ရွှေအရောင်းအဝယ်ပြုလုပ်သူများ ဘဏ်စနစ်အသုံးပြု၍ ငွေပေးချေမှုဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကဘဏ် ခုနစ်ခုက ဘဏ်ခွဲ ၄၈ နေရာ၌ Special Counter များဖွင့်လှစ်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်

ရွှေအရောင်းအဝယ်ပြုလုပ်သူများ ဘဏ်စနစ်အသုံးပြု၍ ငွေပေးချေမှုဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကဘဏ် ခုနစ်ခုက ဘဏ်ခွဲ ၄၈ နေရာ၌ Special Counter များဖွင့်လှစ်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း ထုတ်ပြန်
အကယ်ဒမီရွှေတုံးများကို တွေ့ရစဉ်
အကယ်ဒမီရွှေတုံးများကို တွေ့ရစဉ်
Published 2 October 2022

ရွှေအရောင်းအဝယ်ပြုလုပ်သူများ ဘဏ်စနစ်အသုံးပြု၍ ငွေပေးချေမှု ဆောင် ရွက်နိုင်ရန် ပုဂ္ဂလိကဘဏ် ခုနစ်ခုက ဘဏ်ခွဲ ၄၈ နေရာ၌ Special Counter များ ဖွင့်လှစ်၍ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃ ရက်စွဲပါစာဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၁ အရ ကုန်ပစ္စည်းရောင်းခြင်း၊ဝယ်ခြင်းများအတွက် ငွေပေးချေမှုပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ငွေသားဖြင့်ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက်ပိုသည့်မည့်သည့်ပေးချေမှုများအတွက်မဆို  ဘဏ်စနစ်အသုံးပြုရမည်ဖြစ်သည်။

အဆိုပါအမိန့်ကြော်ငြာစာနှင့်အညီ  ရွှေအရောင်းအဝယ်ပြုလုပ်သူများသည် ဘဏ်စနစ်ကို အသုံးပြု၍ ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ပုဂ္ဂလိကဘဏ် ခုနစ်ခုက ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မွန်ပြည်နယ် (မော်လမြိုင်မြို့)တို့တွင် ဘဏ်ခွဲ ၄၈ နေရာ၌ Special Counter များ ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပုဂ္ဂလိကဘဏ် ခုနစ်ခုမှာ ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူအေဘီဘဏ်၊ ရိုးမဘဏ်နှင့် ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်တို့ဖြစ်သည်။

ကမ္ဘောဇဘဏ်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် လမ်းမတော်ဘဏ်ခွဲ-၁၊ ပု စွန်တောင်ဘဏ်ခွဲ၊ သင်္ဃန်း ကျွန်းဘဏ်ခွဲ-၁၊ ရွှေဘုံသာဘဏ်ခွဲ-၁၊ ကျောက်တံတားဘဏ်ခွဲ၊ ဗဟိုစည်ဘဏ်ခွဲ၊ ကမ်းနားလမ်းဘဏ်ခွဲ၊ ရွှေတိဂုံဘုရားလမ်းဘဏ်ခွဲ၊ ဆူးလေဘုရားလမ်းဘဏ်ခွဲတို့ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးဘဏ် ခွဲ-၁၊ မန္တလေးဘဏ်ခွဲ-၂၊ မန္တလေးဘဏ်ခွဲ-၃၊ မန္တလေးဘဏ်ခွဲ-၄၊ မင်္ဂလာစျေးဘဏ်ခွဲ၊ ပြည်ကြီး တံခွန်ဘဏ်ခွဲ၊ မန္တလေးလမ်း (၈၀) ဘဏ်ခွဲ၊ မန္တလေး(၂၆)လမ်းဘဏ်ခွဲ၊ မနော်ဟရီဘဏ်ခွဲ (၂)တို့ဖြစ်ပြီး မွန်ပြည်နယ်တွင် မော်လမြိုင်ဘဏ်ခွဲ-၁ တို့ဖြစ်သည်။

CB Bank PCL အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပန်းဘဲတန်း ၊  ရွှေဘုံသာလမ်းဘဏ်ခွဲ၊ ဆူးလေဘုရားလမ်းဘဏ်ခွဲ၊ ကမာရွတ်(Judson Tower ဘဏ်ခွဲ)၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး (၇၈ လမ်း ဘဏ်ခွဲ)၊ မန္တလေး(၂၆လမ်း)စိတ္တရမဟီ ဘဏ်ခွဲတို့ဖြစ်ပြီး မွန်ပြည်နယ်တွင် မော်လမြိုင် ဘဏ်ခွဲတို့ဖြစ်သည်။

ဧရာဝတီဘဏ်အနေဖြင့် YGN(၂၅)၊ YGN(၈၃) မန္တလေးတိုင်းဒေသကြီးတွင် MDY-22၊ မော်လမြိုင်မြို့တွင်  Mawlamyaing-1 တို့ဖြစ်သည်။

မြန်မာ့ရှေ့ဆောင်ဘဏ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဘုံသာဘဏ်ခွဲ၊ ရွှေတိဂုံဘုရားလမ်းဘဏ်ခွဲ၊ မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးဘဏ်ခွဲ-၁၊ မန္တလေးဘဏ်ခွဲ-၃၊ မန္တလေးဘဏ်ခွဲ-၅၊ မန္တလေးဘဏ်ခွဲ-၉ နှင့် မော်လမြိုင်မြို့တွင် မော်လမြိုင်ဘဏ်ခွဲတို့ဖြစ်သည်။

ယူအေဘီဘဏ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်တံတား  (ပန်းဆိုးတန်း လမ်းဘဏ်ခွဲ)၊ ပန်းဆိုးတန်းဘဏ်ခွဲ၊  လသာ(ရွှေတိဂုံဘုရားလမ်း) ဘဏ်ခွဲ၊ မန္တလေးတွင် ဆိုင်းတန်းဘဏ်ခွဲနှင့် မော်လမြိုင်တွင် မော်လမြိုင်(ကမ်းနားဟိုတယ်)တို့ ဖြစ်သည်။

ရိုးမဘဏ်အနေဖြင့် ကျောက်တံတားဘဏ်ခွဲ၊ FMI ဘဏ်ခွဲ၊ မန္တလေးမြို့တွင် ပင်မဘဏ်ခွဲ (မန္တလေး)နှင့် (၇၈) လမ်းဘဏ်ခွဲ၊ မော်လမြိုင်မြို့တွင် မော်လမြိုင်ဘဏ်ခွဲတို့ဖြစ်သည်။

ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဘုံသာလမ်းဘဏ်ခွဲ၊  Junction City ဘဏ်ခွဲ၊မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး(၃၂) လမ်းဘဏ်ခွဲ၊ မွန် ပြည်နယ်တွင် မော်လမြိုင်ဘဏ်ခွဲတို့ဖြစ်သည်။

Most Read

Most Recent