မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက်သက်တမ်းအစား ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့် ရရှိမည်ဟုဆို

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက်သက်တမ်းအစား ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့် ရရှိမည်ဟုဆို
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက် သက်တမ်းအစား ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိမည်ဟုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ဌာန၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက် သက်တမ်းအစား ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိမည်ဟုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်ဌာန၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
Published 3 October 2022

၂၀၂၂ အောက်တိုဘာလမှစတင်ကာ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများ၏ Visa Free အတွက် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်မည့်ကာလကို ရက်ပေါင်း ၃၀ မှ ၄၅ ရက်အထိ တိုးမြင့်ပေးလိုက်ရာ မြန်မာနိုင်ငံသားများလည်း ၄၅ ရက် Visa Free သက်တမ်းရရှိခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

နှစ်နိုင်ငံသဘောတူညီချက်အရ Visa Free အတွက် ၄၅ ရက်အထိ တိုးမြှင့်ဝင်ရောက်နေထိုင်နိုင်သော နိုင်ငံများထဲတွင် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူမည်သူမဆို ပါဝင်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအစိုးရသည် ၎င်းတို့နိုင်ငံတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့် ရက်ပေါင်း ၃၀ သတ်မှတ်ပေးချိန်တွင် မြန်မာနိုင်ငံသားများအား ၁၄ ရက်သာပေးခဲ့ပြီး Tourist Visa ဖြင့် ရက်ပေါင်း ၆၀ နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ကနေဒါနိုင်ငံ Ottawa မြို့ရှိ တော်ဝင်ထိုင်းသံရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ တော်ဝင်ထိုင်းသံရုံးတွင်မူ အဆိုပါထုတ်ပြန်ချက်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ရာတွင် ယခင် ၁၄ ရက်သက်တမ်းအစား ၄၅ ရက်ထိ တိုးမြှင့်နေထိုင်ခွင့်ရရှိမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ခရီးသွားလုပ် ငန်းကုမ္ပဏီအချို့မှလည်း သတင်းထုတ်ပြန်ထားမှုရှိပြီး ရန်ကုန်မြို့ရှိ တော်ဝင်ထိုင်းသံရုံးကမှ တရားဝင်အသိပေးချက် ပေးပို့ခြင်းမရှိသေးဟု ဆိုသည်။

“ကျွန်တော်တို့လည်း ထိုင်းနိုင်ငံကို သွားမယ့် မြန်မာနိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့် ၄၅ ရက် နေထိုင်ခွင့်ရတယ်ဆိုတဲ့ သတင်းကို ကြားပါတယ်။ ဒါပေမဲ့ ထိုင်းသံရုံးကတော့ တရားဝင်အသိပေးစာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး” ဟု ပြောကြားသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ နေ့စဉ်ခရီးစဉ်များ ပျံသန်းနေပြီး ခရီးသည်များအနေဖြင့် ဘန်ကောက်-ရန်ကုန် ခရီးစဉ်တစ်ကြောင်းစာကို အမေရိကန်ဒေါ်လာ ၉၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များကို နိုင်ငံအတွင်းနှင့် အာရှ-ပစိဖိတ်ဒေသများသို့ မိမိစိတ်ကြိုက် ပြင်ဆင်ထားသည့် ခရီးစဉ်အတိုင်း စင်းလုံးငှားခရီးစဉ်များ ငှားရမ်းပျံသန်းနိုင်မည်ဖြစ်သည်။

Most Read

Most Recent