ပြင်ပစျေးကွက်၌ တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ အောက် ကျဆင်းလာပြီး စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၆၅၀ ဝန်းကျင်ရှိခဲ့ခြင်းနှင့် ရွှေစျေး ကျပ် ၂၅ သိန်းအောက် ကျဆင်းလာခြင်း

ပြင်ပစျေးကွက်၌ တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ အောက် ကျဆင်းလာပြီး စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၆၅၀ ဝန်းကျင်ရှိခဲ့ခြင်းနှင့် ရွှေစျေး ကျပ် ၂၅ သိန်းအောက် ကျဆင်းလာခြင်း
အကယ်ဒမီရွှေတုံးများကို တွေ့ရစဉ်
အကယ်ဒမီရွှေတုံးများကို တွေ့ရစဉ်
Published 2 October 2022

သင်္ဘောသားများ၏ လစာအားလုံးကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လွှဲပြောင်းရန် လိုက်နာခြင်းမရှိသည့် သင်္ဘောသားများအား သင်္ဘောလိုက်ခွင့် ကန့်သတ်မည်ဆိုခြင်းမှာ သတင်းမှားဖြစ်ကြောင်းနှင့် လစာငွေများကို ဘဏ်လမ်းကြောင်းမှ ဝင်ရောက်သုံးစွဲရန် တိုက်တွန်းခြင်းသာရှိပြီး အတင်းအဓမ္မစေခိုင်းခြင်း မရှိကြောင်း ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ပရောက် သင်္ဘောသားများ၏ လစာများအားလုံးကို မြန်မာနိုင်ငံတွင်းသို့ ပြန်လည်လွှဲပြောင်းရမည်ဖြစ်ပြီး လစာအပြည့် ပြန်မလွှဲ သည့်သင်္ဘောသားများအား သင်္ဘောလိုက်ခွင့် ကန့်သတ်မည်ဆိုခြင်းမှာ သတင်းမှားများသာ ဖြစ်ကြောင်း ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောကြားခဲ့သည်။

“ပြည်ပရောက် သင်္ဘောသား လစာငွေ ကိစ္စရပ်တွေနဲ့ ပတ်သက် ပြီး ထုတ်ပြန်ထားတာချက်တွေက အရင်အတိုင်းပါပဲ။ ဘာမှ ပြောင်းလဲခြင်းမရှိပါဘူး။ ထပ်မံထုတ်ပြန်တာလည်းမရှိပါဘူး။ ဘဏ်လမ်းကြောင်း ကနေပြီးတော့ ဝင်ရောက်သုံးစွဲလာဖို့ အတွက်ကိုပဲ ကျွန်တော်တို့က တွန်း အားပေးနေတာပဲရှိပါတယ်။ အ တင်းအဓမ္မဖြစ်ရမယ်ဆိုနေတာ ဘာမှမရှိပါဘူး။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း တောက်လျှောက် စောင့်ကြည့်နေပါတယ်။ ခုရက်ပိုင်း ပျံ့နှံ့နေတဲ့ သတင်းတွေက သိသာလွန်းတဲ့ Fake News တွေပါ” ဟု ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောကြားခဲ့သည်။

ပြည်ပရောက် သင်္ဘောသားများ၏ လစာအားလုံးကို မြန်မာနိုင်ငံတွင်း ပြန်လွှဲရမည်ဖြစ်ပြီး လစာအပြည့်မလွှဲသည့် သင်္ဘောသားများကို သင်္ဘောလိုက်ခွင့် ကန့်သတ်သွားမည် ဖြစ်ကြောင်း သင်္ဘောသားလောကအတွင်း ပြောဆိုမှုများရှိနေခြင်း ဖြစ်သည်။

ယင်းပြင် သင်္ဘောသားများ အနေဖြင့် လစာအပြည့်အဝ ပြန်လည် လွှဲပြောင်းခြင်းမရှိပါက သင်္ဘောသား နိုင်ငံကူးလက်မှတ်၊ စီဒီစီ စသည်တို့ကို ထိန်းချုပ်ကန့်သတ်မှုများ လုပ်ဆောင်ရန်ရှိနေပြီး လုပ်ခလစာအားလုံး ကို ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းမည်ဆိုသည့် ခံဝန်ချက်လက်မှတ်ရေးထိုးရန် ရှိနေကြောင်း ဆိုရှယ်မီဒီယာတွင် သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါသတင်းများနှင့် ပတ်သက်၍ သင်္ဘောသားအလုပ်အကိုင်ရှာဖွေရေး SRPS လိုင်စင်ရရှိထားသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက အဆိုပါသတင်းများမှာ ကောလဟလသတင်းများသာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ပြည်ပရောက် သင်္ဘောသားများ၏ လစာအားလုံးကို မြန်မာနိုင်ငံတွင်းပြန်လွှဲရန်နှင့် လစာအပြည့်မလွှဲ သည့် သင်္ဘောသားများကို သင်္ဘော လိုက်ခွင့် ကန့်သတ်သွားမည်ဟု ညွှန်ကြားခြင်းမျိုး မရှိကြောင်း ပြောပြခဲ့သည်။

ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၃၀၀၀ အောက် ကျဆင်းလာခြင်းနှင့် ရွှေစျေး တစ်ကျပ်သား  ကျပ် ၂၅ သိန်းအောက် ကျဆင်းလာခြင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေး သတ်မှတ်ထားပြီး စက်တင်ဘာ တတိယပတ် ပြင်ပစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၃၀၀၀ အောက်သို့ ရောက်ရှိလာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။  နိုင်ငံခြားငွေများ  တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ်လ ၂၇ ရက်စွဲဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင် အွန်လိုင်းသတင်း မီဒီယာများမှ နိုင်ငံစီးပွားရေးတိုး တက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန် ရည်ရွယ်ပြီး နိုင်ငံခြားငွေများ ပြတ်လပ်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများ ပြတ်လပ်မှုများ ဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက် ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီ စျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရေး၊ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး၊တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်း ပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ တရားမဝင်သတင်းမီဒီယာများ၏ လှုံ့ဆော်မှုများကို ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ကြောင့်ကြမှုများ မဖြစ်ကြပါရန်နှင့် နိုင်ငံခြားငွေစျေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှတရားမဝင်နိုင်ငံခြားငွေများ ရောင်းဝယ်သူများအပေါ် ယုံ ကြည် ဆောင်ရွက်ခြင်းမပြုကြပါရန် နှင့် နိုင်ငံခြားငွေများ တရားမဝင် ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကိုလည်း နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ မှုဥပဒေနှင့်စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထာသည်။

စက်တင်ဘာ၂၉ ရက်တွင်  ပြင်ပစျေးကွက်တွင် ပြည်တွင်းရွှေစျေးနှုန်းတစ်ကျပ်သားလျှင် ကျပ် ၂၅၆၀၀၀၀ ဝန်းကျင်ထိ ဆက်လက်ကျဆင်းလာကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက်တွင်  ၁၆ ပဲရည် အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ကျပ် ၂၄၉၅၀၀၀ နှင့် ၁၅ ပဲရည်ရွှေစျေး တစ်ကျပ်သားလျှင်  ကျပ် ၂၃၄၈၂၀၀ အထိ စျေးကျဆင်းလာခြင်းဖြစ်သည်။

 

အိန္ဒိယအစိုးရက မတ်ပဲနှင့်ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို၂၀၂၃ ခုနှစ် မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်

အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်အား ၂၀၂၃ ခုနှစ် မတ်လကုန်အထိ တိုးမြှင့်သတ်မှတ်လိုက်သဖြင့် မြန်မာနိုင်ငံမှ မတ်ပဲနှင့်ပဲစင်းငုံတို့ အိန္ဒိယနိုင်ငံသို့ လွတ်လပ်စွာ တင်ပို့လျက် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့အကြား G to G အစီအစဉ်ဖြင့် မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုမှ တစ်ဆင့် ဘဏ္ဍာနှစ်ငါးနှစ်(၂၀၂၁- ၂ ၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအတွင်း) တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခု G to G သည် အိန္ဒိယနိုင်ငံအစိုးရက နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota အား ထိခိုက်မှုမရှိစေဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာ Quota တွင်လည်း ပါဝင်အကျိုးခံစားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနားလည်မှုစာလွှန်လွှာအရ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့အကြား ပထမအကြိမ် ပူးတွဲကြီးကြပ်ရေးကော်မတီ (Joint Monitoring Committee – JMC)အစည်းအဝေး အား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်-နယူးဒေလီတို့အကြား ဗီဒီယိုကွန်ဖရင်စနစ်ဖြင့် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေး၌ နားလည်မှုစာချွန်လွှာအရ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ မတ်ပဲနှင့် ပဲစင်းငုံများကို ကုန်သွယ်မှုပြုရာတွင် မြန်မာနိုင်ငံမှ ပဲတင်ပို့သူများ၊ အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းသူများနှင့် နှစ်ဘက်သက်ဆိုင်ရာအစိုးရဌာနများ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်းများကို နှစ်ဘက်သဘောတူသတ်မှတ်ခဲ့ကြကြောင်း၊ ထို့ပြင် နှစ်ဖက် Focal Person များ သတ်မှတ်၍ G to G MoU အရ မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုတွင်ပေါ်ပေါက်လာနိုင်သည့် ကိစ္စရပ်များကို နှစ်နိုင်ငံအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ သက်တမ်းတိုးမြှင့်ရန် စီစဉ်ခြင်း

မြန်မာနိုင်ငံမှ နှစ်စဉ်ဆန်ဖြူ တန်ချိန် နှစ်သိန်းခွဲနှင့်ပေါင်းဆန် တန်ချိန် ၅၀၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူမည့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ်ငါးနှစ် သက်တမ်းတိုးမြှင့်ရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရေးအတွက် ဆန်ကုန်သွယ်မှုဆိုင်ရာနားလည်မှု စာချွန်လွှာကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ ဝန်ကြီးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံမှနှစ်စဉ်ဆန်ဖြူ တန်ချိန် ၂၅၀၀၀၀ နှင့် ပေါင်းဆန်တန်ချိန် ၅၀၀၀၀ အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဝယ်ယူရန် သဘောတူညီခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ စားနပ်ရိက္ခာဝန်ကြီးဌာန၊ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနတို့အကြား Sales Contract များ ချုပ်ဆို၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန် တန်ချိန်တစ်သိန်းအား ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊  ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန် တစ်သိန်းအား ၂၀၂၁ ခုနှစ်တွင် လည်းကောင်း တင်ပို့ရောင်းချခဲ့သည်။

တတိယအကြိမ်အဖြစ် မြန်မာနိုင်ငံမှ ဆန်ဖြူတန်ချိန် ၂၀၀၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ministry of Food, Directorate General of Food နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်အား ၂၀၂၂ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်၍ နောက်ထပ်ငါးနှစ် သက်တမ်းတိုးမြှင့်မည့် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နှစ်ဖက်ဝန်ကြီးများမှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent