၅၇ သန်း၊ သွင်းကုန်တင်သွင်းမှုတန်ဖိုးဒေါ်လာ ၈၁၅၉ ဒသမ ၀၃၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၆၃၁၈ ဒသမ ၀၉၀ သန်း(၁၆ ဒသမ ၃၁၈ ဘီလျံ)ရရှိခဲ့သည်။ ယခင်နှစ်ကာလတူက ပို့ကုန်တန်ဖိုးဒေါ်လာ ၆၈၄၂ ဒသမ ၅၈၄ သန်း၊ သွင်းကုန်တန်ဖိုးဒေါ်လာ ၆၆၀၈ ဒသမ ၄၈၃ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၃၄၅၁ ဒသမဝ ၆၇ သန်း (၁၃ ဒသမ ၄၅၁ ဘီလျံ)ရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ငါးလခွဲအတွင်းမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၈၆၇ ဒသမ ၀၂၃ သန်း ပိုမိုရရှိခဲ့သည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံနှင့် သွင်းကုန်ဒေါ်လာ ၁၄ ဘီလျံဖြင့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုဒေါ်လာ ၂၉ ဒသမ ၅ ဘီလျံ ရရှိရန် မျှော်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာအချက်အလက်များ (Citizen’s Budget) တွင် ဖော်ပြထားသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငါးလကျော်အတွင်း ပြည်ပကုန်သွယ်မှုဒေါ်လာ ၁၄ ဘီလျံကျော်ရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၅၀၀ ကျော် ကုန်သွယ်မှုပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၀၇၉ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုပမာဏဒေါ်လာ ၁၅ ဒသမ ၉၇၁ ဘီလျံအထိရှိသည်။ သို့ဖြစ်ရာမြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၈ ဒသမရ၅၆ သန်း ပိုမိုရရှိခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိသည်။ သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။










