ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၃၉၂ သန်းကျော်နှင့် ဒေါ်လာ ၉ ဒသမ ၁၂၈ သန်း ရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းငါးခု လုပ်ကိုင်ရန်အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၃၉၂ သန်းကျော်နှင့် ဒေါ်လာ ၉ ဒသမ ၁၂၈ သန်း ရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းငါးခု လုပ်ကိုင်ရန်အတည်ပြု
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ်
Published 2 October 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၃၉၂  သန်းကျော်နှင့် ဒေါ်လာ ၉ ဒသမ ၁၂၈ သန်းရှိသည့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းငါးခု လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၉/၂၀၂၂) ကြိမ်မြောက်အစည်း အဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၈ ရက် က ကျင်းပခဲ့ရာတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတွင် မြန် မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခုတို့ကို အတည်ပြုပေးခဲ့သည်။

အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ Warehousing Services and Logistics Services လုပ်ငန်း၊ CMP စနစ်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းသုံး Signal Cable အမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၁၃၉၂ ဒသမ ၄၀၃ သန်းနှင့် ဒေါ်လာ ၉ ဒသမ ၁၂၈ သန်း ဖြစ်ပြီး လုပ်ငန်းစုစုပေါင်းတို့မှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၃၁၄၉ ဦးအတွက်  ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှသိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှသြဂုတ်လကုန်အထိ ငါးလအတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှု အနေဖြင့် စင်ကာပူနိုင်ငံက ဒေါ်လာ ၁၀၈၉ ဒသမ ၄၇၁ သန်း၊  Belize က ဒေါ်လာ ၁ ဒသမ  ၅  သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၅၆ ဒသမ ၇၁၃ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ၂ ဒသမ ၅ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင်  ဒေါ်လာ ၇၀ ဒသမ ၂၃၉ သန်း၊ အိန္ဒိယက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း၊ ဂျပန်နိုင်ငံ က ၃ ဒသမ ၁ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင်  ဒေါ်လာ ၂ ဒသမ ၈ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာသုံးသန်းဝင်ရောက်မြှုပ်နှံထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini budget ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ခြင်းအပါအဝင်ဒေါ်လာ  ၁၄၂ ဒသမ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ် နှံမှုတိုးမြှင့် ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားက ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါ အဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေးရှားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ် လာ ၆၂ ဒသမ ၆၉၃ သန်း၊  က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ နှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုး မြှင့်ခြင်းအပါအဝင် ဒေါ်လာခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါ အဝင် ဒေါ်လာလေးသန်း၊U.K ကရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်းဝင်ရောက်ထားကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ် ငန်းအသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်းဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်း နှီးမြှုပ်နှံမှုဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလျံခွင့် ပြုပေးခဲ့သည်။

အခြားတစ်ဖက်တွင် သီလဝါအထူးစီးပွားရေးဇုန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၃ ဒသမ ၂၇၇ သန်းခွင့်ပြုပေးခဲ့သဖြင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုပမာဏမှာ ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလျံခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင်စပ်လျဉ်းသည့် အစီရင်ခံစာအကျဉ်းချုပ်တွင် ဖော်ပြထားသည်။

Most Read

Most Recent